ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်း ဆောင်ရွက်ရန်မြေတိုင်းတာမှု စတင်မည် - Property News in Myanmar from iMyanmarHouse.com
4994 Views

ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်း ဆောင်ရွက်ရန်မြေတိုင်းတာမှု စတင်မည်

ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်းဆောင်ရွက်ရန် မတ်လကုန်မှစတင်ကာ မြေတိုင်းတာမှုလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း တွံတေးမြို့နယ် မဲဆနနယ်အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ပြောကြားသည်။

ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ်တို့တွင် ဖော်ဆောင်မည့် မြို့သစ်စီမံကိန်းအတွက် မြေတိုင်းတာခြင်းလုပ်ငန်းများကို မတ်လကုန်မှ ဇူလိုင်လ ၅ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုလက်ရှိ ကြည့်မြင်တိုင်မြို့နယ်တွင် မြေသားစမ်းသပ်ရန် ရုံးခန်း စတင်တည်ဆောက်နေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အခုမတ်လကုန်မှာ မြေသားစမ်းသပ်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒေသခံတချို့နဲ့ အစည်းအဝေးလုပ်တဲ့အခါမှာ ပြောသွားပါတယ်။ လယ်မြေပိုင်ဆိုင်သူတွေ အနေနဲ့လည်း ဧပြီလ ၅ ရက် နောက်ဆုံးထားပြီး တိုင်းအစိုးရကို ဆက်သွယ်အကြောင်းကြားရမယ်။ လယ်မြေတစ်ဧကကို မြို့မြေ ၂၀ ရာခိုင်နှုန်း၊ မယူချင်သူတွေအနေနဲ့ ကျပ်သိန်းတစ်ရာ လျော်ကြေးပေးပါတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်း ဖော်ဆောင်မည့်နေရာတွင် လယ်မြေများ ပိုင်ဆိုင်သူများအနေနှင့် ဧပြီ ၅ ရက် နောက်ဆုံးထားကာ အကြောင်းကြားရမည်ဖြစ်ပြီး သတ်မှတ်နေ့ ထက်ကျော်လွန်ပါက မြေသိမ်းဆည်းခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မတ်လဆန်းက ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ လယ်မြေပိုင်ဆိုင်သူများကို မြေယာလျော်ကြေးအဖြစ် တစ်ဧကလျှင် မြို့မြေသတ်မှတ်ပြီးသည့် မြေ ၂၀ ရာ ခိုင်နှုန်း (သို့) တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ နှုန်းဖြင့် ပေးလျော်သွားမည်ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ယင်းစီမံကိန်းနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်ဧပြီလမှ စက်တင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်းဥပဒေကြမ်းတွင်လည်း ထည့်သွင်း၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြထားကြောင်းနှင့် မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်သည့် New Yangon Deve-lopment Company က လုပ်ဆောင်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

အနောက်တောင် မြိုသစ်စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြိုနယ်ရှိ လယ်မြေဧက သုံးသောင်းခန့်တွင် လုပ်မည်ဖြစ်သည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service