မက်ဆာချူးဆက်ပြည်နယ်ပိုင်နက် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ကျွန်းတစ်ကျွန်းပေါ်တွင် ကန်သမ္မတဟောင်း အိုဘားမား မြေကွက်ဝယ်ယူဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
4416 Views

မက်ဆာချူးဆက်ပြည်နယ်ပိုင်နက် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ကျွန်းတစ်ကျွန်းပေါ်တွင် ကန်သမ္မတဟောင်း အိုဘားမား မြေကွက်ဝယ်ယူဖွယ်ရှိ

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားသည် မက်ဆာချူးဆက်ပြည်နယ်ပိုင်နက် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း တည်ရှိသော မာသာစ် ဗိုင်းယာ့ဒ်ကျွန်းပေါ်တွင် ကမ်းခြေနေအိမ်ကြီးတစ်လုံးဝယ်ယူဖွယ်ရှိသည်ဟူသည့် သတင်းများ ထွက်ပေါ်လာသည်။

ကျွန်း၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၀၀ ခန့်ရှိပြီး ၂၀၁၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၅၃၅ ခန့်သာ ရှိသည်။

ကုန်းမကြီးပေါ်ရှိ ဖားလ်မောက်သ်မြို့နှင့် ၂၂ မိုင်ခန့်သာဝေးကွာသည်။

သမ္မတဟောင်း ဘားရက်အိုဘားမားနှင့် မိသားစုသည် မာသာစ်ဗိုင်းယာ့ဒ်ကျွန်းကလေးကို နှစ်သက်မြတ်နိုးသည်ဆိုခြင်းမှာ လျှို့ဝှက်ချက် မဟုတ်ချေ။

အိမ်ဖြူတော်တွင် ရှိနေခဲ့သည့် နွေရာသီ ၈ ခုအနက် ၇ ခုတွင် အဆိုပါကျွန်းသို့ အလည်အပတ် ထွက်ခဲ့ဖူး၏။

ယခုနှစ် သြဂုတ်လအတွင်းကလည်း အလည်အပတ်ရောက်ခဲ့ကြသေးသည်။

ယခုအခါ အဆိုပါကျွန်းတွင် နေအိမ်ဝယ်ရန် ရှာဖွေလျက်ရှိသည်ဟူသော သတင်းများ ထွက်ပေါ်လာနေသည်။

ဒေသခံအိမ်ခြံမြေအကျိုးဆောင်များအကြားတွင်လည်း အိုဘားမားမိသားစု အိမ်ရှာနေသည်ဟူသော သတင်းများ ပျံ့နေသည်။

ဆိတ်ငြိမ်အေးချမ်းမှုကြောင့် ကမ္ဘာ့လှည့်ခရီးသွားကဏ္ဍ၊ အိမ်ခြံမြေရောင်းဝယ်မှုကဏ္ဍတို့တွင် နာမည်ကျော်သည့် ကျွန်းဖြစ်သည့်တိုင် VIPs ပုဂ္ဂိုလ်များအတွက် privacy ရှိသည့် ဝန်းကျင်အဖြစ် တည်ရှိနေဆဲ ဖြစ်သည်။

သို့အတွက်ပင် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ သရုပ်ဆောင်/စာရေးဆရာ လာရီဒေးဗစ်၊ နာမည်ကျော်ဥပဒေပညာရှင်/ စာရေးဆရာ အလန် ဒါရှိုဝစ်ဇ်နှင့် နာမည်ကျော် ရုပ်သံတင်ဆက်သူ/စာရေးဆရာ ဒေးဗစ်
လက်တာမန်းတို့ကို မာသာစ်ဗိုင်းယာ့ဒ် ကျွန်းပေါ်တွင် မကြာခဏ တွေ့ရလေ့ရှိသည်။

Boston Globe သတင်းစာကြီးတွင် ဖော်ပြချက်အရ အိုဘားမားမိသားစုသည် မာသာစ်ဗိုင်းယာ့ဒ်ကျွန်း၏ လူနေနည်းပါးသည့် မြို့များဖြစ်သော Aquinnah, Chilmark, နှင့် West Tisbury တို့တွင် နေအိမ် (သို့မဟုတ်) မြေကွက်ရှာဖွေလျက်ရှိသည်ဟု ဖော်ပြထားသည်။

Aquinnah မြို့ကလေးကို ၁၉၉၇ ခုနှစ်အထိ Gay Head ဟု ခေါ်ခဲ့သည်။

၂၀၁၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃၁၁ ဦးသာရှိသည်။

Chilmark မြို့မှာ လူဦးရေ ၈၆၆ ဦးရှိပြီး West Tisbury မှာ ၂၇၄၀ ဦးသာရှိသဖြင့် လူနေကျဲပါးသော ဒေသများ ဖြစ်သည်။

သမ္မတဟောင်းသည် အထူးသဖြင့် Aquinnah မြို့ကလေးရှိ ပင်လယ်ကမ်းခြေ ခြံဝန်း ၂ ခုကို မျက်စိကျနေသည်ဟု Boston Globe က ဖော်ပြသည်။

အဆိုပါ ခြံဝန်းများသည် ယခင်က အမေရိကန်ပြည်ထောင်စု၏ ၃၅ ဆက်မြောက် သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဇနီးဖြစ်သူ ဂျက်ကလင်း ကနေဒီ အိုနာစစ် ပိုင်ဆိုင်သော ၃၇၇ ဧကကျယ်သည့် ခြံဝန်းကြီး၏ အစိတ်အပိုင်း ဖြစ်ခဲ့သည်။

ဂျက်ကလင်း ကနေဒီသည် နောက်ပိုင်းတွင် ယင်းခြံဝန်းကို သမီးဖြစ်သူ ကာရိုလင်း ကနေဒီနှင့် သူ၏ခင်ပွန်း အက်ဒ်ဝင် ရှလော့ဘာ့ဂ်ျတို့သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ကာရိုလင်းတို့က နောက်ပိုင်းတွင် အဆိုပါနေအိမ်ခြံဝန်းကို ခြံကွက်နှစ်ခုအဖြစ် ပိုင်းလိုက်ကြသည်။

ခြံဝန်းတစ်ခုမှာ ၇၅ ဧက ကျယ်ဝန်းပြီး Red Gate Farm လမ်း၊ အမှတ် ၈ ရှိ ခြံဝန်းကြီးဖြစ်ပြီး ကန်ဒေါ်လာ ၁၅ သန်းဖြင့် ရောင်းရန် ဈေးခေါ်ထားသည်။

ဒုတိယတစ်ကွက်မှာ Red Gate Farm လမ်း ၊ အမှတ် ၆ ခြံဝန်းဖြစ်ပြီး ဧက ၄၀ ကျယ်ဝန်းကာ ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းမည်ဟု ဆိုသည်။

ယင်းခြံဝန်း ၂ ခုလုံးကို Hancock Real Estate အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှတစ်ဆင့် အရောင်းဈေးကွက်တင်ထားခြင်း ဖြစ်သည်။

“ခြံနှစ်ခုလုံးက တကယ်ကို ကျယ်ပြောသာယာတဲ့ ခြံဝန်းကြီးတွေပါပဲ။ ကျွန်တော့်ကို ရွေးခိုင်းမယ်ဆိုရင်တော့ ၁၅ သန်းတန်ခြံကို ရွေးဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ခြံ ၂ ခုက ၃ သန်းလောက်ပဲ ဈေးကွာပြီး ခြံအကျယ်အဝန်းက ၂ ဆနီးပါးကွာခြားနေလို့ပါ” ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ဂျွိုင်း စီဖူနီက ပြောကြားသည်။

အဆိုပါဈေးနှုန်းများမှာ အလွန်ဈေးမြင့်လျက်ရှိကြောင်း ဝေဖန်မှုများလည်းရှိသည်။

Red Gate Farm လမ်းမကြီးပေါ်တွင်ပင်ရှိသော အမှတ် ၃ ခြံမှာ ၁၀၆ ဧကခန့် ကျယ်ဝန်းပြီး လက်ရှိပေါက်ဈေးမှာ ကန်ဒေါ်လာ ၁၂ ဒသမ ၆ သန်းသာ ရှိသည်။

ဤမျှ ဈေးနှုန်းများ မြင့်မားနေရခြင်းအကြောင်းမှာ ရောင်းမထွက်ဘဲရှိနေသည့်ကာလ ကြာရှည်မှုကြောင့် ဖြစ်နိုင်သည်ဟု ဆိုသည်။

“ဒီခြံနှစ်ကွက်လုံး အရောင်းဈေးကွက်မှာရှိနေတာ ရက်ပေါင်း ၈၀ ကျော်ခဲ့ပါပြီ” ဟု စီဖူနီက ပြောကြားသည်။

“ကမ်းခြေမှာ အိမ်ဆောက်ရတာ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ ဆားငန်ဓာတ်နဲ့ လေ၊ ရေတွေကနေ ထိတွေ့နေတာကြောင့် ဆေးသုတ်တာကို ပုံမှန်ထက် အသေအချာလုပ်ဖို့လိုပါတယ်။ အိုဘားမားမိသားစုအနေနဲ့ ဒါတွေလုပ်ဖို့အတွက် လူမှန်ရွေးချယ်နိုင်ဖို့က အရေးကြီးဆုံးအဆင့်ပါ” ဟု စီဖူနီက ဆိုသည်။

သမ္မတဟောင်းမိသားစုသည် နေအိမ်ဆောက်လုပ်ရာတွင် များစွာအခက်တွေ့ ခေါင်းကိုက်ကြရလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

“အိုဘားမားအနေနဲ့ အထူးအခွင့်အရေးတွေ ရှိလိမ့်မှာဖြစ်ပေမယ့် လိုင်စင်၊ ပါမစ်၊ မြေပြင်ဆင်တာတွေအပြင် တခြားလုပ်စရာတွေ အများကြီး ရှိနေပါတယ်” ဟု အိမ်ခြံမြေစီမံခန့်ခွဲမှုကျွမ်းကျင်ပုဂ္ဂိုလ် ဒီနိုက်စ် ဆပ်ပလီက ပြောကြားသည်။

“ကမ်းခြေအိမ်ခြံမြေတွေဟာ ဈေးနှုန်းထိန်းထားနိုင်စွမ်းရှိကြတယ်။ ဈေးကွက်ကျနေရာကနေ ဈေးပြန်တက်မယ်ဆိုရင် ပထမဆုံးဖြစ်ပြီး ဈေးကျမယ်ဆိုရင်လည်း နောက်ဆုံးမှ ကြုံတွေ့ရလေ့ရှိပါတယ်။ အခုသတင်းတွေသာမှန်မယ်ဆိုရင် အိုဘားမားတို့မိသားစုဟာ နေရာမှန်၊ နေရာကောင်းကို ရွေးလိုက်တာပဲဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ဆပ်ပလီက ဆက်လက်ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မက်ဆာချူးဆက်ပြည်နယ်ပိုင်နက် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ကျွန်းတစ်ကျွန်းပေါ်တွင် ကန်သမ္မတဟောင်း အိုဘားမား မြေကွက်ဝယ်ယူဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
မက်ဆာချူးဆက်ပြည်နယ်ပိုင်နက် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ကျွန်းတစ်ကျွန်းပေါ်တွင် ကန်သမ္မတဟောင်း အိုဘားမား မြေကွက်ဝယ်ယူဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service