ဒေါ်နယ်ထရမ့်နှင့် အိုင်ဗင်ကာထရမ့်တို့ ကွာရှင်းပြတ်စဲခြင်းမပြုမီ အိမ်ထောင်ဦးကာလများတွင် နေထိုင်ခဲ့သည့် ကွန်နက်တီကပ် ပြည်နယ်ရှိ နေအိမ်အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
4409 Views

ဒေါ်နယ်ထရမ့်နှင့် အိုင်ဗင်ကာထရမ့်တို့ ကွာရှင်းပြတ်စဲခြင်းမပြုမီ အိမ်ထောင်ဦးကာလများတွင် နေထိုင်ခဲ့သည့် ကွန်နက်တီကပ် ပြည်နယ်ရှိ နေအိမ်အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ်၊ ဂရင်းဝစ်ခ်ျမြို့ ကလေးတွင် တည်ရှိပြီး တစ်ချိန်က ဒေါ်နယ်ထရမ့်နှင့် ဇနီးဟောင်း အိုင်ဗန်ကာထရမ့်တို့ ပိုင်ဆိုင်ခဲ့ဖူးသော နေအိမ်ကြီးအရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကွန်နက်တီကပ်စံအိမ်သည် ဒေါ်နယ်ထရမ့်နှင့် ဇနီးဟောင်းအိုင်ဗန်ကာတို့ အိမ်ထောင်ဦးကာလများတွင် နေထိုင်ခဲ့သောနေအိမ်ဖြစ်ပြီး ယခုအခါ ကန်ဒေါ်လာ ၄၅ သန်းဖြင့် အရောင်းဈေးကွက်သို့ တဖန်ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်။

အကျယ်အဝန်း ၆ ဧကနီးပါးရှိပြီး ထရမ့်တို့ဇနီးမောင်နှံက ၁၉၈၀ ပြည့်လွန်ကာလများတွင် ကန်ဒေါ်လာ ၄ သန်းမျှဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ယခုဈေးကွက်တင်သည့် ကိုးဝဲလ်ဘန့်ကာကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လက်ရှိပိုင်ရှင်မှာ ဘဏ္ဍာရေးကဏ္ဍလုပ်ငန်းရှင်များဖြစ်သူ ရောဘတ်စတိန်းဘာ့ဂ်ျနှင့် ဇနီးဖြစ်သူ ဆူဇန်နီတို့ ဖြစ်ကြသည်။

၎င်းတို့ ဇနီးမောင်နှံသည် ယခုနေအိမ်ကို ယခင်ကလည်း အရောင်းဈေးကွက်တင်ခဲ့ဖူးပြီး စတင်ခေါ်ခဲ့သည့်ခေါ်ဈေးမှာ ကန်ဒေါ်လာ ၅၄ သန်းဖြစ်သည်။

နောက်ပိုင်းတွင်မူ ရောင်းမထွက်သောကြောင့် ၄၅ သန်းအထိ ဈေးလျှော့ပေးပြီးနောက် မရောင်းချတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွားခဲ့ခြင်း ဖြစ်သည်။

ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွားချိန်မှာ ဒေါ်နယ်ထရမ့်သမ္မတရွေးကောက်ခံရန် မဲဆွယ်စည်းရုံးမှုများ အရှိန်ကောင်းနေချိန်လည်း ဖြစ်သည်။

ရောဘတ်စတိန်းဘာ့ဂ်ျတို့သည် လက်ရှိတွင် နေအိမ်သစ်တစ်လုံးဆောက်လုပ်လျက်ရှိနေပြီး ယခုနေအိမ်ကို ရောင်းချရန် အလျင်စလိုမဖြစ်ကြောင်းလည်း ဈေးကွက်တင်သည့်ကုမ္ပဏီမှ အကျိုးဆောင်ဖြစ်သူ မစ္စက် တာမာလူရီက ပြောကြားသည်။

ယခုနေအိမ်ကြီးမှာ ဒေါ်နယ်ထရမ့်နှင့် သမိုင်းကြောင်းဆက်နွှယ်နေခြင်းက ဈေးကွက်တင်ရာတွင် များစွာအထောက်အကူဖြစ်ခဲ့ပြီး ဝယ်လက်များစွာ၏ အာရုံစိုက်မှုရရှိခဲ့ကြောင်းလည်း မစ္စက် လူရီက ဆိုသည်။

ဒေါ်နယ်ထရမ့်နှင့် အိုင်ဗန်ကာတို့ ၁၉၉၀ ပြည့်လွန်အစောပိုင်းကာလများတွင် ကွာရှင်းပြတ်စဲခဲ့ကြပြီးနောက် အိုင်ဗန်ကာက နေအိမ်ကို ရယူခဲ့ပြီးနောက် စတိန်းဘတ်ထံ ကန်ဒေါ်လာ ၁၅ သန်းဖြင့် ၁၉၉၈ ခုနှစ်အတွင်း ရောင်းချခဲ့ခြင်းဖြစ်သည်။
အိုင်ဗန်ကာသည် ဒေါ်နယ်ထရမ့်ဂျူနီယာ၊ အိုင်ဗန်ကာနှင့် အဲရစ်ခ်တို့၏မိခင် ဖြစ်သည်။

စတုရန်းပေ ၂၀၀၀၀ နီးပါးရှိသော နေအိမ်ကို စတိန်းဘတ်က ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ရာတွင် ဒေါ်နယ်ထရမ့်၏ စိတ်ကြိုက်မွမ်းမံခဲ့သော ရွှေရောင်သစ်ရွက်များကို ဖယ်ရှားခဲ့သည်ဟု ဆိုသည်။

နေအိမ်ကို စတင်ဆောက်လုပ်ခဲ့သည်မှာ ၁၉၃၉ ခုနှစ်ဝန်းကျင်ခန့်တွင်ဖြစ်ပြီး ဂျော်ဂျီယာဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

စတိန်းဘတ်က တင်းနစ်ကွင်း၊ အိမ်တွင်းရေကူးကန်ပါသည့် ဧည့်ဂေဟာများ တိုးချဲ့ ဆောက်လုပ်ခဲ့သည်။
ခြံဝန်းအတွင်းတွင်လည်း ရေကူးကန်ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒေါ်နယ်ထရမ့်နှင့် အိုင်ဗင်ကာထရမ့်တို့ ကွာရှင်းပြတ်စဲခြင်းမပြုမီ အိမ်ထောင်ဦးကာလများတွင် နေထိုင်ခဲ့သည့် ကွန်နက်တီကပ် ပြည်နယ်ရှိ နေအိမ်အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်နှင့် အိုင်ဗင်ကာထရမ့်တို့ ကွာရှင်းပြတ်စဲခြင်းမပြုမီ အိမ်ထောင်ဦးကာလများတွင် နေထိုင်ခဲ့သည့် ကွန်နက်တီကပ် ပြည်နယ်ရှိ နေအိမ်အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်နှင့် အိုင်ဗင်ကာထရမ့်တို့ ကွာရှင်းပြတ်စဲခြင်းမပြုမီ အိမ်ထောင်ဦးကာလများတွင် နေထိုင်ခဲ့သည့် ကွန်နက်တီကပ် ပြည်နယ်ရှိ နေအိမ်အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်နှင့် အိုင်ဗင်ကာထရမ့်တို့ ကွာရှင်းပြတ်စဲခြင်းမပြုမီ အိမ်ထောင်ဦးကာလများတွင် နေထိုင်ခဲ့သည့် ကွန်နက်တီကပ် ပြည်နယ်ရှိ နေအိမ်အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်နှင့် အိုင်ဗင်ကာထရမ့်တို့ ကွာရှင်းပြတ်စဲခြင်းမပြုမီ အိမ်ထောင်ဦးကာလများတွင် နေထိုင်ခဲ့သည့် ကွန်နက်တီကပ် ပြည်နယ်ရှိ နေအိမ်အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်နှင့် အိုင်ဗင်ကာထရမ့်တို့ ကွာရှင်းပြတ်စဲခြင်းမပြုမီ အိမ်ထောင်ဦးကာလများတွင် နေထိုင်ခဲ့သည့် ကွန်နက်တီကပ် ပြည်နယ်ရှိ နေအိမ်အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်နှင့် အိုင်ဗင်ကာထရမ့်တို့ ကွာရှင်းပြတ်စဲခြင်းမပြုမီ အိမ်ထောင်ဦးကာလများတွင် နေထိုင်ခဲ့သည့် ကွန်နက်တီကပ် ပြည်နယ်ရှိ နေအိမ်အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်နှင့် အိုင်ဗင်ကာထရမ့်တို့ ကွာရှင်းပြတ်စဲခြင်းမပြုမီ အိမ်ထောင်ဦးကာလများတွင် နေထိုင်ခဲ့သည့် ကွန်နက်တီကပ် ပြည်နယ်ရှိ နေအိမ်အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်နှင့် အိုင်ဗင်ကာထရမ့်တို့ ကွာရှင်းပြတ်စဲခြင်းမပြုမီ အိမ်ထောင်ဦးကာလများတွင် နေထိုင်ခဲ့သည့် ကွန်နက်တီကပ် ပြည်နယ်ရှိ နေအိမ်အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service