ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ ဆိုင်ခန်းငှားရမ်းမှုကို စစ်ဆေးမည် - Property News in Myanmar from iMyanmarHouse.com
5253 Views

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ ဆိုင်ခန်းငှားရမ်းမှုကို စစ်ဆေးမည်

ရန်ကုန်တိုင်းဒေသကြီး ရှိ ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးများတွင် ငှားရမ်းထားသည့် ဆိုင်ခန်းများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခွင့်ပြု ချက်ဖြင့်ဆောင်ရွက်ခြင်းမဟုတ် ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးအစီအစဉ်ဖြင့်သာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီး အောင်စိုးမိုး ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး များသည်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခွင့်ပြုချက် ရန်ပုံငွေဖြင့် ဆောက်လုပ်ခြင်းမဟုတ်ဘဲ ကန်ထရိုက်နှင့် အကျိုးတူဆောက် လုပ်ခြင်း၊ ထို့အပြင်ရပ်ကွက် နေပြည်သူများထည့်ဝင်ထားသည့် အလှူငွေဖြင့်ဆောက် လုပ်ခြင်းကိုတွေ့ရကြောင်း ၎င်းကပြောသည်။

‘‘ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ဆိုင်ခန်းနေရာများ ငှားရမ်းထားတဲ့ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံး တစ်ရုံးချင်းစီအလိုက် ငှားရမ်းထားရှိမှုအခြေအနေကို စုံ စမ်းစစ်ဆေးရေးအဖွဲ့စည်းအပြီး အဖွဲ့ရဲ့တွေ့ရှိချက်ကို စိစစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု နယ်လုံဝန်ကြီးကဖြေကြား သည်။

လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စား လှယ် ဦးကျော်မင်းဟန်၏ ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးခန်းအချို့တွင် ရန်ပုံငွေအကြောင်းပြချက်ဖြင့် ရုံး ဧရိယာအတွင်း ဆိုင်ခန်းနေရာ ငှားစားနေခြင်းများကို ခွင့်ပြုထား ခြင်းရှိ၊ မရှိနှင့် ခွင့်ပြုထားခြင်းရှိ လျှင်လျင်မြန်စွာ ဖယ်ရှားဆောင် ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုကြောင်းမေးခွန်းမေးမြန်းမှု အပေါ်အထက်ပါအတိုင်း ဖြေ ကြားခဲ့သည်။

‘‘ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွေထားတဲ့အနေအထားက လည်းကန်ထရိုက်နဲ့သဘောတူ ပြီးနှစ်ထပ်အဆောက်အအုံမှာ အပေါ်ကရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးဖြစ်ပြီးတော့ အောက်ထပ်မှာဆိုင်ခန်းတွေငှားရမ်း အသုံးပြု လျက်ရှိတာကို တွေ့ရှိရပါ တယ်’’ ဟု ၀န်ကြီးကဆိုသည်။

ထို့ပြင် ရပ်ကွက်အတွင်း လူမှုရေးကိစ္စများတွင် ထောက်ပံ့နိုင်ရန်သဘောတူညီချက်များနှင့် ငှားရမ်းဆောင်ရွက်ခြင်း၊ ဈေး ဆိုင်ခန်းငှားရမ်းမှုမှ ရရှိသည့် ငွေများကို ရပ်ကွက်အုပ်ချုပ်ရေး အဆောက်အအုံဆောက်လုပ်သည့်အချိန် ကုန်ကျစရိတ် တစ်စိတ်တစ်ပိုင်းကို ကျခံသုံးစွဲနိုင်ရေးကန်ထရိုက်နှင့် သဘောတူပြီး ဆောက်လုပ်ခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service