နေအိမ်ဖောက်ထွင်းခံရဖူးသည့် ကမ္ဘာကျော်များ - Property News in Myanmar from iMyanmarHouse.com
3830 Views

နေအိမ်ဖောက်ထွင်းခံရဖူးသည့် ကမ္ဘာကျော်များ

ဟောလိဝုဒ်သည် နေအိမ်ဖောက်ထွင်းသမားတို့အတွက် ယနေ့ကာလတွင် အခြေပြုအရပ်ဖြစ်လာလျက်ရှိနေသည်။

ယခု ၂၀၁၇ ခုနှစ်သည် ဟောလိဝုဒ်အကျော်အမော်တို့အတွက် ကံဇာတာမကောင်းသည့်နှစ်ဟုလည်း ဆိုနိုင်၏။

တေးသံရှင်များ ၊ သရုပ်ဆောင်များမှာ နေအိမ်ဖောက်ထွင်းခိုးယူခံရမှု များစွာကြုံတွေ့လာနေရသည်။

(၁) အလဲနစ် မောရစ်ဆက်

အဆိုပါဖြစ်ရပ်များအနက် အဆိုးရွားဆုံးမှာ တေးသံရှင် အလဲနစ် မောရစ်ဆက်၏ ဖြစ်ရပ်ပင်။

မောရစ်ဆက်အတွက်မူ မျိုချရန် ခက်ခဲလှသော ဆေးခါးကြီးတစ်ခွက်သဖွယ် ဖြစ်နေလိမ့်မည်မှာ အမှန်ပင်ဖြစ်၏။

ယခု ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ အစောပိုင်းတွင် အလဲနစ်၏ လော့စ်အိန်ဂျလိနေအိမ် ဖောက်ထွင်းခံရကာ ကန်ဒေါ်လာ ၂ သန်းဖိုးရှိ လက်ဝတ်ရတနာများ ခိုးယူခံခဲ့ရသည်။
အခင်းဖြစ်ပွားချိန်တွင်း နေအိမ်၌ အလဲနစ် ရှိမနေခဲ့။

နေအိမ်ဖောက်ထွင်းမခံရမီ အလဲနစ်သည် သူ၏ လက်ဝတ်ရတနာများ၏ ဓာတ်ပုံများကို လူမှုကွန်ရက်များတွင် မကြာခဏ တင်လေ့ရှိခဲ့၏။

(၂) ဟီလာရီ ဒပ်ဖ်

ဟောလိဝုဒ်သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာမတစ်ဦးဖြစ်သူ ဟီလာရီဒပ်ဖ်သည် ငါးနှစ်အရွယ်သားငယ် လူကာ ကွမ်ရီနှင့်အတူ ကနေဒါနိုင်ငံသို့ အလည်အပတ်ထွက်နေစဉ် ဘီဗာလီဟေးလ်ရှိ နေအိမ်သို့ သူခိုးများဖောက်ထွင်းဝင်ရောက်ခဲ့ကြကာ တန်ဖိုးကြီး လက်ဝတ်ရတနာများကို ခိုးယူသွားခဲ့ကြသည်။

ဟီလာရီ ဒပ်ဖ်သည် ခရီးသွားနေသည့် ဓာတ်ပုံများကို လူမှုကွန်ရက်များတွင် နေ့စဉ်တင်နေခဲ့ရာ ပြစ်မှုကျူးလွန်မည့်သူများအတွက် လူမရှိသော နေအိမ်မှာ ပစ်မှတ်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။

ဟီလာရီဒပ်ဖ်သည် ၂၀၀၄ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် A Cinderella Story ဇာတ်ကားအပါအဝင် ရုပ်ရှင်ဇာတ်ကားပေါင်း များစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အပြင် ဂီတလောကတွင်လည်း ပလက်တီနမ်အဆင့်ရရှိကာ အောင်မြင်မှုများစွာရရှိခဲ့သူ ဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် Hilary Duff တေးအယ်လ်ဘမ်နှင့် ၂၀၀၅ ခုနှစ်တွင် ထွက်ရှိခဲ့သော Most Wanted တို့မှာ များစွာအောင်မြင်ခဲ့ပြီး ၂၀၀၂ ခုနှစ် ပွဲဦးထွက်တေးအယ်လ်ဘမ်ထွက်ရှိပြီးနောက်ပိုင်းမှစကာ အယ်လ်ဘမ်အချပ်ရေ ၁၅ သန်းကျော် ရောင်းချခဲ့ရပြီးဖြစ်သည်။

ဟီလာရီဒပ်ဖ်သည် ရုပ်ရှင်နှင့် ဂီတလောကသာမက စာပေလောကသို့လည်း ခြေချခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် Elixir အမည်ရှိ ဝတ္ထုကို ရေးသားထုတ်ဝေခဲ့ရာ နယူးယောက်တိုင်းမ်သတင်းစာကြီး၏ အရောင်းရဆုံးစာအုပ်စာရင်းတွင် ပါဝင်ခဲ့သည်။

(၃) ကင်ဒဲလ် ဂျင်းနာ

နာမည်ကြီးမော်ဒယ်လ် ကင်ဒဲလ်ဂျင်းနာသည်လည်း ၂၀၁၇ ခုနှစ်၊ မတ်လ ၁၆ ရက်က ကန်ဒေါ်လာ ၂၀၀၀၀၀ ဖိုးခန့် ဖောက်ထွင်းခိုးယူခံခဲ့ရသည်။

လော့စ်အိန်ဂျလိနေအိမ်သို့ ပြန်ရောက်ပြီး အိပ်ခန်းအတွင်းသို့ ရောက်သောအခါ လက်ဝတ်ရတနာများ သိမ်းဆည်းထားသည့် သေတ္တာမှာ ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသည်။
နေအိမ်တံခါးများကို ချိုးဖျက်ဝင်ရောက်ခဲ့သည့် လက္ခဏာမတွေ့ရသောကြောင့် အတွင်းလူမှ ခိုးယူခြင်းဖြစ်သည်ဟု ယူဆထားကြသည်။

(၄) ပက်တီ စတန်ဂါ

သန်းကြွယ်သူဌေးများအတွက် အောင်သွယ်လုပ်ငန်းလုပ်ဆောင်ပေးသည့် ကုမ္ပဏီ Millionaire's Club International, Inc., ၏ အမှုဆောင်အရာရှိချုပ်၊ နာမည်ကျော်ရုပ်သံတင်ဆက်သူ ပက်တီ စတန်ဂါသည် ယခု ၂၀၁၇ ခုနှစ်၊ မေလအတွင်း Luxe Sunset Boulevard ဟိုတယ်တွင် တည်းခိုနေစဉ် ကန်ဒေါ်လာ ၃၀၀၀၀၀ တန်ဖိုးရှိ အဝတ်အစား၊ လက်ဝတ်ရတနာနှင့် ပိုက်ဆံအိတ်များ ခိုးယူခံခဲ့ရသည်။

ဟိုတယ်ခန်း တံခါးသော့ကို ဖျက်ဆီးကာ ခိုးယူခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

(၅) နစ်ကီ မီနက်ဂ်ျ

ရက်ပ်အဆိုတော်၊ မော်ဒယ်လ် နစ်ကီ မီနက်ဂ်ျ၏ လော့စ်အိန်ဂျလိနေအိမ်မှာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ အစောပိုင်းတွင် ဖောက်ထွင်းခံခဲ့ရပြီး ကန်ဒေါ်လာ ၂၀၀၀၀၀ ဖိုးရှိ လက်ဝတ်ရတနာနှင့် အခြားတန်ဖိုးကြီးပစ္စည်းများ ခိုးယူခံခဲ့ရသည်။
နစ်ကီသည် သူမ၏ လက်စွပ်များ၊ လည်ဆွဲများ၊ လက်ကောက်များကို အင်စတာဂရမ်စာမျက်နှာတွင် မကြာခဏ ဓာတ်ပုံတင်လေ့ရှိသည်။

ယခု ဖောက်ထွင်းသမားများမှာ အဆိုပါဓာတ်ပုံများကို တွေ့သောကြောင့် ဖောက်ထွင်းခြင်းဟုတ်၊ မဟုတ်ကိုမူ မသိရချေ။

နေအိမ်ဖောက်ထွင်းခိုးယူသူတို့သည် တစ်အိမ်လုံးတွင် မွေနှောက်ရှာဖွေခဲ့ကြသည့်အပြင် ဓာတ်ပုံမှန်ဘောင်များ၊ ရေမွှေးပုလင်းများ၊ ပရိဘောဂများသာမက နစ်ကီ၏ အဝတ်အထည်များကိုပင် ဖျက်ဆီးခဲ့ကြသည်ဟု ဆိုသည်။

နစ်ကီ မီနက်ဂ်ျသည် ဂရမ်မီဆု ဇကာတင်စာရင်း ၁၀ ကြိမ်ပါဝင်ခဲ့ပြီး အမေရိကန်တေးဂီတဆု ၆ ကြိမ်၊ BET Award ၁၁ ကြိမ်၊ MTV Video Music Award ၃ ကြိမ်နှင့် Billboard Music Award ၄ ကြိမ်ရရှိခဲ့သည်။

ဦးဆောင်အဆိုတော်အဖြစ်ပါဝင်သည့် တေးအယ်လ်ဘမ်ပေါင်း သန်း ၂၀ ရောင်းချထားရပြီး တစ်ကိုယ်တော်အယ်လ်ဘမ် သန်း ၆၀ ကျော်ရောင်းချရပြီးဖြစ်ရာ သမိုင်းတစ်လျှောက် အရောင်းရဆုံး အမျိုးသမီး ရက်ပ်အဆိုတော်အဖြစ် ရပ်တည်လျက်ရှိသည်။

(၆) အင်မီ ရိုဆမ်

ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး ၊ ဒါရိုက်တာ၊ အဆိုတော် အင်မီရိုဆမ်သည်လည်း နေအိမ်ဖောက်ထွင်းခံရသည့် အကျော်အမော် စာရင်းတွင် ပါဝင်လာသည်။

အင်မီရိုဆမ် မြို့တွင်းတွင် လည်ပတ်နေစဉ် နေအိမ်ဖောက်ထွင်းခံခဲ့ရခြင်းဖြစ်ကာ တည်နေရာမှာ လော့စ်အိန်ဂျလိတွင် ဖြစ်သည်။

ရှေးဟောင်းလက်ဝတ်ရတနာ ကန်ဒေါ်လာ ၁၅၀၀၀၀ ဖိုးခန့် ခိုးယူခံလိုက်ရသည်ဟု ဆိုသည်။

အင်မီရိုဆမ်၏ အမည်အပြည့်အစုံမှာ အီမန်ညူယယ်လီ ဂရေး အင်မီ ရိုဆမ်ဖြစ်ပြီး ၁၉၈၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်တွင် မွေးဖွားသည်။

ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနှင့် ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး The Day After Tomorrow မှာ နာမည်အကျော်ခဲ့ဆုံးဖြစ်သည်။

အဆိုပါဇာတ်ကားသည် အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် ကန်ဒေါ်လာ ၁၈၆ သန်းကျော် ရရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် ကန်ဒေါ်လာ ၅၄၄ သန်းကျော် ရရှိခဲ့သည်အထိ အောင်မြင်ခဲ့သည်။

၂၀၀၀ ပြည့်နှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သော The Audrey Hepburn Story မှာ ဟောလိဝုဒ်ဂန္ထဝင်သရုပ်ဆောင် မင်းသမီးကြီး အော်ဒရေ ဟက်ဘန်း၏ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပြီး အဆိုပါဇာတ်ကားတွင် အော်ဒရေဟက်ဘန်း ငယ်စဉ်ဘဝသရုပ်ဆောင်နေရာ၌ ပါဝင်သရုပ်ဆောင်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နေအိမ်ဖောက်ထွင်းခံရဖူးသည့် ကမ္ဘာကျော်များ - Property News in Myanmar from iMyanmarHouse.com
နေအိမ်ဖောက်ထွင်းခံရဖူးသည့် ကမ္ဘာကျော်များ - Property News in Myanmar from iMyanmarHouse.com
နေအိမ်ဖောက်ထွင်းခံရဖူးသည့် ကမ္ဘာကျော်များ - Property News in Myanmar from iMyanmarHouse.com
နေအိမ်ဖောက်ထွင်းခံရဖူးသည့် ကမ္ဘာကျော်များ - Property News in Myanmar from iMyanmarHouse.com
နေအိမ်ဖောက်ထွင်းခံရဖူးသည့် ကမ္ဘာကျော်များ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service