နေပြည်တော် တည်ဆောက်ရေးကာလအတွင်း သိမ်းဆည်းမြေများအတွက်ကျပ်သိန်း ၅၀၀ ကျော် ပေးလျော် - Property News in Myanmar from iMyanmarHouse.com
4147 Views

နေပြည်တော် တည်ဆောက်ရေးကာလအတွင်း သိမ်းဆည်းမြေများအတွက်ကျပ်သိန်း ၅၀၀ ကျော် ပေးလျော်

နေပြည်တော် တည်ဆောက်ရေးကာလအတွင်း သိမ်းဆည်းလယ်ယာမြေများအ တွက် တောင်သူ ၂၁ ဦးအား နေ ပြည်တော်ကောင်စီက နစ်နာ ကြေး ကျပ်သိန်း ၅၀၀ ကျော်ကို ဧပြီ ၉ ရက်တွင် ပေးအပ်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိ ရပ်ကွက် အရာထမ်း၊ အမှုထမ်း များ အိမ်ရာဆောက်လုပ်မည့် မြေနေရာ၌ တောင်သူ ၁၈ ဦး၏ သစ်တောမြေ ၄၆ ဒသမ ၈၅ ဧက အတွက် နစ်နာကြေးကျပ် ၄၆၈ သိန်းကျော်နှင့် ဒက္ခိဏသီရိမြို့ နယ် မြန်မာစည်းလုံးဟိုတယ် တောင်ဘက် ရာဇသင်္ဂဟလမ်း နှင့် ဟိုတယ်ပတ်လမ်းသို့ ဆက် သွယ်သော ကွက်ကရစ်လမ်းမြေ တွင် တောင်သူ သုံးဦး၏ လယ် မြေ ၁ ဒသမ ၉၃ ဧကအတွက် နစ် နာကြေးကျပ် ၃၈ သိန်းကျော်ကို သတ်မှတ်ဧက အပေါ်မူတည်၍ တောင်သူတစ်ဦးချင်းစီအား ပေး အပ်ခဲ့သည်။

အဆင့်ဆင့် တင်ပြခွင့်ပြု ချက်များအရ လယ်မြေတစ်ဧက ကျပ် ၁၅ သိန်းနှုန်းနှင့် ယာမြေနှင့် အခြားမြေများကို သတ်မှတ်အ မျိုးအစားအပေါ်မူတည်ကာ ကျပ်၁၀ သိန်းမှ စတင်သတ်မှတ်ပေး လျော်ခဲ့ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် (၂) ဦးမင်းသူက ဆိုသည်။

‘‘အဓိကကတော့ လယ်ယာ မြေသိမ်းဆည်းခံရပြီး တကယ်ကို နစ်နာတဲ့တောင်သူတွေအတွက် နိုင်ငံတော်မူလည်း ရှိပြီးသားပါ။ သိမ်းဆည်းမြေများနဲ့ပတ်သက်လို့ နစ်နာတဲ့တောင်သူတွေအတွက် စိစစ်ရေးကော်မတီအဆင့်ဆင့် ဖွဲ့ ပြီးတော့မှ လျော်ကြေးပေးဖို့ ဆောင်ရွက်နေတာပါ’’ဟု ဦးမင်း သူက ပြောသည်။

လယ်ယာမြေအတွက် နစ်နာကြေးပေးရန် ယခင်နှစ်ဘတ် ဂျက်တွင် အစိုးရထံမှ ကျပ်သိန်း နှစ်သောင်းကျော်ရရှိပြီး ယခုနှစ် အတွက် ကျပ်သိန်းတစ်ထောင် သာ တောင်းခံထားကြောင်း ဦးမင်းသူက ပြောသည်။

လာမယ့်နှစ်ဆိုရင် ဘတ် ဂျက်ထဲမှာ အခြေအနေကြည့်ပြီး တော့မှ သိန်းပေါင်းငါးထောင် လောက် လယ်ယာမြေထောက်ပံ့ ကြေးပေးဖို့ လျာထားပါတယ်’’ ဟု ဦးမင်းသူကပြောသည်။

နေပြည်တော်တည်ဆောက် ရေး ယခင်အစိုးရများ လက်ထက် က အခြေအနေအရ နည်းမျိုးစုံဖြင့်သိမ်းဆည်းခံရပြီး ယခုပြဋ္ဌာန်းထား သော ဥပဒေများနှင့်နှိုင်းယှဉ်လျှင် အနည်းငယ် လွဲချော်မှုများရှိခဲ့ ကြောင်း ၎င်းကပြောကြားသည်။

‘‘ဒါပေမဲ့ ဘာပဲပြောပြော အစိုးရဆိုတာ ကောင်းမွေ၊ ဆိုး မွေဆက်ခံရတာဖြစ်တဲ့အတွက် ဒီအပေါ်မှာ လက်ရှိအစိုးရအနေနဲ့ အကောင်းဆုံး ဖြေရှင်းနေပါတယ်’’ဟု ဦးမင်းသူက ပြောသည်။

နေပြည်တော်ကောင်စီက ယခင်နှစ်အောက်တိုဘာ နောက် ဆုံးပတ်က သစ်တောမြေ ၃၈ ဧကကျော်အတွက် မြေယာလျော်ကြေးကျပ်သိန်း ၄၀၀ ခန့်ကို တောင်သူ ၁၄ ဦးအား ပေးအပ်ခဲ့သည်။

ထို့ပြင် ၂၀၁၆ ဒက္ခိဏသီရိ မြို့နယ်ရှိ ယခင်သစ်တော စိုက် ပျိုးမြေ ၆၉၉ ဒသမ ၆၇ ဧကအ တွက် နစ်နာကြေးကျပ် ၇၃၃ သန်းနှင့် နေပြည်တော်စည်ပင်သာ ယာရေးကော်မတီပိုင်အဖြစ် အ သုံးပြုသော ယခင်သစ်တော စိုက်ပျိုးမြေဧက ၂၀၂ ဒသမ ၆၀ အတွက် နစ်နာကြေးကျပ် ၂၁၂ သန်း ပေးအပ်ခဲ့ရာ စုစုပေါင်းမြေ ၉၀၂ဒသမ ၂၇ ဧကအတွက် နစ်နာ ကြေး ကျပ် ၉၄၅ သန်းကို တောင်သူ ၃၈၂ ဦးအား ထောက်ပံ့ပေးခဲ့ သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service