အိမ်ခြံမြေသမားတွေလေ့လာ သိရှိထားသင့်ကြတဲ့ ဥပဒေများ (၄) - Property Knowledge in Myanmar from iMyanmarHouse.com
3705 Views

အိမ်ခြံမြေသမားတွေလေ့လာ သိရှိထားသင့်ကြတဲ့ ဥပဒေများ (၄)

Knowledge | Posted by Hnin Ei Khin

၁၉၆၀ ပြည့်နှစ်၊မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေ (အဆက်)

ပုဒ်မ-၃(၂)။ ဥပစာတစ်ခုခုသည်မြို့ပြဒေသတွင် ပါဝင်/မပါဝင် သို့တည်းမဟုတ်ဤ အက်ဥပေဒနှင့်သက်ဆိုင်ခြင်းမှပုဒ်မခွဲ (၁) အရအမိန့်ကြော်ငြာစာထုတ်ပြန်၍ ကင်းလွတ်ခွင့် ပြုထားသောဒေသ သို့တည်းမဟုတ် ဥပစာ အမျိုးအစားတစ်ခုခုတွင် ပါဝင်/မပါဝင်ဟူသော ပြဿနာပေါ်ပေါက်လျှင် ထိုပြဿနာနှင့်စပ်လျဉ်း၍နိုင်ငံတော်သမ္မတ၏ ဆုံးဖြတ်ချက်သည် အပြီးသတ်အတည်ဖြစ်စေရမည်။

ပုဒ်မ-၃(၃) အိမ်ငှားများအတွက်နေရာထိုင်ခင်းနှင့် တကွအစားအသောက်ကိုပါစီမံထားရှိသော ဥပစာတစ်ခုခုကိုနိုင်ငံတော်သမ်္မကအမိန့်ကြော်ငြာစာဖြင့်ခရီးသည် များတည်းနိုင်ရန်အတွက်အဓိကရည်ရွယ်ထားသည့် ဥပစာအဖြစ်ထုတ်ပြန်ကြေညာထားလျှင်ထိုဥပစာမှာဤအက်ဥပဒေပုဒ်မ ၉-၁၂ သို့တည်းမဟုတ်ပုဒ်မ -၁၃ ပါမည်သည့် ပြဋ္ဌာန်းချက်နှင့်မျှသက်ဆိုင်ခြင်းမရှိစေရ။

ပုဒ်မ-၄။။ ဤဥပဒေအာဏာတည်သည့်မြို့ပြဒေသအတွက်ကြီးကြပ်ရေးဝန်--နှင့်လက်ထောက်ကြီးကြပ်ရေးဝန်တစ်ဦး သို့တည်း မဟုတ်အများကို နိုင်ငံတော်သမ္မတကအမိန့်ကြော်ငြာစာထုတ်ပြန်၍ခန့်ထားနိုင်သည့်ပြင်ယေဘုယျသို့တည်းမဟုတ် အထူးအမိန့်ဖြင့် လက်ထောက်ကြီးကြပ်ရေးဝန် တစ်ဦးဦးအားလည်းကြီးကြပ်ရေးဝန်၏ အာဏာအားလုံးကိုဖြစ်စေ၊အာဏာတစ်ခုခုကိုဖြစ်စေအပ်နှင်းနိုင်သည်။

ပုဒ်မ-၅(၁)။။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ဥပစာတစ်ခုခုနှင့်စပ်လျဉ်း၍ “ငှားရမ်းခ” ကို “စံငှားရမ်းခ” ထက်ပို၍တိုးမြှင့်ထားလျှင်သို့တည်းမဟုတ်ဤမှနောက်တွင်တိုးမြှင့်လျှင် ယင်းသို့တိုးမြှင့်ထားသည့် ငှားရမ်းခကစံငှားရမ်းခထက်ပိုသမျှသော ငွေပေါင်ကိုပေးဆောင်ရန် ချုပ်ဆိုထားသည့် သဘောတူစာချုပ်တွင် မည်သို့ပင်ပါရှိစေကာမူအရ တောင်းခံနိုင်ခွင့်မရှိစေရ။သို့ရာတွင်ဤပုဒ်မပါမည်သည့် ပြဋ္ဌာန်းချက်မျှ အောက်ပါငှားရမ်းခတစ်ခုခုနှင့်မသက်ဆိုင်စေရ ...။

(က) ဤဥပဒေစတင်အာဏာမတည်မီကပေးရန်ရှိသည့် ... ငှားရမ်းခ

ပုဒ်မ-၅(၂)။။ပုဒ်မခွဲ(၁)ပါကိစ်္စအလို့ငှာ “ငှားရမ်းခများ” ကိုတစ်ရက်ပြီးတစ်ရက်ပေးရမည့်ငှားရမ်းခဖြစ်သည်ဟုမှတ်ယူရမည်။

ပုဒ်မ-၆။။အိမ်ရှင်သည်“ဥပစာ”ကို ပြုပြင်ထား ရှိရာ၌ဆောက်လုပ်ရေး ပစ္စည်းများဈေးနှုန်းကြီးမြင့်သည့် အတွက်အသုံးစရိတ်ပိုမိုကုန်ကျလျှင်သော်လည်းကောင်းတိုးတက်ကောင်းမွန်အောင် ပြုပြင်ခြင်းသို့တည်း မဟုတ်ပုံသဏ္ဌာန် ပြောင်းလဲဆောက်လုပ်ခြင်းအတွက်အသုံးစရိတ် (မွမ်းမံတန်ဆာဆင်ခြင်းသို့တည်းမဟုတ် ပြုပြင်ခြင်းအတွက်အသုံးစရိတ်များမပါဝင်) ကုန်ကျလျှင်သော်လည်းကောင်း၊ကြီးကြပ်ရေးဝန်ထံ “စံငှားရမ်းခ” မြင့်ပေးရန်လျှောက်ထားနိုင်သည်။

ပုဒ်မ-၇(၁အငှားချထားသည့် စည်းကမ်းချက်များပြောင်းလဲခြင်းကြောင့် ဥပစာတစ်ခုခုလက်ရှိထားသည့် အတွက်လိုက်နာရမည့် စည်းကမ်းချက်များ၊အိမ်ငှား၏အခွင့်အရေးများမှာယေဘုယျအား ဖြင့်ယခင် စည်းကမ်းချက်များအရပေးသော အခွင့်အရေးများအောက်ယုတ်လျော့နည်းပါးလျှင် “ငှားရမ်းခ” အဖြစ်ပေးရမည့်ငွေကို တိုးမြှင့်သည်ဖြစ်စေ၊မတိုးမြှင့်သည်ဖြစ်စေ၊ဤအက်ဥပဒေအဓိပ်္ပာယ်အရ“ငှားရမ်းခ”ကိုတိုးမြှင့်သည်ဟုမှတ်ယူရမည်။

ပုဒ်မ-၇(၂) ။ အငှားချထားသည့်စည်းကမ်းချက်များ ပြောင်းလဲခြင်းကြောင့် ဥပစာတစ်ခုခုအားလက်ရှိထားသည့်အတွက် လိုက်နာရမည့်စည်းကမ်းချက်များအရ“အိမ်ငှား”၏အခွင့်အရေးများမှာယေဘုယျအားဖြင့်ယခင်စည်းကမ်းချက်များအရပေးသောအခွင့်အရေးများ အောက်ယုတ်လျော့နည်းပါးခြင်းမရှိလျှင် “ငှားရမ်းခ” အဖြစ်ပေးရသည့်ငွေကိုတိုး မြှင့်သည်ဖြစ်စေ၊မတိုးမြှင့်သည်ဖြစ်စေ၊ဤအက်ဥပဒေအဓိပ်္ပာယ်အရ “ငှားရမ်းခ” ကိုတိုးမြှင့်သည်ဟုမမှတ်ယူရ။

ပုဒ်မ-၈။။ အိမ်ရှင်သည်ဥပစာတစ်ခုခုနှင့်စပ်လျဉ်း၍စည်ပင်သာယာခွန်ခိုင်ကြေး သို့တည်းမဟုတ် အခြားအခွန်များကို ပေးဆောင်လျှင် ထိုစည်ပင်သာယာခွန်၊ခိုင်ကြေးသို့တည်းမဟုတ်အခြားအခွန်များအတွက် အခါအားလျော်စွာမိမိပေးဆောင်ရသောငွေက“အခွန်စည်းကြပ်ရာကာလအပိုင်းအခြားအတွင်းပေးဆောင်ခဲ့သောငွေထက်ပိုမိုသည်နှင့်အမျှ “စံငှားရမ်းခ” ကိုတိုးမြှင့်ပေးရန်ကြီးကြပ်ရေးဝန်ထံလျှောက်ထားနိုင်သည်။

ပုဒ်မ-၉(၁) ။။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဥပစာတစ်ခုခုအတွက “ငှားရမ်းခ” ကိုတိုးမြှင့်ခွင့် ပြုနိုင်သည့် ကိစ္စရပ်တိုင်းတွင်အိမ်ရှင်မှငှားရမ်းခတိုးမြှင့်ကြံရွယ်ကြောင်းနို့တစ်စာကို “ကြီးကြပ်ရေးဝန်” ထံမှ “စံငှားရမ်းခ” သတ်မှတ်သည့်သက်သေခံလက်မှတ်နှင့်တကွ“အိမ်ငှား”အပေါ်ချမှတ်ပြီးနောက်“တစ်လမကုန်မီ” ထိုသို့တိုးမြှင့်ထားသည့်“ငှားရမ်းခ”ကိုအရတောင်းခံနိုင်ခွင့်မရှိစေရ။

ပုဒ်မ-၉(၂) ။အဆိုပါနို့တစ်စာကိုအိမ်ငှားတစ်ဦးအပေါ်ချအပ်ပြီးဖြစ်လျှင်နောက်အိမ်ငှားတစ်ဦးအပေါ် “နို့တစ်စာအသစ်” မချအပ်ဘဲ၊တိုးမြှင့်ထားသည့်ငှားရမ်းခကိုတောင်းခံနိုင်သည်။

ပုဒ်မ-၁၀။။ မည်သူမျှဥပစာတစ်ခုခုအငှားချထားခြင်း သို့တည်းမဟုတ်အသစ် ပြန်၍ အငှားချထားခြင်းသို့တည်း မဟုတ်ဆက်လက် အငှားချထားခြင်းကြောင့် ငှားရမ်းခအပြင်နောက်ထပ်ဒဏ်ငွေ စပေါ်ငွေသို့တည်း မဟုတ်ငွေပေးဆောင်ရန် မတောင်းဆိုရ၊သို့တည်းမဟုတ် တစ်လအတွက် ငှားရမ်းခထက်ပိုသော“စရန်ငွေ”ကိုမတောင်းဆိုရ။သို့ရာတွင် ဤပုဒ်မပါမည်သည့် ပြဋ္ဌာန်းချက်ကမျှချုပ်ဆိုခဲ့သော သဘောတူစာချုပ်အရ“ငွေပေးခြင်း”နှင့်မသက်ဆိုင်စေရ။

ပုဒ်မ-၁၁(၁) ။။အခြားဥပဒေတစ်ခုခု တွင်မည်သို့ပင်ပါရှိစေကာမူကြီးကြပ် ရေးဝန်သည် ဤအက်ဥပဒေနှင့်သက်ဆိုင်သည့် အဆောက်အအုံတွင် လက်ရှိနေထိုင်သောပုဒ်မ၁၃ (၁) ပါ ပြဋ္ဌာန်းချက်များအရနေထိုင်ခွင့်ရသူအပါအ၀င် “အိမ်ငှား” ၏လျှောက်ထားချက် အရထိုအဆောက်အအုံပိုင်ရှင်အိမ်ရှင်အပေါ်“နို့တစ်စာ” ချအပ်စေ၍အဆိုပါအဆောက်အအုံကို လူနေထိုင်သည့်အခြေအနေတွင် ထားရှိရန်လိုအပ်သည်ဟုမိမိ ထင်မြင်သဘောရရှိသော ပြုပြင်မှုတစ်ရပ်ရပ် သို့တည်း မဟုတ်အရပ်ရပ်ပြုလုပ်စေရန်သော်လည်းကောင်း၊ရေသို့တည်းမဟုတ်လျှပ်စစ်ဓာတ်အားပေးသွင်းမှုမှစ၍ရေပြွန်နှင့်မိလ္လာပြွန်များ ပြုပြင်ထားရှိမှုအတွက်လိုအပ်သော“စီမံချက်များ” ပြုလုပ်ပါကထိုစီမံချက်များ ပြုလုပ်စေရန်ဆင့်ဆိုရမည်။

ရှင်းလင်းချက် - ဤပုဒ်မခွဲပါကိစ္စအလို့ငှာ“ပြုပြင်မှု” ဆိုသည်မှာ အဆောက်အအုံများကို ကောင်းမွန်စွာအိမ်ငှားနေထိုင်နိုင်သည့် အခြေအနေ၌ထားရှိရန်လိုအပ်သော ပြုပြင်မှုကိုဆိုလိုသည်။ထို့ပြင်အတိအလင်းချုပ်ဆိုထားသောသဘောတူစာချုပ်အရ “ပြုပြင်မှု” တစ်ခုခုအတွက်အိမ်ငှားကတာဝန်ခံလျှင် ထိုပြုပြင်မှုအတွက်အိမ်ရှင်၌တာဝန်ရှိသည်ဟုမမှတ်ယူရ။

ပုဒ်မ-၁၂(၁) ။။ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေတွင်လည်းကောင်း၊ ပဋိညာဉ်အက်ဥပဒေတွင်သော်လည်းကောင်း၊ရန်ကုန်မြို့တော်တရားမရုံးအက်ဥပဒေတွင်လည်းကောင်း၊ မည်သို့ပင်ပါရှိစေကာမူ ဤအက်ဥပဒေနှင့် သက်ဆိုင်သောဥပစာကို ပြန်လည်သိမ်းပိုက်ရန်အတွက်ဖြစ်စေ၊ထိုဥပစာမှအိမ်ငှားကိုနှင်ထုတ်ရန်အတွက် ဖြစ်စေ၊မည်သည့်အမိန့်သို့တည်းမဟုတ် “ဒီဂရီ” ကိုမျှအောက်ပါကိစ္စရပ်များမှ တစ်ပါးချမှတ်ခြင်းမပြုရ။

(က) အိမ်ငှားထံမှတရားဥပဒေနှင့်အညီရထိုက်သော “ငှားရမ်းခ” အတွက်တောင်းဆိုသည့် စာကိုစာပို့တိုက်မှမှတ်ပုံတင်၍ အိမ်ငှားထံပေးပို့ပြီးသည့် နောက်ထိုသို့တောင်းဆိုသည့် နေ့မှစ၍ရက်သတ်္တပတ် (၃)ပတ်အတွင်း ထိုငှားရမ်းခကို အိမ်ရှင်အားမပေးဘဲ သို့ တည်းမဟုတ်ကြီးကြပ်ရေးဝန်ထံပုဒ်မ (၁၆)အရမပေးသွင်းဘဲနေသည်ကို “သို့တည်းမဟုတ်” အငှားချထားမှုနှင့်စပ်လျဉ်း၍ အိမ်ငှားချထားမှုပဋိညာဉ်အရဖြစ်စေ၊ဤအက်ဥပဒေအရဖြစ်စေ တင်ရှိသည့်အခြားတာဝန်တစ်ခုခုကိုဖောက်ဖျက်သည် သို့တည်းမဟုတ်မဆောင်ရွက် ဘဲနေသည့်ကိစ္စ၊သို့တည်းမဟုတ် ...

(ခ) အိမ်ငှားထံမှရရှိသောငှားရမ်းခ အတွက်“တရားမရုံး”ကအိမ်ရှင်အားအနိုင်ပေး၍ အိမ်ငှားအပေါ်အမိန့်သို့တည်းမဟုတ်ဒီဂရီချမှတ်ထားသည့်ငွေကို မပေးဘဲနေသည့်ကိစ္စ၊ သို့တည်းမဟုတ်။
ဆက်လက်ရေးသားဖော်ပြပါမည်။

မောင်မြတ်မွန်(ဆူးလေ) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service