စည်းကမ်းမဲ့ အိမ်ဆောက်သူများထံမှ ကျပ်သိန်းသုံးသောင်းခွဲခန့် ဒဏ်ငွေရ - Property News in Myanmar from iMyanmarHouse.com
4536 Views

စည်းကမ်းမဲ့ အိမ်ဆောက်သူများထံမှ ကျပ်သိန်းသုံးသောင်းခွဲခန့် ဒဏ်ငွေရ

စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စည်းကမ်းမဲ့အဆောက်အအုံ ဆောက်လုပ်သူများထံမှ ဒဏ်ငွေ ကျပ်သိန်း သုံးသောင်းခွဲခန့်ရရှိခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ခွင့်ပြုချက်မဲ့တည်ဆောက်ခြင်း၊ ခွင့်ပြုထားသည်ထက် ကျော်လွန်တည်ဆောက်ခြင်းနှင့် ခွင့်ပြုမိန့်မကျမီ ကြိုတင် ဆောက်လုပ်ခြင်းများအတွက် ဒဏ်ရိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ် ဧပြီလမှ ၂၀၁၈ ခုနှစ် မတ်လဆန်းပိုင်းအထိ ဒဏ်ငွေ ကျပ်သိန်း ၃၄,၀၀၀ ကျော်ရရှိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“ခွင့်ပြုချက်မဲ့ ဆောက်တာနဲ့ပတ်သက်လို့ ပြည်သူတွေကိုအကြံပြုချင်တာက ဌာနနဲ့အဆက်အသွယ်လုပ်ပါ။ စနစ်ကျတဲ့ အိမ်တွေဖြစ်အောင်လို့ပါ”ဟု အဆိုပါ အကြီးတန်းအရာရှိက ရှင်းပြသည်။

မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း နှစ်စဉ်အဆောက်အအုံ ၄၅၀၀ မှ ၆၀၀၀ အကြား ဆောက်လုပ်ခွင့်ပေးလျက်ရှိရာ ခွင့်ပြုထားသည့်ထက် အထပ်ပိုဆောက်ပါက တစ်ပေပတ်လည် ကျပ် ၁၅,၀၀၀၊ ခွင့်ပြုမိန့်မကျမီ တည်ဆောက်ပါက တစ်ပေပတ်လည်လျှင် ကျပ် ၁၅,၀၀၀ နှုန်းဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဒဏ်ရိုက်အရေးယူနေခြင်းဖြစ်သည်။

“ဒဏ်ကြေးက တစ်ပေပတ်လည် ကို ၁၅,၀၀၀ ဆိုတာကတော့ များပါတယ်ဗျာ။ ဒီအခွန်ထမ်းရတာကလည်း မလွယ်ပါဘူး။ ချမ်းသာလို့ ဆောက်တဲ့သူနဲ့ နေစရာမရှိလို့ ဆောက်တဲ့သူဆိုပြီးရှိတာ ပေါ့။ ဒဏ်ကြေးကို လျှော့စေချင်တယ်။ နောက်ကို ၄ ပေ၊ ရှေ့ကို ၅ ပေ၊ ဘေးကို ၃ ပေချန်ပြီးတော့ ဆောက်ရမယ်ဆိုတာကလည်း မလွယ်ဘူး။ မြေကဒီလောက်ရှားနေတော့ တချို့နေရာတွေမှာလွယ်ပေမယ့် တချို့နေရာတွေကျတော့ မလွယ်ဘူး”ဟု မန္တလေးတိုင်း ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာအနေနှင့် ရရှိလာသည့်ဝင်ငွေများဖြင့် လမ်းဖောက်ခြင်း၊ တံတာဆောက်ခြင်း၊ ရေမြောင်းများပြုလုပ်ခြင်း လုပ်ငန်းများတွင် ခွဲဝေသုံးစွဲရကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ
ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

Upcoming Property Events

area-one-business-complex
cherry-condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service