အငှားသက်တမ်း ၁၂ နှစ်ဆိုတဲ့ အိမ်ရှင်၊ အိမ်ငှား ပြဿနာ - Property Knowledge in Myanmar from iMyanmarHouse.com
7710 Views

အငှားသက်တမ်း ၁၂ နှစ်ဆိုတဲ့ အိမ်ရှင်၊ အိမ်ငှား ပြဿနာ

Knowledge | Posted by Hnin Ei Khin

မြန်မာအိမ်ခြံမြေဈေးကွက်တွင်အိမ်ရှင်၊ အိမ်ငှား ပြဿနာများ ခေတ်အဆက် ဆက် ဖြစ်ပွား ကြီးထွား လာရခြင်းမှာ အိမ်ရှင်၊ အိမ်ငှား အသီးသီးက အသိ မှား၊ အမြင်မှားများကိုလက်ခံကိုင်စွဲကာ ထိုအမှားများအတိုင်းလက်ခံဆောင် ရွက်နေခြင်းကြောင့်ဖြစ်ကြောင်း ဥပဒေပညာရှင်များက ပြောသည်။

အိမ်ရှင်၊ အိမ်ငှား ပြဿနာဖြစ်ပွားမှုပုံစံ အမျိုးမျိုးရှိသည့်အနက် အဖြစ်များ သည့် ပြဿ နာတစ်ခုမှာမြေကွက် သို့မဟုတ် အိမ်ခန်း ငှားရမ်းနေထိုင်ရာ တွင် အငှားသက်တမ်း ၁၂ နှစ် ကျော်လွန်ပါက ထိုမြေ၊ သို့မ ဟုတ် အိမ် ခန်းနှင့် ပတ်သက်၍ အိမ်ရှင် သို့မဟုတ် မြေရှင်ထံ အကျိုးတစ်စုံတစ်ရာ
တောင်းဆိုခွင့်ရှိသည်ဟု လွဲမှားစွာ ယုံကြည်ပြီး မြေရှင်၊ အိမ်ရှင်များထံမှ အခွင့်အရေးများတောင်းဆိုနေခြင်းဖြစ် သည်။ ထိုသို့ပြုလုပ်ခြင်းသည် ဥပဒေနှင့် အကျုံးမဝင်ကြောင်း ဥပဒေဝန်ထမ်း ပညာရှင်များက တညီ တညွှတ် တည်း ပြောကြသည်။

အိမ်ငှား၊ မြေငှားသက်တမ်း ၁၂ နှစ်ကျော်လာသည်နှင့်အမျှ အိမ်ငှားများ အနေဖြင့် အိမ်ရှင်များထံမှ အခွင့်အရေးတစ်စုံတစ်ရာတောင်းဆိုခြင်း သည် အိမ်ရှင်၊ အိမ်ငှား ဥပဒေ၌တရားဝင် ပြဋ္ဌာန်းထားချက်များ မရှိကြောင်း၊
သို့ရာတွင် အမှုအခင်း တစ်စုံတစ်ရာဖြစ်ပါက အိမ်ရှင်များအနေဖြင့် တရား မကြောင်းအရ တရားတပေါင်ရင်မဆိုင်လိုခြင်းကြောင့်သာ အချင်းချင်း နားလည်မှုဖြင့် ဖြေရှင်းနေခြင်းဖြစ်ကြောင်း ဝါရင့်ရှေ့နေများထံမှ သိရသည်။

"များသောအားဖြင့်ကတော့ အဲဒီလိုပြဿနာတွေကို ညှိပြီးလုပ်ကြတယ်။ မဟုတ် လို့ တရားမမှုနဲ့ စွဲမယ်ဆိုရင်လည်းအနည်းဆုံး လေး၊ ငါးနှစ်လောက် ကြာ သွားနိုင်တော့ အိမ်ရှင်တွေက ညှိပြီး လုပ်ပေးရင်း လုပ်ပေးရင်းနဲ့ ဥပဒေ ကဲ့သို့ အာဏာတည်သွားသလို ဖြစ်သွားတာ။ အဲဒါကိုသိတဲ့လူတွေက အသုံး ချပြီး ညစ်တာကို ပိုင်ရှင်တွေကပိုက်ဆံဖြစ်ဖြစ် တစ်ခုခုပြန်ပေး ပြီး ဖြေရှင်းခဲ့ ရတယ်။ ၁၂ နှစ်ဆက်တိုက်နေရင် အဲဒီလို လုပ်ပေးရမယ်လို့ဆိုတဲ့ ဥပဒေ မရှိပါဘူး" ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးအေးမင်းက ပြောသည်။

၁၉၆ဝ ပြည့်နှစ် မြို့ပြဆိုင်ရာငှားရမ်းခြင်း ဥပဒေ ပုဒ်မ ၁၂ (၁)က အရ "အိမ် ရှင်များအနေဖြင့် အိမ်ငှားများကို သတ်မှတ်ထားသည့် စည်းကမ်း အချက်အလက်များနှင့်ကိုက်ညီပါက နှင်ထုတ်နိုင်ကြောင်းသာ ပြဋ္ဌာန်းထားသည်။"

သတ်မှတ်ထားသော စည်းကမ်းချက်များ၌ ငှားရမ်းခြင်းကို ပစ္စည်း လွှဲပြောင်းခြင်း အက်ဥပဒေနှင့်အညီ ရပ်စဲပြီးဖြစ်သော်လည်း
- တရားပြိုင်သည် အငှားချထားသည့် ဥပစာမှ ဖယ်ရှားမပေးခြင်း၊
- တရားပြိုင် အိမ်ငှားသည် အငှားချထားမှု ပဋိညာဉ်အရ ဖြစ်စေ၊
၁၉၆ဝ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး
အက်ဥပဒေအရဖြစ်စေ တာဝန်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း သို့မဟုတ် မဆောင်ရွက်ဘဲနေခြင်းပြုသည့် အချိန်တွင် အိမ်ရှင်များက နှင်ထုတ် ခွင့် ရှိကြောင်းသာ ဖော်ပြထားသည့်အပြင်
- လူတစ်ဦးပိုင်သောနေအိမ်တွင် နေထိုင်ပြီး ထိုအိမ်၏အိမ်ခွန်နှင့်မြေခွန် ကို ထမ်းဆောင်ရုံမျှဖြင့် အိမ်ငှားအဖြစ် သတ်မှတ်နိုင်ခြင်း မရှိကြောင်း ဖော်ပြထားသည်။

"နည်းနည်းကြာလာတဲ့ အိမ်ငှား၊ မြေငှားတချို့ကတော့ အိမ်ရှင်မြေရှင်ဆီက တစ်ခုခုရမှ ဆင်းတော့လို့ အခုနောက်ပိုင်း ပိုင်ရှင်တွေ က ငှားမယ်ဆို ရင် လေး၊ ငါးနှစ် ထက် ပိုမငှားတော့ဘူး။ ဥပဒေအရ ပြဋ္ဌာန်းထား တာ မရှိပေမယ့် တရာမမှုနဲ့ စွဲရင် အချိန်ကုန်၊ လူပန်း၊ ငွေကုန်ဖြစ်မှာမို့လို့ အ ဆင်ပြေသလို ညှိလုပ်နေရတာ အများကြီးပါ" ဟု ၎င်းက ဆက်လက်ပြော သည်။

သို့သော်"ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ အပိုဒ် ၁ဝ၅" တွင်မူ
- လွှဲပြောင်းပေးသူကို အငှားချထားသူဟု လည်းကောင်း၊
- လွှဲပြောင်းရရှိသူကို ငှားယူသူဟု လည်းကောင်း၊
- အဖိုးစားနားကို စပေါ်ငွေဟု လည်းကောင်း၊ ပေးအပ်ရမည့်ငွေ၊ ဝေစု (သို့မဟုတ်) ပစ္စည်းကို ငှားရမ်းခဟူ၍ လည်းကောင်း အဓိပ္ပာယ် ဖွင့်ဆိုထား သည့်အပြင်

ယင်းဥပဒေပါ --

"အငှားချထားခြင်းနှင့် လိုင်စင်ဟူသည့် ဥပဒေအပိုဒ် (၁)" တွင်မူ ငှားယူ သူ ဆိုသည်မှာ ယင်းအား လွှဲပြောင်းပေးအပ်သည့် မေ­ရွှ့ပြောင်းနိုင် သည့် ပစ္စည်း၏ အကျိုးခံစားခွင့်ကို အပြည့်အဝရရှိထားသူဖြစ်ပြီး အကျိုးခံစား ခွင့်အပြည့်အဝ မရရှိသူသည်အိမ်ငှားမဟုတ်နေထိုင်ခွင့်ဖြင့် နေထိုင်သူသာ
ဖြစ်သည်ဟု ဖော်ပြထားသည်။

"၁၂ နှစ်နေရင် အိမ်ငှားကနေ အိမ်ရှင်ကိုတောင်းဆိုရမယ့် အချက်လုံးဝ မပါ ပါဘူး။ အိမ်ရှင်က အိမ်ငှားကို တရားစွဲတယ်ဆိုတာ တရားစွဲဖို့ လုံလောက်တဲ့
အချက်တွေ လိုတယ်။ ၁၂ နှစ်ကိစ္စဆိုတာက နာမည်ပေါက် မြေပေါ်မှာ ကျူးကျော်နေထိုင်တဲ့ သူတွေကို ပြောတာဖြစ်ပြီး တရားစွဲရင်ဆိုင်ဖို့ ခက် တယ်။ မြေကတော့ မူလ ပိုင်ရှင်ကပဲ ပိုင်တာဖြစ်ပြီး ကျူးကျော်နေတဲ့သူက မပိုင်ဘူးလို့ ဆိုလိုတာပါ။

အခွင့်အမိန့်နဲ့ အလကားထားတယ် ဆိုရင်တော့ ၁၂ နှစ် မဟုတ်ဘူး။ ဘယ်လောက်ကျော်ကျော် တရားစွဲလို့ ရတယ်။ စွဲတဲ့အခါ တရားမမှုနဲ့ စွဲရမယ်” ဟုတရားလွှတ်တော် ရှေ့နေဦးထွန်းမင်းက ပြောသည်။

Credit : Trade Time Journal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service