ပါမစ်ပျောက် ဂရန်ကို ဝယ်မိလို့ လက်လွှတ်ဆုံးရှုံးရတော့မယ် - Property News in Myanmar from iMyanmarHouse.com
5180 Views

ပါမစ်ပျောက် ဂရန်ကို ဝယ်မိလို့ လက်လွှတ်ဆုံးရှုံးရတော့မယ်

အိမ်ခြံမြေ အရောင်းအဝယ်လောက ဇာတ်ခုံပေါ်မှာကြည့်လိုက်ရင် ရောင်းချခြင်း ၊ ပေါင်နှံခြင်း ၊ ဝယ်ယူခြင်း စတဲ့လုပ်ငန်းတွေဟာ လုပ်ရိုးလုပ်စဉ်တွေလို့ဆိုရင် မမှားပါဘူး ။ ဒါပေမဲ့ တစ်ခါတစ်ခါ တော့လည်း ရောင်းဝယ်ပေါင်နှံတာမျိုးမလုပ်ဘဲ မြေကွက်ချင်း လဲလှယ်ကြတာမျိုးကိုလည်း တွေ့ရတယ်။

++++ အလဲအထပ်လုပ်သူတို့ရဲ့ ရည်ရွယ်ချက် +++

ဒီလိုလဲလှယ်တဲ့အခါမှာလဲလှယ်သူ “အချင်းချင်း” နစ်နာမှုမရှိနိုင်ဘူးထင်လို့ လဲလှယ်ကြတာပဲ ။ တန်ဖိုးချင်းလည်းအတူတူပဲထင်လို့ လဲလှယ်ကြတာပေါ့ ။လဲလှယ်ကြခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အမျိုးမျိုးရှိနိုင်ပါတယ်။ ဒီလို အပြန်အလှန်လဲလှယ်လိုက်ခြင်းအားဖြင့် စီးပွားရေး တွေပိုကောင်းလာမယ်။ ကျန်းမာရေးတွေ ပိုကောင်းလာမယ် ၊ စသည်ဖြင့် ကိုယ်အတွေးနဲ့ကိုယ်ပေါ့လေ ။

+++ လူချင်းတူသော်လည်း ကံချင်းမတူပါ +++

ဒါပေမဲ့ တစ်ခါတစ်ခါကျရင် တစ်ဦးနဲ့တစ်ဦး လူချင်တူပေမဲ့ ၊ ကံဇာတာချင်းက မတူကြတဲ့အတွက် တစ်ဖက်လူမှာ ကောင်းကျိုးတွေရသွား သော်လည်း ၊ တစ်ဖက်လူမှာတော့ မမျှော်လင့်တဲ့ ဆိုးကျိုးတွေ ခံစားသွားရတတ်ပါတယ်။

+++ အောင်မြင်သူ အိမ်၊ ခြံ ၊ မြေ အကျိုးဆောင်(၂)ယောက်အကြောင်း+++

‘ လူဇော’ နဲ့ ‘ လူမော် ’ တို့ဟာ ဒဂုံဆိပ်ကမ်းမြို့နယ်က မြေကွက်တွေကို ဝယ်ရောင်းလုပ်နေကြတဲ့ အိမ်ခြံမြေဝယ်ရောင်း အကျိုးဆောင်တွေပါ တစ်ဦးစီမှာ အနည်းဆုံး ------မြေကွက် (၁၀)ကွက် လောက်ဝယ်ထားကြပြီး ။ဈေးကစားနေကြသူတွေ ပေါ့ ၊ တစ်ယောက်ထံမှာ ဝယ်သူကြိုက်တဲ့ မြေကွက်မရှိရင် တစ်ယောက်ထံမှာရှိတဲ့ မြေကွက်ကို ကူရောင်းပေးတက်ကြလို့ စိတ်ဓါတ်ချင်းတူညီပြီး ညီအစ်ကိုအရင်တွေလိုဘဲ အရမ်းချစ်ကြတယ် ။ အိမ်ခြံမြေအရောင်းအဝယ်တွေ ကောင်းခဲ့တဲ့အခါကဆိုရင် နှစ်ဦးစလုံး တော်တော်လေးစုဆောင်းမိခဲ့ကြတယ် ။သူတို့ရဲ့ ကိုယ်ပိုင်ကားနဲ့ လက်ရှိနေထိုင်တဲ့ တိုက်ကို ကြည့်ခြင်းအားဖြင့် လက်ဖျားငွေသီးခဲ့သူတွေ ဆိုတာ အကဲခတ်လို့ရပါတယ်။

+++ တစ်ဦးကစေတနာ တစ်ဦး မေတ္တာအချစ်ပိုကြတော့ +++

တစ်ခါမှာတော့ လူဇော် ကငွေလိုလို့ သူမြေကွက်ကို ရောင်းတယ် ဝယ်မယ့်သူလဲရှိတယ် ။ဒါပေမဲ့ ဝယ်မယ့်သူက နှစ် (၆၀) ဂရန်ဆိုရင် မကြိုက်ဘူး ။ မြေချပါမစ် ဖြစ်မှဝယ်မယ်ဆိုတော့ လူဇော် မှာ အခက်တွေ့တာပေါ့ ။
နောက်တော့ အကြံတစ်ခုရတယ် သူ့ရဲ မြေကွက်က ထောင့်ကွက်ဖြစ်လို့ ကြိုက်တဲ့အကြောင်း သူငယ်ချင်း လူမော် ကပြောဘူးတယ် ၊ ဒီတော့ လူမော် ပါမစ်မြေကွက်နဲ့ အမည်ပေါက်သူရဲ့ ဂရန်မြေကွက်ကို အလိုက်မယူဘဲ ၊ အလဲအထပ်လုပ်ဖို့ ညှိနှိုင်းကြတဲ့အခါ လူမော် ကလည်း သဘောတူတယ်လေ ။တစ်ယောက်အခက်အခဲ တစ်ယောက်က ကူညီတာပေါ့ ။

' လူဇော် ' က ငွေလိုလို့ရောင်းတာဖြစ်ပေမဲ့ ' လူမော် ' ကတော့ လမ်းမကြီးနဲ့ နီးပြီး ထောင့်ကွက် ဖြစ်လို့ကြိုက်တာပါ ၊ အလဲအထပ်လုပ်တယ် ဆိုပေမဲ့ လုပ်ငန်းသဘောအရ အပြန်အလှန်အရောင်းအဝယ်စာချုပ်ချုပ်ပြီးမြေကွက်ချင်း လဲလိုက်ကြတာပါ ။ ဘာဘဲဖြစ်ဖြစ် လူဇော်က ငွေလိုသူဆိုတော့ လဲလို့ရတဲ့ ပါမစ်မြေကွက်ကို ဝယ်သူကိုပြလိုက်တဲ့အခါ ဝယ်သူကလည်း နေရာကိုလည်းကြိုက်တယ် ၊ ပါမစ်မြေကွက်လည်းဖြစ်တယ်ဆိုတော့ ဝယ်သွားတယ်လေ ဒါနဲ့ လူဇော် လည်း ငွေကြေး အဆင်ပြေသွားတာပေါ့ ။

သူငယ်ချင်း ' လူမော် ' ကတော့ ပြန်မရောင်းတော့ဘဲ အိမ်ခန်းတွဲတွေဆောက်ပြီး အငှါးချထားလိုက်တယ်လေ ။ နှစ်ဦးစလုံးအဆင်ပြေသွားကြပါတယ်။ဒါပေမဲ့ ကံကြမ္မာအလှည့်အပြောင်းက အံ့သြစရာပဲဗျာ ။အခုလို မြေကွက်ဈေးတွေကျတဲ့ အချိန်မှာ အရောင်းအဝယ်မကောင်းကြတော့ မြေချပါမစ်ဝယ်ပြီးကိုင်ထားသူတွေက ပြန်မရောင်းတော့ဘဲ အနှစ်(၆၀) ဂရန်သစ်လုပ်တဲ့ သူတွေများလာတာကို ကြေမုံသတင်းစာမှာ ဖတ်ရတယ်။

+++ သက်ဆိုင်ရာ ဌါနက အကြောင်းကြားစာ ရင်တွေတုန်လိုက်တာ +++

အဲဒီလို ပါမစ်ကနေ ဂရန်သစ်လျှောက်ထားကြလို့လားမသိပါဘူး ။မကြာမီမှာ ဂရန်မြေပေါ်မှာ အခန်းတွဲတွေဆောက်နေတဲ့ လူမော် ရဲ့ ထံကို အကြောင်းကြားစာ တစ်စောင်ရောက်လာတယ် ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၊မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှု ဌာနက ပို့တာပါ ။အကြောင်းကတော့ လူကြီးမင်းတို့ ထုတ်ပေးလိုက်တဲ့ အနှစ် (၆၀) ဂရန်မြေကွက်နေရာမှာ မြေချပါမစ်မူရင်းကိုင်ထားသူက နောက်ထပ်အနှစ် (၆၀) ဂရန် အသစ်လာလျှောက်နေပါတယ်။အဲဒါ မြို့တော်ခန်းမမြေစီမံဌါနမှာ လာရောက်ပြီး ဖြေရှင်းပါရန်ဆိုပြီး အကြောင်းကြားလာခြင်းပါပဲ ။

ဟိုက်…..အဲဒါမှ ဒုက္ခပဲ ၊ မြေချပါမစ်ကိုင်ထားတာနဲ့ စာရင် ဂရန်စာအုပ်ကိုင်ထားတာက ပိုပြီးခိုင်မာတယ် ထင်လို့ အလဲအလှယ်လုပ်ခဲ့မိတာ အခုတော့မှားပြီထင်ပါရဲ့ လို့ လူမော် တွေးလိုက်မိတယ် ။ ဒါနဲ့ အကျိုးအကြောင်းသိချင်တာနဲ့ ချိန်းတဲ့နေ့မှာ လူမော်လည်း မြို့တော်ခန်းမမှာ သွားရောက်တွေ့ဆုံလိုက်တယ် ။ ဌါနမှူးရုံးရှေ့ရောက်တော့ ဂရန်သစ်လျှောက်သူက စာချုပ်အဆင့်ဆင့်နဲ့ဝယ်ထားတဲ့ မြေချပါမစ်မူရင်းကြီးပြတယ် လူမော်ကလည်း ဒီမြို့တော်စည်ပင်ကပဲ ထုတ်ပေးထားတာဆိုတော့ ဂရန်အစစ်ပဲလေ ၊ ဂရန်အတုလားလို့ အဲဒီ တာဝန်ခံလူကြီးတွေကို ပြကြည့်လိုက်တော့ သူတို့ကလည်း အစစ်ဖြစ်တယ်ဆိုတာ မငြင်းပါဘူး ။

+++ ဆုပ်လည်းစူးစားလည်းရူး ပဒိုင်သီးစားမိသူနဲ့တူ +++

ဒီလို ထုတ်ပေးရခြင်းအကြောင်းကတော့ မြေချပါမစ် အမည်ပေါက်ရသူက သူရဲ့မြေချပါမစ်ကိုရောင်းချလိုက်တာကို ထိန်ချန်ပြီး ပါမစ်ပျောက်နဲ့ ဂရန်သစ်လာလျှောက်တဲ့အခါ ရဲစခန်းထောက်ခံချက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက် ၊ ပါမစ်ပျောက်ဆုံးကြောင်း တရားရုံးကျမ်းကျိန်လွှာတွေနဲ့ တင်ပြတော့ ဌါနကအမှန်ထင်ပြီး ဂရန်သစ်ထုတ်ပေးလိုက်မိတဲ့ အကြောင်းပြောပြပါတယ် ။ ဒါကြောင့် အခုမြေချပါမစ်မူရင်တင်ပြပြီး ဂရန်သစ်လျှောက်သူရှိလာပြီဆိုတော့ ပါမစ်ပျောက်နဲ့ ထုန်ပေးထားတဲ့ ဂရန်မူရင်ကို ပယ်ဖျက်ပြီး ပါမစ်မူရင်းရှိသူကို ဂရန်သစ်ထုတ်ပေးတော့မဲ့ အကြောင်း သိခဲ့ရပါတော့တယ် ။

+++ ပါမစ် ပျောက်နဲ့ ဂရန်သစ်ရတာလား ၊ မှတ်ချက်ရှိမရှိ စစ်ဆေးကြည့် +++

ဒီအတိုင်းသာဆိုရင်တော့ အနှစ် (၆၀) ဂရန် ၀ယ်ထားရင်လည်း ၊ စိတ်မချရတော့ ဘူးပေါ့ ။ စည်ပင်က ထုတ်ပေးတာချင်းတူပါလျက် ၊ ဂရန်အစစ်က ဂရန်အတုဖြစ်သွားရပြီး ဒါကြောင့် ကိုလူမော် လို အဖြစ်မျိုး မကြုံကြရလေအောင် အနှစ် (၆၀) ဂရန် အမည်ပေါက် မြေကွက်ကို ဝယ်ရင်လည် ပါမစ်မူရင်းကိုင်ထားသူက ဂရန်သစ်လျှောက်ပြီး ရောင်းတာလား။ ဒါမှမဟုတ် ပါမစ်အမည်ပေါက်သူက ပါမစ်ပျောက်သွားပါတယ်ဆိုကာ လိမ်လည်ပြီးလျှောက် ယူထားတဲ့ ဂရန်လား ဆိုတာကို ဂရန်စာအုပ်နောက်ကျောမှာ မှတ်ချက်တွေ ရှိ/မရှိ အသေအချုာစစ်ဆေးပြီးမှ ဝယ်ယူကြပါလို့ အကြံပေးရေးသားလိုက်ရပါတယ်။ ။။

သုခီ အတ္တာနံ ပရိဟ ရန္တု


လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service