SME လုပ်ငန်းများ ဘဏ်ချေးငွေရရှိရေး အချက်ငါးချက်ပြင်ဆင်ရန် ပညာရှင်အချို့ အကြံပြု - Property News in Myanmar from iMyanmarHouse.com
5196 Views

SME လုပ်ငန်းများ ဘဏ်ချေးငွေရရှိရေး အချက်ငါးချက်ပြင်ဆင်ရန် ပညာရှင်အချို့ အကြံပြု

အစိုးရအပါအ၀င် ပြည်တွင်းပုဂ္ဂလိက ဘဏ်များမှ လိုအပ်နေသည့် ငွေကြေးအရင်း အနှီးရယူနိုင်ရန် အသေးစား၊ အလတ်စားလုပ်ငန်း (SME) များ စာရင်းထိန်းသိမ်းမှု အပါအ၀င် အချက်ငါးချက်ကို ပြင်ဆင်ရန်လို အပ်သည်ဟု ဘဏ္ဍာရေးဝန်ကြီး ဌာန အငြိမ်းစားဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။

ဘဏ်များက စာရင်းများကို ကြည့်ပြီးလက်ခံနိုင်မှ အသေး စား၊ အလတ်စားလုပ်ငန်းများကို ငွေချေးပေးသောကြောင့် SME လုပ်ငန်းများက သေချာပြုစုထား ရန်၊ စာရင်းများကို တစ်စုံထက်ပို မိုထားခြင်းမပြုလုပ်ရန်၊ လုပ်ငန်း နှင့်သက်ဆိုင်သော သတင်းအ ချက်အလက်ကို ပွင့်လင်းမြင်သာ စွာ ထုတ်ပေးရန်၊ စီးပွားရေးစီမံ ကိန်း (Business Plan) များ လက်ရှိအချိန်သာမက အနည်း ဆုံးငါးနှစ်တာအတွက် ရေးဆွဲ ထားရန်၊ ပုံသေပိုင်ပစ္စည်းများရှိ ရန် စသည်တို့လိုအပ်ကြောင်း ဒေါက်တာ မောင်မောင်သိမ်းက အကြံပြုသည်။

SME ကဏ္ဍဖွံ့ဖြိုးရေး SME Financing Landscape in Myanmar ; A Multifaceted Approach Seminar ခေါင်းစဉ်ဖြင့် MATRIX Institute of Professionals မှ ဧပြီ ၁ ရက် ၌မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြုလုပ်သော ဆွေးနွေးပွဲ၌ ဒေါက်တာမောင် မောင်သိမ်းက ပြောကြားသည်။

တိုင်းနှင့် ပြည်နယ်များရှိ SME လုပ်ငန်းအများစုသည် စီးပွားရေးစီမံကိန်းများ ရေးဆွဲထား နိုင်ခြင်းမရှိသည့်စာရင်း ဇယားပြဿနာများ ရှိနေသည်ဟု ဧရာဝ တီ ဘဏ်မန်နေဂျင်းဒါရိုက်တာ ဦးမြင့်ဇော်က ပြောသည်။

ပုံသေပိုင်ပစ္စည်း ထားရှိ ရေးက လက်ရှိပြည်တွင်း SME လုပ်ငန်းများတွင် အခက်အခဲရှိ သဖြင့် အကြွေးအာမခံစနစ်ဖြင့် ဖြည့်ဆည်းရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။

ထို့အပြင် SME လုပ်ငန်း များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြင့် ဆောင်ရွက်နေသည့် ထုတ် ကုန်လုပ်ငန်းများအတွက် လိုအပ်သည့် အစိတ်အပိုင်းများ ထောက် ပံ့နိုင်ရန် လိုအပ်ချက်အချို့ကို လည်း စက်မှုဝန်ကြီးဌာနစက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦး စီးဌာန ညွှန်ကြားရေမှူးချုပ်ဒေါ် အေးအေးဝင်းကပြောသည်။

SME လုပ်ငန်းများကပြင် ဆင်ရမည့် အခြေအနေများသာ မကလုပ်ငန်းများ ဖွံ့ဖြိုးရေးလို အပ်ချက်များဖြစ်သည့် နည်းပညာနှင့်ဈေးကွက်၊ လျှပ်စစ်အပါ အ၀င် စွမ်းအင်လိုအပ်ချက်၊ ဘဏ္ဍာငွေကြေး လိုအပ်ချက်နှင့် မိမိထုတ်ကုန်အပေါ် စေတနာ ထားရန်တို့ဖြစ်သည်ဟု ဒေါက် တာမောင်မောင်သိမ်းက ပြောသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လို အပ်သည့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးရန် SME လုပ်ငန်းများ၌ ၆၀ ရာခိုင်နှုန်းရှိသည်။ အာရှ၏ ဖွံ့ဖြိုးဆဲနိုင်ငံ အချို့ဝင်ငွေ ဂျီဒီပီတွင် SME လုပ်ငန်းများက ၄၀ ရာခိုင်နှုန်းအထိ ပါဝင်နေကြောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

SME ကဏ္ဍဖွံ့ဖြိုးရေးဒီချုပ် အစိုးရသည် မြန်မာ့စီးပွားရေး ဘဏ်မှတစ်ဆင့် ကျပ်ဘီလီ ယံ ၃၀၀ ကို တစ်နှစ်လျှင် အတိုးနှုန်း ၈ဒသမ၅ ရာခိုင်နှုန်းဖြင့် ငွေချေး ပေးရန်စီစဉ်နေသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

CarsDB
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service