ချမ်းသာချင်ပါသလား ? ကိုယ်ပိုင်လုပ်ငန်းစတင်လုပ်ပါ။ ဝင်ငွေရနိုင်မယ့်လမ်းကို တစ်ခုထက်မက ဖောက်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
15348 Views

ချမ်းသာချင်ပါသလား ? ကိုယ်ပိုင်လုပ်ငန်းစတင်လုပ်ပါ။ ဝင်ငွေရနိုင်မယ့်လမ်းကို တစ်ခုထက်မက ဖောက်ပါ

Knowledge | Posted by Zarni Kyaw

ဘဝမှာ ချမ်းချမ်းသာသာပြည့်ပြည့်စုံစုံနေလိုလျှင် သာမန်လခစားဝန်ထမ်းဘဝနှင့် ဘယ်လိုမှမဖြစ်နိုင်ပါ။ အခြားဝင်ငွေများဝင်နိုင်မယ့်အရင်းအမြစ်တွေ တစ်ခုထက်မကရှိဖို့ လိုအပ်ပါတယ်။ ဝင်ငွေရနိုင်မယ့်လမ်းတစ်ခုထက်မက ရှိနေခြင်းသည် သာမန်ရှင်သန်ရပ်တည်ဖို့ တင်မဟုတ်ဘဲ ချမ်းသာကြွယ်ဝစေသောလမ်းကြောင်းများပင်ဖြစ်တယ်။

+++ ကိုယ့်အားကိုယ်ကိုးပြီး ကြွယ်ဝချမ်းသာနေသူတွေရဲ့ ဝင်ငွေရနေတဲ့လမ်းကြောင်းတွေ ဘယ်နှစ်ခုလောက်ရှိလဲ ? +++

ကြွယ်ဝချမ်းသာနေတဲ့သူတွေဟာ ဝင်ငွေလမ်းကြောင်းတစ်ခုတည်းအပေါ် မမှီခိုပါဘူး။ အခြားသော ငွေဝင်နိုင်မယ့်နည်းလမ်းတွေကို အမြဲရှာဖွေကြံဆနေသူများဖြစ်တယ်။ “Rich Habits” စာအုပ်ရေးသားခဲ့သော စာရေးဆရာ Tom Corley ရဲ့ ၅ နှစ်ကြာလေ့လာချက်အရ

၆၅ရာခိုင်နှုန်းသော သူဌေးတွေက ဝင်ငွေလမ်းကြောင်း ၃ခု၄၅ရာခိုင်နှုန်းသော သူဌေးတွေက ဝင်ငွေလမ်းကြောင်း ၄ခု၂၉ရာခိုင်နှုန်းသော သူဌေးတွေက ဝင်ငွေလမ်းကြောင်း ၅ခုနဲ့အထက် ရှိကြလို့သိရပါတယ်။ သူတို့ရဲ့ဝင်ငွေလမ်းကြောင်းတိုးလာလေ ကြွယ်ဝချမ်းသာမှုတိုးလာလေ၊ ချမ်းသာသထက်ချမ်းသာလာလေဖြစ်တယ်။ ဒါ့အပြင် ဝင်ငွေလမ်းကြောင်းတွေ တစ်ခုထက်ပိုမိုထားရှိခြင်းသည် မိမိရဲ့ပိုင်ဆိုင်မှုများကို နေရာအနှံ့တွင်ဖြန့်ကျက်ထားခြင်းနှင့် သဘောတရားဆင်တူပါတယ်။ ဝင်ငွေလမ်းကြောင်း တစ်ခုထိခိုက်ခဲ့ရင်တောင် အခြား
လမ်းကြောင်းများမှ အကျိုးအမြတ်များဖြင့် ပြန်လည်ကုစားနိုင်သောကြောင့် စီးပွားရေးထိခိုက်မှုကို နည်းပါးစေနိုင်တယ်။ ထိခိုက်မှုလုံးဝမရှိခဲ့ရင်တော့ ဖြန့်ကျက်ထားတဲ့ ဝင်ငွေလမ်းကြောင်းတွေက ဝင်လာမယ့်အကျိုးအမြတ်တွေကို တစ်လုံးတစ်ခဲရရှိမှာပဲဖြစ်ပါတယ်။

+++ ချမ်းသာကြွယ်ဝစေရန်အတွက် ဝင်ငွေလမ်းကြောင်းတွေ စတင်ဖန်တီးနိုင်ဖို့ နည်းလမ်းတွေရှိပါတယ် +++

အကယ်၍သင့်တွင် စီးပွားရေးလုပ်ငန်းရှိပြီးသားဆိုရင်ချမ်းသာကြွယ်ဝဖို့လမ်းကြောင်းပေါ်ကို ရောက်နေပါပြီ။မရှိသေးရင်တော့ အကောင်အထည်ဖော်ဖို့ စတင်ဆုံးဖြတ်ချက်လိုက်ပါ။ ပြီးရင် မိမိလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လမ်းကြောင်းတွေကို လိုက်ရှာဖော်ထုတ်ပါမယ်။ လုပ်ငန်းအမျိုးအစားဘောင်တစ်ခုထဲလုပ်ငန်းတစ်ခု အခြေကျတာနဲ့ နောက်တစ်ခုကို ချက်ချင်းအကောင်အထည်ဖော်ဖို့ပြင်ဆင်ပါ။ ဒီနေရာမှာမေးစရာရှိတာက လူတစ်ယောက်က မတူညီတဲ့ စီးပွားရေးလုပ်ငန်းနှစ်ခုကို တစ်ပြိုင်တည်းဦးဆောင် လုပ်နိုင်မှာလားဆိုတာပါပဲ။ လုပ်ငန်းနောက်တစ်ခုတိုးချဲ့ရာတွင် မိမိကိုယ်တိုင်အချိန်ပြည့်အလုပ်နှစ်ခုစာ ပင်ပန်းဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်။ ချမ်းသာကြွယ်ဝသောသူများသည် လွယ်လွယ်ကူကူနဲ့ စည်းစိမ်တိုးပွားလာတာ မဟုတ်သောကြောင့်ပဲဖြစ်ပါတယ်။

+++ သူများထက်အောင်မြင်ချင်ရင် သူများထက်ကြိုးစားရသည်မှာ သဘာဝပင် +++

Passive ဝင်ငွေရရှိဖို့ ရင်းနှီးမြှုပ်နှံပါ။ Passive ဝင်ငွေဆိုတာ အချိန်နဲ့လူ ရင်းနှီးစရာမလိုဘဲ ဝင်ငွေရနိုင်မယ့် လမ်းကြောင်းတွေဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုစတည် တည်ထောင်မယ်ဆိုရင် အချိန်ရော၊ လူပါရင်းနှီးရပါတယ်။ ဒါကြောင့် အချိန်မကုန်လူမပင်ပန်းစေပဲ စိတ်ချယုံကြည်ရတဲ့ စီးပွားရေးလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံခြင်းဖြင့် Passive ဝင်ငွေရအောင် ပြုလုပ်နိုင်ပါတယ်။

အစပိုင်း အနည်းငယ်ရင်းနှီးမြှုပ်နှံပြီး နောက်ပိုင်းတွင် ပမာဏများစွာ
အကျိုးအမြတ်ရအောင် ရင်းနှီးမြှုပ်နှံတတ်သွားပါလိမ့်မယ်။ ဒါ့ပြင်
တစ်နှစ်ပြီး တစ်နှစ် အကျိုးအမြတ်ပမာဏများမှာလည်း တဖြည်းဖြည်းတိုးတက်လာပါလိမ့်မယ်။ ထို့အတူမိမိရဲ့ ကြွယ်ဝ

+++ ချမ်းသာမှုမှာလည်း တိုးတက်လာမှာပဲဖြစ်ပါတယ်+++

နောက်ဆုံးတွင် သာမန်အသက်မွေးဝမ်းကြောင်းလမ်းကြောင်းပေါ်ကနေ ကြွယ်ဝချမ်းသာရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းရန်ဆုံးဖြတ်ချက်ချခဲ့သော ကိုယ့်ကိုယ်ကို ကျေနပ်အားရမှုဖြစ်စေပြီးတည်ငြိမ်လာသော စီးပွားရေးလုပ်ငန်းများနှင့်အတူ ကြွယ်ဝချမ်းသာသော ဘဝကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။


Credit: SFJ Strategy First

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

From 03 Jun To 30 Jun

AREA ONE Online Sales Event

myat-ingyin
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service