လိင်မှုထိပါးစော်ကားသည်ဟူသော စွပ်စွဲချက်တို့ကြောင့် မိမိကိုယ်တိုင်တည်ထောင်ထားသော ကုမ္ပဏီမှ ထုတ်ပယ်ခံရသည့် ကမ္ဘာကျော်ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းက နယူးယောက်ရှိ နေအိမ်ကို ဒေါ်လာ ၂၅ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
4223 Views

လိင်မှုထိပါးစော်ကားသည်ဟူသော စွပ်စွဲချက်တို့ကြောင့် မိမိကိုယ်တိုင်တည်ထောင်ထားသော ကုမ္ပဏီမှ ထုတ်ပယ်ခံရသည့် ကမ္ဘာကျော်ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းက နယူးယောက်ရှိ နေအိမ်ကို ဒေါ်လာ ၂၅ သန်းဖြင့် ရောင်းချ

လိင်မှုထိပါးစော်ကားသည်ဟူသော စွပ်စွဲချက်တို့ကြောင့် မိမိကိုယ်တိုင်တည်ထောင်ထားသော ကုမ္ပဏီမှ ထုတ်ပယ်ခံရသည့် ကမ္ဘာကျော်ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ရှိ နေအိမ်ကို ဒေါ်လာ ၂၅ သန်းကျော်ဖြင့် ရောင်းချရန် ဈေးကွက်တင်လာသည်။

ဟာဗေးဝိန်းစတိန်းသည် ရုပ်ရှင်ဇာတ်ကားများစွာ ထုတ်လုပ်ခဲ့သည့်အနက် ၁၉၉၈ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် Shakespeare in Love မှာ အကျော်ကြားဆုံးဖြစ်ပြီး အဆိုပါဇာတ်ကားအတွက် အော်စကာဆုရရှိခဲ့သည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် ဝိန်းစတိန်းအပေါ် လိင်မှုထိပါးစော်ကားသည်ဟူသော စွပ်စွဲချက်များရှိလာပြီးနောက် သူကိုယ်တိုင်တည်ထောင်ခဲ့သည့်ကုမ္ပဏီမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

အောက်တိုဘာလ ၃၁ ရက်တွင်ကား အမျိုးသမီးပေါင်း ၈၀ ကျော်အထိ ဝိန်းစတိန်းအပေါ် စွပ်စွဲချက်များ ပေါ်လာသည်။
ဟာဗေးဝိန်းစတိန်းက နယူးယောက်ရှိ ယခုရောင်းချမည့်နေအိမ်ကို ၂၀၀၆ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၁၄ ဒသမ ၉၅ သန်းပေးခဲ့ရသည်ဟု ဆိုသည်။

လက်ရှိအားဖြင့် ဝိန်းစတိန်းသည် အရီဇိုးနားပြည်နယ်ရှိ ပြန်လည်ထူထောင်ရေးစခန်းတွင် နေထိုင်ရလျက်ရှိနေသည်။

နယူးယောက်မြို့၊ west village အရပ်၊ ဘဏ်လမ်း၊ အမှတ် ၁၃ ရှိအဆောက်အအုံကို Thirban Realty Holdings LLC ကုမ္ပဏီမှတဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း နယူးယောက်အိမ်ခြံမြေမှတ်တမ်းတွင် ဖော်ပြသည်။

မတ်လ ၁၉ ရက်တွင်ကား Cheget LLC ကုမ္ပဏီထံသို့ ကန်ဒေါ်လာ ၂၅၆၂၉၈၂၆ ဖြင့် ရောင်းချခဲ့ပြီး လက်လွှဲလက်ပြောင်း ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။
၁၉၁၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး စတုရန်းပေ ၅၀၀၀ ကျယ်ဝန်းကာ ယခင်က တစ်ကြိမ်မျှ အရောင်းဈေးကွက်သို့ မရောက်ရှိခဲ့ဖူးကြောင်း StreetEasy အိမ်ခြံမြေဝက်ဘ်ဆိုက်က ဖော်ပြသည်။

ဝိန်းစတိန်းသည် လက်ရှိတချိန်တည်းမှာပင် အခြားနေအိမ်တစ်လုံးကိုလည်း မကြာသေးမီလပိုင်းကမှ ရောင်းထုတ်ထားခဲ့သေးသည်။

ဟမ့်ပ်တန်မြို့ရှိ စတုရန်းပေ ၉၀၀၀ ကျယ်ဝန်းသော နေအိမ်ကို ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းဖြင့် ဈေးခေါ်ခဲ့ပြီး ဒေါ်လာ ၁၀ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

ယခုလအစောပိုင်းကလည်း ကွန်နက်တီကပ်ပြည်နယ်၊ ဝက်စ်ပို့ထ်ရှိ ၆ ဧကခြံဝန်းသော ကမ်းခြေနေအိမ်ကြီးကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ရောင်းထုတ်ခဲ့သေးသည်။

ဝိန်းစတိန်းသည် ကယ်လီဖိုးနီးယားပြည်နယ် အနောက်ဟောလိဝုဒ်တွင်လည်း တူးဒေါ်ဗိသုကာဟန် နေအိမ်တစ်လုံး ပိုင်ဆိုင်ထားသေးပြီး ၂၀၁၅ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ကာ ကန်ဒေါ်လာ ၁ ဒသမ ၅၅ သန်းပေးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါနေအိမ်ကို ဝိန်းစတိန်းက တစ်လလျှင် ဒေါ်လာ ၇၅၀၀ ဖြင့် ပြန်လည်အငှားချထားလျက်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လိင်မှုထိပါးစော်ကားသည်ဟူသော စွပ်စွဲချက်တို့ကြောင့် မိမိကိုယ်တိုင်တည်ထောင်ထားသော ကုမ္ပဏီမှ ထုတ်ပယ်ခံရသည့် ကမ္ဘာကျော်ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းက နယူးယောက်ရှိ နေအိမ်ကို ဒေါ်လာ ၂၅ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
လိင်မှုထိပါးစော်ကားသည်ဟူသော စွပ်စွဲချက်တို့ကြောင့် မိမိကိုယ်တိုင်တည်ထောင်ထားသော ကုမ္ပဏီမှ ထုတ်ပယ်ခံရသည့် ကမ္ဘာကျော်ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းက နယူးယောက်ရှိ နေအိမ်ကို ဒေါ်လာ ၂၅ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
လိင်မှုထိပါးစော်ကားသည်ဟူသော စွပ်စွဲချက်တို့ကြောင့် မိမိကိုယ်တိုင်တည်ထောင်ထားသော ကုမ္ပဏီမှ ထုတ်ပယ်ခံရသည့် ကမ္ဘာကျော်ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းက နယူးယောက်ရှိ နေအိမ်ကို ဒေါ်လာ ၂၅ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
လိင်မှုထိပါးစော်ကားသည်ဟူသော စွပ်စွဲချက်တို့ကြောင့် မိမိကိုယ်တိုင်တည်ထောင်ထားသော ကုမ္ပဏီမှ ထုတ်ပယ်ခံရသည့် ကမ္ဘာကျော်ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းက နယူးယောက်ရှိ နေအိမ်ကို ဒေါ်လာ ၂၅ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service