မြို့ရွာ ဂရန်မြေ အခွင့်အလမ်းအချို့ - Property Knowledge in Myanmar from iMyanmarHouse.com
3778 Views

မြို့ရွာ ဂရန်မြေ အခွင့်အလမ်းအချို့

Knowledge | Posted by Hnin Ei Khin

မြို့ကွက်သစ်တွေဖော်ထုတ်တဲ့ အခါ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တွေက မြေအမျိုးအစားခွဲခြားချပေးရာမှာမြို့ ၊ ရွာဂရန်မြေရှိသူတွေအနေနဲ့အခွင့်အလမ်းအချို့ရှိပါတယ်။

ရန်ကုန် ၊ မန္တလေး ၊ နေပြည့်တော့ စည်ပင်သာယာနယ်နမိတ်ကလွဲပြီး နိုင်ငံတော်အစိုးရက စီမံခန့်ခွဲချထားပိုင်ခွင့်ရှိတဲ့ မြေတွေနဲ့ မူလပိုင်ဆိုင်သူတွေဆိုက ဥပဒေနဲ့ အညီလွဲပြောင်းရယူနိုင်တဲ့ အခွင့်အရေးတွေ ၊
မြေရှင်အခွင့်အရေးရရှိနိုင်သူတွေ ၊ ဘာသာရေးအတွက်ရရှိတဲ့ ဂရမ်တွေမှာ အခွန်ကင်းလွတ်ခွင့်ရရှိနိုင်ပုံတွေ ၊ အိုးအိမ်တိုက်တာ အခိုင်အမာဆောက်ထားရင်နှစ်ရှည် ဂရန်ရရှိနိုင်ပုံတွေနဲ့ ရရန်သက်တမ်းပါ ဂရန်သက်တမ်းပါ
ဂရန်အသစ်လျှောက်ထားနိုင်ပုံတွေလည်း ရှိပါတယ် ။ဂရန်ချပေးတဲ့ မြေငှားခွန်ထွက်ချက်တဲ့ အခါ လိုက်နာရမယ့် ဥပဒေတွေ နည်းဥပဒေတွေလည်း ရှိတယ်လို့ လွှတ်တော်ရှေ့နေမောင်းကောင်းဖေ ပြောပြချက်အရ သိရပါတယ်။

+++ အစိုးရ စီမံခန်ခွဲမြေ +++

အောက်မြန်မာပြည့် မြိုနဲ့ ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၂ ၊ ၃ ၊ ၄ တွေမှာ ဖော်ပြထားချက်တွေအရ မြို့မြေ ၊ ရွာမြေအဖြစ်သတ်မှတ်ထားတဲ့ ဧရိယာအတွင်းတစ်စုံတစ်ဦးကို ပေးအပ်ထားခြင်းအရှိတဲ့ မြေ ၊ဦးပိုင်အမည်ပေါက်ပိုင်ထားခြင်းမရှိတဲ့ မြေတွေကို နိုင်ငံတော်အစိုးရက စီမံခန့်ခွဲချထားပိုင်ခွင့်ရှိကြောင်းသိရပါတယ် ။

မူလပိုင်ဆိုင်သူဆီက ဥပဒေနဲ့ အညီလွှဲပြောင်းရယူနိုင်တဲ့ အခွင့်အရေးမြေတွေ လက်ဝယ်ထားရှိပိုင်ဆိုင်ခွင့်မရှိတဲ့ မြေတွေကို နိုင်ငံတော်အစိုးရက စီမံခန့်ခွဲချထားပိုင်ခွင့်ရှိပါတယ်။

+++ ရယူပိုင်တဲ့ အခွင့်အရေး +++

၁၈၉၆ ခုနှစ် ၊ အောက်မြန်မာပြည် နဲ့ ကျေးရွာမြေများအက် ဥပဒေမှာ မြိုမြေ နေထိုင်ပိုင်ခွင့်နဲ့ ပတ်သက်ပြီးပုဒ်မ ၇ မှာ မြေပိုင်ဆိုင်ခွင့်ပုံစံတွေကိုမြို့နယ်နဲ့ ကျေးရွာတွေမှာ မရှိစေရလို့ သတ်မှတ်ထားကြောင်းသိရပါတယ်။

၁ ။ အစိုးရက ချထားတဲ့ အပိုင်းရရန် ၊ အငှားရရန်ရရှိမယ်ပိုင်ဆိုင်ခွင့် ။
၂ ။ ကာလစည်းကမ်းသတ် အက်ဥပဒေပိုင်ဆိုင်တဲ့ အခွင့်အရေး ။
၃ ။ ပုဒ်မ ၈ ၊ ၉ ၊ ၁၀ တွေမှ သက်မှတ်ဖော်ပြထားတဲ့ ပိုင်ဆိုင်ခွင့် ။
၎ ။ ပုဒ်မ ၇ ၊ ပုဒ်မခွဲ ( က ) ၊ ( ခ ) ၊ ( ဂ ) တွေပါအခွင့်အရေးကို မူလပိုင်ဆိုင်သူထံက တရားဥပဒေနဲ့ အညီလွှဲပြောင်းရယူခွင့်ရှိကြောင်းသိရပါတယ်။

+++ မြေရှင်အခွင့်အရေး +++

ဥပဒေပုဒ်မ ဂ မှာဆိုရင် စာရင်းဝင်မြို့တွေနဲ့ နိုင်ငံတော်အစိုးရ အမိန့်ထုတ်ပြန်ကင်းလွတ်ခွင့်ပြုထားတဲ့ မြေတွေမှအပ

( က ) မြို့ရွှာနဲ့ ကျေးရွာမြေတွေ အဖြစ်ပြဋ္ဌာန်းခြင်းမပြုမီ ၁၂ နှစ်က ၉-၉-၁၈၉၉ ရက်နေ့အထိ မြေကိုတစ်ဆက်တည်းလက်ရှိပိုင်ဆိုင်ထားခဲ့သူ။

( ခ ) ၉-၉-၁၈၉၉ ရက်နေ့တွေကစပြီးနောက်ပိုင်း ၁၂ နှစ်ကာလတိုင်း တစ်ဆက်တည်းမြေကိုလက်ရှိပိုင်ဆိုင်ထားခဲ့ပြီး အဲသည်ကာလတွေမှာ မြေနဲ့ သက်ဆိုင်တဲ့ မြေခွန်တော်တွေ ၊ နိုင်ငံတော်အစိုးရကိုပေးသွင်းရမယ့်
အခွန်အခတွေကို ထမ်းဆောင်လာသူတွေကို မြေရှင်ဆိုင်ရာ အခွင့်အရေးတွေ ရရှိမှာဖြစ်ပါတယ်။

( ဂ ) ၉-၉-၁၈၉၉ နောက်ပိုင်း ၁၂ နှစ်ကာလတိုင်းတစ်ဆက်တည်း မြေကို လက်ရှိပိုင်ဆိုင်ထားခဲ့ပြီး မြေနဲ့ သက်ဆိုင်တဲ့ အရပ်ရပ်မြေခွန်တော်တွေ ၊ နိုင်ငံတော်အစိုးရကို ပေးသွင်းရမယ့်အခွန်အခတွေကို ထမ်းဆောင်လာသူတွေကိုမြေရှင်ဆိုင်ရာအခွင်းအရေးတွေရရှိမှာဖြစ်ပါတယ် ။

+++ ဘာသာရေးဂရန် အခွန်ကင်းလွတ်ခွင့် +++

မြို့မြေအဖြစ် သတ်မှတ်ထားတဲ့ မြေတွေကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးတွေက လူမှုရေး၊ စီးပွားရေး ၊ ဘာသာရေးနဲ့ အများပြည့်သူတွေရဲ့ အကျိုးကိုဆောင်ရွက်နိုင်စေဖိုးမြေ အမျိုးအစား ခွဲခြားပေးထားထားကြောင်း
သိရပါတယ် ။ အများပြည့်သူ ၊ ဘာသာရေးကိစ္စတွေအတွက်မြေခွန်စည်းကြပ်ခြင်းကကင်းလွတ်ခွင့်ရရှိပြီး သက်တမ်းမှာ သတ်မှတ်ချက်မရှိဘဲ အပိုင်ဂရန်ဂရှိပြီးတဲ့ နောက် အသုံးမပြုရင် နိုင်ငံတော်က ပြန်သိမ်းဆည်းမှာပါ။

+++ နှစ်ရှည်ဂရန် +++

မြို့မြေပေါ်မှာ အိုးအိမ်တိုက်တာတွေ ခိုင်ခိုင်မာမာ ဆောက်လုပ်ရင် နှစ်ရှည်ဂရန်ချထားပေးပြီး ဂရန်သက်တမ်းမှာ တစ်ကြိမ်ကို အနှစ် ၃၀ ဖြစ်ပြီး ကုန်ဆုံးရင်အသစ်လဲလှယ်ခွင့်ရရှိမှာဖြစ်ပါတယ်။

+++ ဂရန်သစ်လျှောက်နိုင် +++

မြို့မြေပေါ်မှာ ခိုင်မာတဲ့ အဆောက်အအုံဆောက်လုပ်သူတွေ ၁၀ နှစ်ကနေ ၁၅ နှစ်အထိ နှစ်တိုအငှား ဂရန်ချထားပေးပြီး သက်တမ်းကုန်းဆုံးရင် အောက်မြန်မာပြည့် မြို့နဲ့ ကျေးရွာမြေများနည်း ဥပဒေ ၈ နဲ့ ၂၉ အရ
အသစ်ပြန်လျှောက်ထားရမှာဖြစ်ကြောင်းသိရပါတယ် ။ သက်တမ်းသုံးနှစ်နဲ့ အထက် နည်းဥပဒေ ၃၀ နဲ့ ၃၄ အရ ခွင့်ပြုမှဖြစ်ပြီး မြေကွက်အသစ်ဖော်ပြတဲ့ အခါ အကွက်ရိုက်ပြီး ချထားတဲ့ မြေကွက်ကို ပါမစ်မြေခေါ်ပါတယ်။

+++ မြေငှားခွန် တွက်ချက်နည်း +++

အောက်မြန်မာပြည်မြို့နဲ့ကျေးရွာမြေ လက်စွဲနည်းဥပဒေအပိုဒ် ၁၇ ( က ) အရမြေငှားခွန်ကိုထွက်ချက်တဲပ အခါ လျှောက်ထားတဲ့မြေနဲ့ ပုဂ္ဂလိကပိုင်မြေတွေရဲ့ကာလပေါက်ဈေးတန်ဖိုးပေါ်မှာမြို့မြေငှားအဖြစ်အနည်းဆုံး ခြောက်ရာခိုင်နဲ့ တွက်ချက်ရကောင်းသိရပါတယ် ။နည်းဥပဒေအပိုဒ် ၁၇ ( ကခ ) အရ မြေငှားခွန်တွက်ချက်တဲ့ အခါမြေငှားရမ်းခရဲ့ ၇၅ ရာခိုင်နှုန်းထက်မနည်းတဲ့ မြေခွန်အဖြစ်သတ်မှတ်ရမှာဖြစ်ပါတယ် လို့သိရပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

Upcoming Property Events

mya-villa
ponnami

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service