ကမ္ဘာ့အမြင့်ဆုံးဆိုလာတာဝါပါဝင်သော ကမ္ဘာ့အကြီးဆုံးနေရောင်ခြည်စွမ်းအင် ဥယျာဉ် ဒူဘိုင်းတွင် ပေါ်ပေါက်လာတော့မည် - Property News in Myanmar from iMyanmarHouse.com
4597 Views

ကမ္ဘာ့အမြင့်ဆုံးဆိုလာတာဝါပါဝင်သော ကမ္ဘာ့အကြီးဆုံးနေရောင်ခြည်စွမ်းအင် ဥယျာဉ် ဒူဘိုင်းတွင် ပေါ်ပေါက်လာတော့မည်

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့အစိုးရ၏ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆ ဘီလျံတန် Mohammed bin Rashid နေရောင်ခြည်စွမ်းအင်ဥယျာဉ်စီမံကိန်း
အကောင်အထည်ဖော်မှုသည် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အကြီးဆုံးနှင့် တစ်နေရာတည်းသော နေရောင်ခြည်စွမ်းအင်ဥယျာဉ်ဟု တင်စားထားသည့် ၎င်းစီမံကိန်း၏စတုတ္ထအဆင့်ဆောက်လုပ်ဆောင်ရွက်မှုအား ယူအေအီးဒုတိယသမ္မတနှင့် ၀န်ကြီးချုပ်နှင့် ဒူဘိုင်းအစိုးရမင်းဖြစ်သော ရှိတ်ခ်မိုဟာမက်ဘင်ရာရှစ်အယ်လ်မာတွမ်က ပြီးခဲ့သည့်တနင်္လာ (မတ် ၁၉) က ဖွင့်လှစ်ပေးခဲ့သည်။

လျှပ်စစ်ထပ်အား ၇၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ၄၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော ၎င်းဆိုလာဥယျာဉ်သည် Concentrated Solar Power (CSP) တွင် ကမ္ဘာ့အကြီးဆုံးရင်းနှီးမြှုပ်နှံမှု ဖြစ်လာပြီး နေအိမ်ပေါင်း ၂၇၀,၀၀၀ ကို ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် ပံ့ပိုးပေးမည်ဖြစ်သည်။

စီမံကိန်းအဆင့်သစ်ဆောက်လုပ်မှုကို လေးနှစ်အတွင်း စီစဉ်သွားမည်ဖြစ်ကာ ဥယျာဉ်တည်ဆောက်ပြီးစီးခါနီးတွင် မီတာ ၂၆၀ မြင့်မည့် ကမ္ဘာ့အမြင့်ဆုံး ဆိုလာတာဝါတစ်ခုလည်း ထည့်သွင်းတည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

"နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှုမှာ ဒူဘိုင်းက ကမ္ဘာ့ကုန်ကျစရိတ်အနည်းဆုံး ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းအသုံးပြုတဲ့ စုစုပေါင်းလျှပ်စစ်ဓာတ်အား ၇၅ ရာခိုင်နှုန်းကို သန့်စင်စွမ်းအင်ကနေ ၂၀၅၀ ပြည့်နှစ်မကုန်မီ ရယူသုံးစွဲနိုင်ဖို့ ရည်ရွယ်ထားပါတယ်" ဟု ရှိတ်ခ်မိုဟာမက်က လူမှုကွန်ရက်တစ်ခုဖြစ်သော Twitter တွင် ရေးသားခဲ့သည်။

Mohammed bin Rashid နေရောင်ခြည်စွမ်းအင်သုံးဥယျာဉ်သည် နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ထုတ်လွှတ်မှု၏ တန်ချိန် ၆ ဒသမ ၅ သန်းကို လျှော့ချရန် ရည်ရွယ်သည်။ ၂၀၃၀ ပြည့်နှစ်မကုန်မီ လျှပ်စစ်ဓာတ်အား ၅,၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်ရန် သို့မဟုတ် နေအိမ်ပေါင်း ၈ သိန်းခန့်ကို ဓာတ်အား လုံလုံလောက်လောက်ပေးရန် ရည်ရွယ်ထားသည်။

ယင်းဥယျာဉ်စီမံကိန်းသည် ဒူဘိုင်း၏ ရုပ်ကြွင်းလောင်စာစွမ်းအင်အသုံးပြုမှုကို လျှော့ချရန် ရည်ရွယ်သော ငါးနှစ်တာ-သန့်စင်စွမ်းအင်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service