နေပြည်တော်ရှိ သံတမန်ဇုံတွင် နိုင်ငံခြားသံရုံးသုံးခုက မြေနေရာများဝယ်ယူထား - Property News in Myanmar from iMyanmarHouse.com
4953 Views

နေပြည်တော်ရှိ သံတမန်ဇုံတွင် နိုင်ငံခြားသံရုံးသုံးခုက မြေနေရာများဝယ်ယူထား

နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိသံတမန်ဇုံ ဖော်ဆောင်ထားသော နေရာတွင် ဘင်္ဂလားဒေ့ရှ်၊ မလေးရှား နှင့် ဘရူးနိုင်း နိုင်ငံတို့မှ မြေနေရာများ ကို ၀ယ်ထားကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးမင်းသူကပြောကြားသည်။

“သံရုံးတွေက ဒီမှာတော့ ဆက်ပြီးလာတာကတော့ အားလုံး နိုင်ငံ တကာအဖွဲ့အစည်း ကမ္ဘာ့ဘဏ်လို အပါအ၀င်၊ ကုလသမ္မဂ္ဂ အဖွဲ့အစည်းတွေ အပါအ၀င် ၁၇ နိုင်ငံလောက်ရှိသွားပြီပေါ့လေ။ အဲ့ထဲမှာ သုံးနိုင်ငံတော့ လက်ဝယ်ယူထားပြီပေါ့။ မှတ်မိသလောက်ပြောရရင် ဘင်္ဂလားဒေ့ရှ်ရယ်၊ မလေးရှားရယ် ၊ ဘရူနိုင်းရယ်ပေါ့”ဟု ဦးမင်းသူမှ ပြေကြားသည်။

အဆိုပါ ၀ယ်ယူထားသည့်သုံးနိုင်ငံထဲတွင် ဘရူနိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသည် သံရုံးမြေနေရာချင်း လှဲလှယ် ထားခြင်းဖြစ်သည်။

အဆိုပါ သံတမန်ဇုံ မြေနေရာသည် နေပြည်တော်ရှိ သစ်တောကြိုးဝိုင်း ၁၅၅၀ဧက ကို ဖျက်သိမ်းထားပြီး တစ်ဘလောက်လျှင် အကွက် ကိုးကွက်ဖြင့် အကွက်ပေါင်း ၁၂၀ ဖော်ထားသည်။

အကွက် တစ်ကွက်လျှင် ၅.၇၄ ဧက ကျယ်ဝန်းကာနှစ် ၅၀ မြေပေးမိန့်ထုတ်ပေးထားသည်။မြေတစ်ဧက လျှင် ဒေါ်လာ ငါးသိန်း ဖြစ်သောကြောင့် တစ်ကွက်တန်ကြေးသည် ဒေါ်လာ သုံးသန်းနီးပါးရှိပြီး နိုင်ငံကြီးများမှ ၀ယ်ယူရာတွင် အဆင်ပြေသော်လည်း နိုင်ငံငယ်လေးများအတွက် မတတ်နိုင်သော နှုန်းထားဖြစ်သောကြောင့် ပြောင်းလဲပြင်ဆင် ဖြေလျော့မှုများကို နိုင်ငံခြားရေး ၀န်ကြီးနှင့် ဌာန ဆိုင်ရာများမှ ၀င်ရောက် ညှိုနှိုင်းဆောင်ရွက်ပေးနေသည်ဟု ဦးမင်းသူက ပြောကြားသည်။

“အဲ့ထဲမှာ ထူးထူးခြားခြား တစ်ချို့ကျတော့လည်း ၅.၇၄ ဧက တစ်ကွက်ကို မယူနိုင်ပဲနဲ့ တစ်ဝက်လောက် ထပ်စိတ်ချင်တာမျိုးလေး၊ နိုင်ငံငယ်လေး တွေ သံရုံးတွေလည်းတောင်းဆိုလာတယ်။ အဲ့ဒီအပြင်ထူးခြားတာကလည်း နှစ်ကွက်ထပ်ပိုပြီးတော့ ယူချင်တဲ့ နိုင်ငံကြီးတွေ ဥပမာ အမေရိကန် နိုင်ငံလိုမျိုးလို တရုတ်နိုင်ငံတို့ကျတော့ အနည်းဆုံးငါးကွက်တို့ အဲ့ထက်ကို ပိုယူချင်တာ ရှိလာတယ်။ ဒါကြောင့်ဒီဟာ အပေါ်မှာ သူရဲ့ ၀န်ထမ်း အခြေအနေနဲ့ဒီလိုမျိုးတွေ ယူနိုင်တာ ရှိတယ်ပေါ့။ တချို့ကျတော့လည်း ဘက်ဂျက် အခြေအနေ အရ တစ်ကွက်ကို သုံးသန်းလောက်တန်နေတဲ့ အကွက်မျိုးဆိုတော့ မြေကွက်တန်ဖိုးကြီးပဲ ဖြစ်နေတာကိုး။ အဆောက်အဦးကိစ္စနဲ့ကျတော့ သူတို့ကုန်ကျနိုင်တဲ့ အတွက် ဒီမှာပဲ ရှိတဲ့ အဆောင်တွေမှာ နေနိုင်မလား ဒါမျိုးမေးမြန်းလာတာ ရှိတယ်” ဟု ဦးမင်းသူမှ ပြောကြားသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း သံရုံးများမှ တင်ပြထားသော အဆိုပြုတင်ပြချက်များထဲမှလက်တွေ့ဖြစ် နိုင်မည့် အချက်များကို ဆောင်ရွက်ပေးနိုင်ရန် နှင့်ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာ ဝန်ဆောင်မှုကိစ္စရပ်များကို ပိုမိုမြှင့်တင် ဆောင်ရွက်ပေးရန် ဖေဖော်ဝါရီ ၁၂ရက်နေ့က ကျင်းပပြုလုပ်သော အစိုးရ ရုံးစိုက်ရာ နေပြည်တော်သို့ နိုင်ငံခြားသံရုံးများ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး၊ နေပြည်တော်သံတမန်ဇုန် မြေ၀ါဒ ဆိုင်ရာ ညှိုနှိုင်းဆွေးနွေးပွဲတွင် တိုက်တွန်းပြောကြားထားသည်။

အဆိုပါ သံတမန်ဇုန် နေရာကို ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဇုန် နောက်ကျောဘက်နေရာတွင် ဖော်ဆောင်ထားပြီး ၄င်း သံတမန်ဇုန်အတွင်း ရေ၊မီးနှင့် မိလ္လာကိစ္စများက အစ စီပင်သာယာရေးကော်မတီမှ စနစ်တကျ ဖော်ဆောင်ထားပြီးဖြစ်သည်ဟု ဦးမင်းသူကပြောကြားသည်။

Credit: Mizzimaburmese

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service