ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်းရှိ မြေဧက ၆၆၀ ကျော်တွင် အသေးစား စက်မှုဥယျာဉ်ဖော်ထုတ်ခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရန် MIC ခွင့်ပြုမိန့် New City Development Public ကုမ္ပဏီလီမိတက်ရရှိ - Property News in Myanmar from iMyanmarHouse.com
5307 Views

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်းရှိ မြေဧက ၆၆၀ ကျော်တွင် အသေးစား စက်မှုဥယျာဉ်ဖော်ထုတ်ခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရန် MIC ခွင့်ပြုမိန့် New City Development Public ကုမ္ပဏီလီမိတက်ရရှိ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်းရှိ မြေဧက ၆၆၀ ကျော်တွင် အသေးစားစက်မှုဥယျာဉ် ဖော်ထုတ်ခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြုမိန့်ကို New City Development Public Co.,Ltd က ရရှိခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်စုကွင်းအမှတ် ၁၀၂၀၊ သရက်ကုန်းကွင်း၊ ဦးပိုင်အမှတ် ၃၃၊ ၃၅၊ ၃၆၊ ၃၇၊ ၄၂၊ ၄၃၊၄၄၊ ၄၅-ခ၊ ၅၃-က၊ ၅၃-ခ၊ ၅၃-ဃ၊ ၅၄၊ ၅၅ ရှိမြေ ၂၁၉ ဒသ မ ၃၃ ဧက၊ ကွင်းအမှတ် ၁၀၂၁၊ အင်းဂတောက်ကွင်း၊ ဦးပိုင်အမှတ် ၈၊ ၉-က၊ ၉-ခ၊ ၁၀၊ ၁၀-င၊ ၁၁-က၊ ၁၁-ခ၊ ၁၁-ဃ၊ သ-၉ ရှိမြေ ၂၆၄ ဒသမ ၂၈ ဧက၊ ကွင်းအ မှတ် ၁၀၂၂၊ ရဲမွန်ကလေးမြောက်ကွင်း၊ ဦးပိုင်အမှတ် ၂၁-က၊ ၂၁-ခ၊ ၂၂-က၊ ၂၂-ခ၊ ၂၂-ဃ ရှိမြေ ၁၈၂ ဒသ မ ၂၀ ဧက စုစုပေါင်း မြေဧရိယာ ၆၆၅ ဒသမ ၈၁ ဧကတွင် New City Development Public Co.,Ltd က မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် အသေးစား စက်မှုဥယျာဉ်ဖော်ထုတ်ခြင်းနှင့်ငှားရမ်းခြင်း
လုပ်ငန်းများဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မတ် ၂၀ ရက်က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေး (၄/ ၂၀၁၈)က အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကို ခွင့်ပြုပေးခဲ့ခြင်း
ဖြစ်သည်။

New City Development Public Co.,Ltd (မြို့တော်သစ်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်) ကို ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင်မှတ်ပုံတင်ခဲ့ပြီး အဆိုပါကုမ္ပဏီတွင် ဒါရိုက်တာ ၁၀ ဦးပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။

မတ် ၂၀ ရက်က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး (၄/ ၂၀၁၈) တွင် အဆိုပါ အသေးစား စက်မှုဥယျာဉ်ဖော်ထုတ်ခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်းအပြင် ဘီယာထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်ခြင်းလုပ်ငန်း၊ မှန်နှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း၊ တယ်လီကွန်းနှင့်ပတ်သက်သည့် လုပ်ငန်း၊ ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြုတာဝါတိုင် တည်ဆောက်ခြင်းနှင့် ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် တောင်သမန်ကျေးလက်အပန်း ဖြေစခန်းလုပ်ငန်းတို့ကိုလည်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့၊ လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီး ဌာနများ / အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံလျက် ကော်မရှင်အစည်းအဝေးမှ စိစစ်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေး(၄/ ၂၀၁၈) မှ ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း ၁၀၄၄ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်း ကော်မရှင်ကထုတ်ပြန်ခဲ့သည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service