တရုတ်ပြည်၏ ထိပ်သီး အိမ်ခြံမြေကုမ္ပဏီကြီး Dalian Wanda က ဆိုဖီတယ်၊ ဟီလ်တန်အုပ်စုတို့နှင့် လမ်းခွဲပြီ - Property News in Myanmar from iMyanmarHouse.com
4041 Views

တရုတ်ပြည်၏ ထိပ်သီး အိမ်ခြံမြေကုမ္ပဏီကြီး Dalian Wanda က ဆိုဖီတယ်၊ ဟီလ်တန်အုပ်စုတို့နှင့် လမ်းခွဲပြီ

တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ထိပ်ဆုံးနေရာမှ ရပ်တည်လျက်ရှိသော သူဌေးကြီးဝမ်ကျန်းလင်ပိုင် Dalian Wanda ကုမ္ပဏီသည် နိုင်ငံခြားဟိုတယ်လုပ်ငန်းအုပ်စုများနှင့် မိတ်ဖက်အဖြစ်လက်တွဲလုပ်ကိုင်လျက်ရှိခြင်းကို ရပ်တန့်လိုက်ပြီဖြစ်ပြီး တစ်ကမ္ဘာလုံးအသိအမှတ်ပြုမည့် ကိုယ်ပိုင်ဟိုတယ်အမှတ်တံဆိပ်တစ်ခုကို စတင်ရန် ပြင်ဆင်လာလျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Dalian Wanda က ၎င်း၏ကိုယ်ပိုင် Reign, Realm နှင့် Vista အမှတ်တံဆိပ်များကို ကုမ္ပဏီပိုင် ပြည်တွင်းဟိုတယ်များစွာတွင် အသုံးပြုရန် စီစဉ်လာသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း Wanda သည် ယခင်က ပြင်သစ်ဟိုတယ်အုပ်စု Accor က စီမံကွပ်ကဲ့နေသည့် Sofitel Wanda Beijing ကို Wanda Vista Beijing အဖြစ် ပြောင်းလဲခဲ့သည်။

ပြည်ပမိတ်ဖက်တို့နှင့် လက်တွဲဖြုတ်လိုက်ပြီးနောက်ပိုင်း Wanda သည် စုစုပေါင်း ဇိမ်ခံဟိုတယ် ၁၀ လုံးကို အမည်ပြောင်းလဲသွားမည် ဖြစ်ပြီး ကွပ်ကဲမှုများ လွှဲပြောင်းရယူသွားမည် ဖြစ်သည်။

Wanda ပိုင်ဟိုတယ်များကို လက်ရှိလည်ပတ်လုပ်ကိုင်နေသည့် ပြည်ပဟိုတယ်အုပ်စုများမှာ IHG, Hyatt,Hilton နှင့် Accor တို့ ဖြစ်ကြသည်။

လက်ရှိ စာချုပ်သက်တမ်းမကုန်သေးသည့် ကုမ္ပဏီများကိုမူ စာချုပ်ပြည့်သည်အထိ ဆက်လက်လုပ်ကိုင်ခွင့်ပေးထားမည်ဟု ဆိုသည်။

Wanda သည် အိမ်ခြံမြေ developer အဖြစ်မှ ဖျော်ဖြေရေးကဏ္ဍသို့ ပြောင်းလဲခြေချရန်အတွက် ဟိုတယ်ပေါင်း ၇၃ လုံးကို Guangzhou R&F Properties သို့ ယခင်နှစ်ဇူလိုင်လအတွင်းက ရောင်းချလိုက်ပြီးနောက်ပိုင်း ယခုခြေလှမ်းပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

လက်ရှိအားဖြင့် Wanda သည် ပြည်ပဟိုတယ်အုပ်စုများမှ လည်ပတ်လုပ်ကိုင်နေသော ဟိုတယ် အလုံး ၅၀ ခန့်ပိုင်ဆိုင်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်၏ ထိပ်သီး အိမ်ခြံမြေကုမ္ပဏီကြီး Dalian Wanda က ဆိုဖီတယ်၊ ဟီလ်တန်အုပ်စုတို့နှင့် လမ်းခွဲပြီ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service