ဂျပ်စတင် တင်းဘားလိတ်က Soho Penthouse ခန်းကို ဒေါ်လာ ၈ သန်းဖြင့်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
4852 Views

ဂျပ်စတင် တင်းဘားလိတ်က Soho Penthouse ခန်းကို ဒေါ်လာ ၈ သန်းဖြင့်ရောင်းချ

ဂျပ်စတင် တင်းဘားလိတ်သည် အဆိုပါအခန်းကို ၂၀၁၀ ပြည့်နှစ်အတွင်း ကန်ဒေါ်လာ ၆ ဒသမ ၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုဈေးဖြင့် ရောင်းထွက်လျှင် ကန်ဒေါ်လာ ၁ ဒသမ ၄ သန်း မြတ်စွန်းမည်ဖြစ်သည်။

ဂျပ်စတင် တင်းဘားလိတ်နှင့် ဂျက်ဆီကာ ဘိုင်ယယ်တို့သည် ယခုအခန်းတည်ရှိရာ လမ်းတွင်ပင် ပိုမိုခမ်းနားသည့် penthouse တစ်ခန်း ဝယ်ယူလိုက်ပြီး တစ်နှစ်အကြာတွင် မူလနေအိမ်ခန်းကို ရောင်းထုတ်လာခြင်း ဖြစ်သည်။

ဈေးကွက်တင်လာသည့် အခန်းတွင် အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၄ ခန်း ပါဝင်သည်။

အနောက် ဘရော့ဝေးလမ်းရှိ soho mews ကွန်ဒိုတွင် တည်ရှိသည်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်သော မစ္စတာ တင်းဘားလိတ်ခ်သည် အဆိုပါအခန်းကို ကန်ဒေါ်လာ ၆ ဒသမ ၅၆၇ သန်းဖြင့် သူ၏စီးပွားရေး မန်နေဂျာမှတဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

စတုရန်းပေ ၂၆၀၀ ခန့် ကျယ်ဝန်းပြီး အခန်းပတ်လည်တွင် လသာဆောင်တို့ ဝန်းပတ်ထားကြောင်း ဈေးကွက်တင်သည့် အိမ်ခြံမြေအကျိုးဆောင်များဖြစ်သော ဂျရက် ဆီလစ်ဂ်မန်းနှင့် အီဗန်ဒန်းဇစ်တို့က ပြောကြားသည်။
မျက်နှာကြက်မှာ ၁၀ဘပေခန့်အထိ မြင့်မားပြီး ဓာတ်ငွေ့သုံး မီးလင်းဖိုတစ်ခု ပါဝင်သည်။

master bathroom တွင် ဝိုင်သိုလှောင်ခန်းနှင့် အပူပေးစနစ်ရှိသည့် ကြမ်းခင်း အသုံးပြုထားသည်။

ကွန်ဒိုအဆောက်အအုံတွင် ၂၄ နာရီလုံခြုံရေး၊ စုပေါင်းသုံး ပန်းဥယျာဉ်နှင့် အားကစားလေ့ကျင့်ရေးခန်းမတို့ ပါဝင်သည်။

ဂျပ်စတင် တင်းဘားလိတ်ခ်တို့ စုံတွဲသည် ပြီးခဲ့သော ၂၀၁၇ နှစ်အတွင်းက နယူးယောက်မြို့၊ ဂရင်းဝစ်ခ်ျရွာ၊ အမှတ် ၄၄၃ ရှိ penthouse ခန်းကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ဝယ်ယူခဲ့ပြီးနောက် ယခုနေအိမ်ခန်းကို ရောင်းချလာခြင်း ဖြစ်သည်။

ဂရင်းဝစ်ခ်ျရွာ penthouse ခန်းသည် မူလက စက်ရုံအဆောက်အအုံဖြစ်ပြီး နောက်ပိုင်းတွင် ဇိမ်ခံလူနေကွန်ဒိုမီနီယံအဖြစ် ပြောင်းလဲ ဆောက်လုပ်ခဲ့သည့် အဆောက်အအုံတွင် တည်ရှိခြင်း ဖြစ်သည်။

ယင်းပတ်ဝန်းကျင်တွင် နေထိုင်လျက်ရှိကြသည့် အခြားကမ္ဘာကျော်များမှာ ဂျနီဖာလောရင့်စ်၊ ဘလိတ်ခ် လစ်ဗ်လေ၊ မဂ်ရိုင်ယန်နှင့် ရီဘယ်လ် ဝီလ်ဆင်တို့ ဖြစ်ကြသည်။

ဂျပ်စတင် တင်းဘားလိတ်ခ်သည် ဂရင်းဝစ်ခ်ျရွာ penthouse ခန်းကို ဝယ်ယူခဲ့ရာတွင် Soho Mews လူနေခန်း ဝယ်ခဲ့စဉ်က ကုမ္ပဏီထံတွင်ပင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျပ်စတင် တင်းဘားလိတ်က Soho Penthouse ခန်းကို ဒေါ်လာ ၈ သန်းဖြင့်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ဂျပ်စတင် တင်းဘားလိတ်က Soho Penthouse ခန်းကို ဒေါ်လာ ၈ သန်းဖြင့်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ဂျပ်စတင် တင်းဘားလိတ်က Soho Penthouse ခန်းကို ဒေါ်လာ ၈ သန်းဖြင့်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ဂျပ်စတင် တင်းဘားလိတ်က Soho Penthouse ခန်းကို ဒေါ်လာ ၈ သန်းဖြင့်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ဂျပ်စတင် တင်းဘားလိတ်က Soho Penthouse ခန်းကို ဒေါ်လာ ၈ သန်းဖြင့်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ဂျပ်စတင် တင်းဘားလိတ်က Soho Penthouse ခန်းကို ဒေါ်လာ ၈ သန်းဖြင့်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ဂျပ်စတင် တင်းဘားလိတ်က Soho Penthouse ခန်းကို ဒေါ်လာ ၈ သန်းဖြင့်ရောင်းချ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service