အိမ်၊ ခြံ၊ မြေနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ နိုင်ငံသားလုပ်ငန်းရှင် အများဆုံးရင်းနှီးမြှုပ်နှံ - Property News in Myanmar from iMyanmarHouse.com
4895 Views

အိမ်၊ ခြံ၊ မြေနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ နိုင်ငံသားလုပ်ငန်းရှင် အများဆုံးရင်းနှီးမြှုပ်နှံ

အိမ်၊ ခြံ၊ မြေလုပ်ငန်းနှင့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတို့တွင် နိုင်ငံသားလုပ်ငန်းရှင်များ အများဆုံးရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံပမာဏ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနထံမှ သိရသည်။

အိမ်၊ ခြံ၊ မြေကဏ္ဍမှာမူ နိုင်ငံသားပါမက နိုင်ငံခြားသားလုပ်ငန်းရှင်များ စိတ်ဝင်စားသည့် လုပ်ငန်းဖြစ်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ ဖော်ဆောင်ခြင်း၊ အဆင့်မြင့်အိမ်ရာများ ဖော်ဆောင်ပြီး ကွန်ဒိုခန်းများ ရောင်းချခြင်းများကြောင့် ရင်းနှီးမြှုပ်နှံမှု တိုးလာခြင်းဖြစ်ကြောင်း ယင်းဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

“အခုဆို ဆက်သွယ်ရေးလုပ်ငန်းက MyTel လိုမျိုး ရင်းနှီးမြှုပ်နှံမှု အကြီးစားတွေပေါ်လာတယ်။ ပြီးတော့လည်း ပို့ဆောင်ရေးလုပ်ငန်းတွေက လုပ်ငန်းတွေ ထပ်ချဲ့တာတွေရှိတော့ ပြည်တွင်းလုပ်ငန်းရှင်တွေက ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာတာပါ”ဟု ၎င်းက ဆိုသည်။

ယင်းကဏ္ဍများအပြင် စက်မှုလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ကြပြီး ယခုဘဏ္ဍာနှစ် ၁၁ လ ကာလအတွင်း ရင်းနှီးမြှုပ်နှံပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်အပါအဝင် မြန်မာငွေကျပ် ၃ ဒသမ ၃ ထရီလီယံကျော် ရရှိခဲ့ကာ ယင်းပမာဏသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် အပါအဝင် ကျပ် ၂ ထရီလီယံကျော် ပိုပြီးရင်းနှီးမြှုပ်နှံလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံသား လုပ်ငန်းရှင်များသည် စက်မှုလုပ်ငန်းတွင် ပိုမိုရင်းနှီးမြှုပ်နှံလိုကြပြီး စက်မှုဇုန်အသစ်များ ပိုမိုထွက်ပေါ်လာပါက ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့နိုင်ကြောင်း၊ သို့သော်လည်း လက်ရှိအချိန်အထိ မြေယာပြဿနာမှာ အဟန့်အတားတစ်ခု ဖြစ်နေသည့်အတွက် ရင်းနှီးမြှုပ်နှံမှုများတွင် အခက်အခဲဖြစ်နေကြောင်း အထည်ချုပ်လုပ်ငန်းရှင် ဦးအောင်ဝင်းက ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုများ ယခုထက်ပိုတိုးလာစေရန် အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် မှတ်ပုံတင်ကြေး လျှော့ချပေးရန် လုပ်ဆောင်နေပြီး အခွန်များ လျှော့ချနိုင်ရေးအတွက်လည်း ပြန်လည် စဉ်းစားနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service