စာချုပ်ချုပ်မည်ဆိုလျှင် . . . စရန်ငွေ အဆုံး ဆိုသည့်ကိစ္စအကြောင်း သိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
6253 Views

စာချုပ်ချုပ်မည်ဆိုလျှင် . . . စရန်ငွေ အဆုံး ဆိုသည့်ကိစ္စအကြောင်း သိကောင်းစရာ

Knowledge | Posted by Zarni Kyaw

စရန်ပေး အရောင်းအဝယ်စာချုပ် ပြုလိုက်တိုင်း စာချုပ်တွင် ထည့်သွင်းရေးသားချုပ်ဆိုလေ့ရှိသော အကြောင်းအရာတစ်ရပ်ကို တင်ပြပါမည်။

စရန်ပေး စာချုပ်ချုပ်ဆိုထားပြီး အရောင်းအဝယ်ကို ရောင်းသူ ( သို့မဟုတ် ) ဝယ်သူ တစ်ဖက်ဖက်က အကြောင်းအမျိုးမျိုးကြောင့် ဖျက်တတ်၊ ပျက်ကွက်တတ်ကြသည်ဖြစ်ရာ အခြားတစ်ဖက်တွင် နစ်နာမှုမဖြစ်ရလေအောင် အောက်ပါအတိုင်း ထည့်သွင်း ချုပ်ဆိုကြလေ့ရှိပါသည်။

`` ရောင်းဝယ်မှုကို အပိုင်ရောင်းသူက ပျက်ကွက်ပါက စရန်၏ နှစ်ဆကို ပေးလျော်ရန်သော်လည်းကောင်း၊ အပိုင်ဝယ်သူဘက်က ပျက်ကွက်ပါက စရန်ငွေ အဆုံး ဖြစ်သည်ဆိုသော အချက်ကိုသော်လည်းကောင်း နှစ်ဦးနှစ်ဘက် လက်ခံ သဘောတူကြပါသည်။ ´´ဟူသော အချက်ဖြစ်ပါသည်။

ယခု တင်ပြလိုသည်မှာ- `` အပိုင်ဝယ်သူဘက်က ပျက်ကွက်ပါက စရန်ငွေ အဆုံး ´´ဟူသော အချက်နှင့်စပ်လျဉ်း၍ အငြင်းပွား ပေါ်ပေါက်တတ်သော သတိပြုစရာ အချက်တစ်ရပ်ကို တင်ပြပါမည်။

အရောင်းအဝယ်ပြုရာတွင် တစ်ကြိမ်တည်းနှင့် အရောင်းအဝယ်စာချုပ် ပြုလုပ်သည်မှာ နည်းပါးပြီး အရောင်းအဝယ်စာချုပ်ကြီး မပြုလုပ်မီ ငွေပေးငွေယူ အကြိမ်ကြိမ်ပြုလုပ်ရသည်က များပါသည်။ ပထမဆုံးအကြိမ် စရန်ပေး၍ သဘောတူစာချုပ် ချုပ်ဆိုပြီးနောက်တွင် ဒုတိယအရစ် ငွေပေးစာချုပ်၊ တတိယအရစ် ငွေပေးစာချုပ် စသည်ဖြင့် ပြုလုပ်လေ့ရှိပါသည်။

ပထမအကြိမ် ငွေငါးသောင်းကျပ်ပေး၍ သဘောတူစာချုပ် ချုပ်ပါသည်။ တစ်ပတ်ခန့်အကြာတွင် ဒုတိယအရစ် ငွေငါးသောင်းကျပ် ထပ်ပေးသည့် ငွေပေးစာချုပ် လုပ်ပါသည်။ နောက်ထပ် တစ်ပတ်အကြာတွင် တတိယအရစ် ငွေငါးသောင်းကျပ် ထပ်ပေးသည့် ငွေပေးစာချုပ် လုပ်ပါသည်။ ထို့နောက် သတ်မှတ်ထားသည့် နောက်တစ်ပတ်အကြာတွင် ကျန်ငွေများကို အပိုင်ဝယ်သူဘက်က မပေးနိုင်ဘဲရှိပါသည်။

ထိုအခါ စာချုပ်ပါ စည်းကမ်းချက်ကို အပိုင်ဝယ်သူဘက်က ဆောင်ရွက်နိုင်ခြင်း မရှိ၊ ပျက်ကွက်သည့်အတွက် အရောင်းအဝယ် သဘောတူစာချုပ်ကို ဖျက်သိမ်း၍ ရယူထားပြီးဖြစ်သော ငွေကျပ်တစ်သိန်းငါးသောင်းကို စရန်ဆုံးငွေအဖြစ် ရောင်းသူဘက်က သတ်မှတ်လိုက်ပါသည်။

ဤတွင် စရန်ငွေအဆုံး ဆိုသည့်ကိစ္စ အငြင်းပွားစရာ ပေါ်ပေါက်တတ်ပါသည်။

ဝယ်သူဘက်က တင်ပြသည်မှာ ပထမဆုံး ချုပ်ဆိုသည့် သဘောတူစာချုပ်တွင် ပေးသော ငွေကျပ်ငါးသောင်းမှာ စရန်ငွေဖြစ်ကြောင်း၊ ဒုတိယအရစ် ငွေငါးသောင်းကျပ် ပေးခြင်းသည် စရန်မဟုတ်တော့ကြောင်း၊ ကြိုတင်ပေးငွေသာဖြစ်ကြောင်း၊ တတိယအရစ်ပေးခြင်းမှာလည်း အလားတူပင်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ စရန်ဆိုသည်မှာ ပထမဆုံးပေးသည့် ငွေကျပ်ငါးသောင်းသာဖြစ်ကြောင်း၊ ယင်းငွေအတွက်သာ စရန်အဆုံး သတ်မှတ်ရမည်ဖြစ်ကြောင်း၊ ဒုတိယအရစ်၊ တတိယအရစ် ပေးငွေမှာ ကြိုတင်ပေးငွေဖြစ်၍ စရန်ဆုံးငွေတွင် ထည့်သွင်း၍ မရကြောင်း စောဒကတက်ပါသည်။

ဒုတိယနှင့် တတိယ ချုပ်ဆိုသော စာချုပ်များတွင် ဒုတိယအရစ်ပေးငွေ၊ တတိယအရစ်ပေးငွေဟု ဖော်ပြချုပ်ဆိုထားကြပါသည်။ သို့ဖြစ်ရာ ယင်းပေးငွေများသည် စရန်ငွေလော၊ ကြိုတင်ပေးငွေလော၊ အငြင်းပွားစရာ ဖြစ်ပါသည်။ ယင်းအချက်ကို နောင်အငြင်းမပွားနိုင်အောင် အောက်ပါအတိုင်း ရေးသားချုပ်ဆိုက သင့်မည်ဟု အကြံပြုအပ်ပါသည်။

* အပိုင်ဝယ်သူဘက်က ပျက်ကွက်ပါက စရန်ငွေ အပါအဝင် ကြိုတင် ပေးငွေအားလုံး အဆုံး ဖြစ်သည်ဟူသော အချက်ကို သဘောတူပါသည် * ဟူသတည်း။

Credit : U Kyaw Zaya (Law)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service