ဒူဘိုင်း၏ မြို့တော်သစ်ကြီးတွင် ကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ကြေးရှိ ဇိမ်ခံလူနေအိမ်ရာဝန်းကြီးတစ်ခုလုံးကို လာမည့် ဧပြီ ၁၇ ရက်တွင် ဈေးကွက်တင်ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
7058 Views

ဒူဘိုင်း၏ မြို့တော်သစ်ကြီးတွင် ကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ကြေးရှိ ဇိမ်ခံလူနေအိမ်ရာဝန်းကြီးတစ်ခုလုံးကို လာမည့် ဧပြီ ၁၇ ရက်တွင် ဈေးကွက်တင်ရောင်းချတော့မည်

အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် မိုဟာမက် ဘင်ရာရှစ် စီးတီး အမည်ရှိ မြို့တော်သစ်ကြီးတည်ရှိပြီး ယင်းမြို့တော်ကြီး၌ MAG EYE အမည်ရှိ တန်ဖိုးကြီးလူနေဇိမ်ခံအိမ်ရာကြီးတည်ရှိသည်။

ယင်း အိမ်ရာဝန်း၏ စုစုပေါင်း တန်ဖိုးမှာ ကန်ဒေါ်လာ ၁ ဒသမ ၂၈ ဘီလီယံခန့် တန်ကြေးရှိပြီး လာမည့် ဧပြီလ ၁၇ ရက်တွင် ကျင်းပမည့် နိုင်ငံတကာပြပွဲတွင် ဒူဘိုင်း developer က ဒေါ်လာ ၁ ဘီလီယံကျော်တန်ကြေးရှိ အခန်းများကို ဈေးကွက်တင်ရောင်းချတော့မည် ဖြစ်သည်။

ဒူဘိုင်းအခြေစိုက် MAG Group ၏ ကုမ္ပဏီခွဲဖြစ်သော MAG Lifestyle Development သည် ဒူဘိုင်းငွေ ၄ ဒသမ ၇ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၂၈ ဘီလီယံ) တန်ကြေးရှိ MAG EYE တန်ဖိုးကြီးလူနေခန်းများကို ဧပြီ ၁၇ Cityscape Abu Dhabi ပြပွဲတွင် ဈေးကွက်တင်ရောင်းချတော့မည် ဖြစ်သည်။

မိုဟာမက် ဘင်ရာရှစ်မြို့တော်၊ Meydan ရပ် အမှတ် (၇) ခရိုင်တွင် တည်ရှိပြီး သီးသန့်အိမ်ရာဝန်းတစ်ခုဖြစ်ကာ MAG Lifestyle Development ၏ စီမံကိန်းကြီး ၅ ခုတွင် တစ်ခုအပါအဝင် ဖြစ်သည်။

Cityscape Abu Dhabi ဆိုသည်မှာ နိုင်ငံတကာ အိမ်ခြံမြေပြပွဲတစ်ခုဖြစ်ပြီး အဘူဒါဘီတွင် နှစ်စဉ်ကျင်းပကာ ၂၀၀၇ ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေပြပွဲအပြင် ဆွေးနွေးပွဲများ ၊ ကွန်ဖရင့်များ ပါဝင်ကာ နိုင်ငံတကာရှိ အိမ်ခြံမြေ developer များ၊ ရင်းနှီးမြှုပ်နှံသူများ၊ အတိုင်ပင်ခံများနှင့် ဗိသုကာပညာရှင်များ တက်ရောက်လေ့ရှိသည်။

Cityscape Abu Dhabi ပြပွဲကို အခြားနေရာများတွင်လည်း ကျင်းပလေ့ရှိရာ Cityscape Global၊ Cityscape Egypt၊ Cityscape Riyadh၊ Cityscape Jeddah၊ Cityscape Qatar၊ Latin America နှင့် Cityscape Asia ဟူ၍ ကျင်းပလေ့ရှိသည်။

MAG Lifestyle Development ၏ အမှုဆောင်အရာရှိချုပ် တာလာ မိုအာဖက်ခ် အယ်လ် ဂဒါက ပြေကြားရာတွင် “ယူအေအီးအိမ်ခြံမြေဈေးကွက်မှာ လုပ်ကိုင်နေတဲ့သူတိုင်း သိမြင်နိုင်တဲ့အချက်ကတော့ ဒီကဏ္ဍဟာ လုံလောက်တဲ့ ရင့်ကျက်တည်ငြိမ်မှုအတိုင်းအတာ ရောက်ခဲ့ပြီဖြစ်ပြီး လက်ရှိမှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးနေတဲ့ အခြေအနေကို ရရှိနေပြီဆိုတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

“လက်ရှိမှာ မေးရမယ့်မေးခွန်းက ဒီလိုထောင်တက်နေတဲ့ လားရာက ဘယ်လောက်ကြာကြာ ဆက်ရှိနေမလဲဆိုတာပါပဲ”
Cityscape Abu Dhabi မှာ ၁၂ ကြိမ်မြောက်ဖြစ်ပြီး အဘူဒါဘီရှိ National Exhibition Centre တွင် လာမည့် ဧပြီလ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ကာ အဘူဒါဘီမင်းသား ရှိတ်ခ် မိုဟာမက် ဘင် ဇာရက်ဒ် အယ်လ် နာယန်၏ ကွပ်ကဲညွှန်ကြားမှုအောက်တွင် ကျင်းပခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒူဘိုင်း၏ မြို့တော်သစ်ကြီးတွင် ကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ကြေးရှိ ဇိမ်ခံလူနေအိမ်ရာဝန်းကြီးတစ်ခုလုံးကို လာမည့် ဧပြီ ၁၇ ရက်တွင် ဈေးကွက်တင်ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်း၏ မြို့တော်သစ်ကြီးတွင် ကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ကြေးရှိ ဇိမ်ခံလူနေအိမ်ရာဝန်းကြီးတစ်ခုလုံးကို လာမည့် ဧပြီ ၁၇ ရက်တွင် ဈေးကွက်တင်ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service