မန္တလေးတွင် အစိုးရသက်တမ်း ၂ နှစ်အတွင်း ဝန်ထမ်းများအား အငှားအိမ်ရာချထားနိုင်မှု နှစ်ဆခန့်တိုးလာဟုဆို - Property News in Myanmar from iMyanmarHouse.com
4159 Views

မန္တလေးတွင် အစိုးရသက်တမ်း ၂ နှစ်အတွင်း ဝန်ထမ်းများအား အငှားအိမ်ရာချထားနိုင်မှု နှစ်ဆခန့်တိုးလာဟုဆို

အစိုးရသက်တမ်း ၂ နှစ် အတွင်း မန္တလေးတိုင်းဒေသကြီးရှိ နိုင်ငံ့ဝန်ထမ်းများအတွက် အငှားအိမ်ရာချထားပေးနိုင်မှု နှစ်ဆခန့် တိုးတက်လာကြောင်း တိုင်းဒေသကြီးလျှပ်စစ် စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် က ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က နိုင်ငံ ဝန်ထမ်းများအတွက် အငှားအိမ် ရာချထားပေးနိုင်မှုဝန်ထမ်းဦးရေ ၁၀၀ လျှင် ၃ ဒသမ ၇ ရာခိုင်နှုန်း သာ ရှိခဲ့ပြီး ၎င်းတို့အစိုးရစတင် တာဝန်ယူပြီးနောက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဇွန်လတွင် ဝန်ထမ်းများ အတွက် အငှားအိမ်ရာချထားပေး နိုင်မှု ဦးရေ ၁၀၀ လျှင် ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာ ကြောင်း ၎င်းက ပြောသည်။

‘‘အခု ၂၀၁၈-၁၉ ခြောက် လပိုင်းပြီးသွားတာနဲ့ ၆ ဒသမ ၅ ရာခိုင်နှုန်းကို ရောက်လာပြီ။ အငြိမ်းစားအိမ်ရာ၊ တန်ဖိုးမျှတ အိမ်ရာတို့ ဖော်ထုတ်ဖို့ လိုသေး တယ်’’ဟု ဦးဇာနည်အောင်က ပြောသည်။

ကျန်ရှိ အစိုးရသက်တမ်းအတွင်း ကျေးလက်မီးလင်းရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက အငြိမ်းစားနှင့် တာဝန်ထမ်း ဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ အ တွက် အိမ်ရာများတည်ဆောက် ပေးနေသော်လည်း ဝန်ထမ်းအင် အားများပြား၍ အိမ်ရာလိုအပ်ချက် အများအပြားရှိနေကြောင်း ၎င်းက ဆိုသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာ နလက်အောက်ရှိ မန္တလေးတိုင်း ဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး မှုဦးစီးဌာနအနေဖြင့် ချမ်းမြသာ စည်မြို့နယ် မြရည်နန္ဒာရပ်ကွက် တွင် တန်းဖိုးမျှတအိမ်ရာ အပိုင်း (၁)နှင့် အပိုင်း(၂) ကို တည်ဆောက်ခဲ့ပြီး အငြိမ်းစားနှင့် လက်ရှိ အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်းနှင့် ဝင်ငွေနည်းပြည်သူ များအတွက် တိုက်ခန်းတစ်ခန်း လျှင် အနည်းဆုံး ကျပ် ၁၆၃ သိန်းက စတင်ကာ ၂၀၁၇ က ရောင်းချပေးခဲ့သည်။ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင် ခြေအနီး မြေ ၁၄၇ ဒသမ ၄၂ ဧကပေါ်တွင် တိုက်ခန်း ၁၀,၀၀၀ ကျော်ပါဝင်မည့် အိမ်ရာစီမံကိန်းတည် ဆောက်နေပြီး ယင်းအိမ်ရာမှ အခန်း ၈,၆၀၀ ကို အစိုးရ ဝန် ထမ်းများ၊ အငြိမ်းစားများနှင့် ပုဂ္ဂလိက ဝန်ထမ်းများအား ရောင်းချပေးမည်ဖြစ်ကြောင်း တိုင်းအစိုးရတာဝန်ရှိသူများက ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service