ရန်ကုန်မြို့ရှိ ဆောက်လုပ်ဆဲတိုက်ခန်းတွေရဲ့ ငွေပေးချေမှုစနစ် - Property News in Myanmar from iMyanmarHouse.com
5099 Views

ရန်ကုန်မြို့ရှိ ဆောက်လုပ်ဆဲတိုက်ခန်းတွေရဲ့ ငွေပေးချေမှုစနစ်

ရန်ကုန်မြို့ရှိ ဆောက်လုပ်နေတဲ့ တိုက်ခန်းတွေရဲ့ ဆောက်လုပ်ပြီးစီးမှုနဲ့ အရစ်ကျငွေပေးချေမှုစနစ်ကို ဖော်ပြပေးပါမည်။

အမှတ်(၄၄၂)

အမှတ်(၄၄၂) ပရောဂျက်က ကနဦးပေးသွင်းငွေ (၃၀)ရာခိုင်နှုန်း ပေးချေရမှာဖြစ်ပြီး ကျန်ငွေကို ကမ္ဘောဇဘဏ် (သို့) စီဘီဘဏ်နဲ့ ချိတ်ဆက်ပြီး (၅)နှစ်အရစ်ကျ ပေးချေဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ အထပ်ပေါင်း(၈)ထပ်ရှိပြီး (၁)လွှာမှာ (၂)ခန်းပါဝင်ပါတယ်။ ပန့်ဟောက်(စ်) (၁)ခန်း ပါဝင်ပါတယ်။အခန်းအကျယ်တွေက (၁၇x၅၄)ပေဖြစ်ပြီး ပန့်ဟောက်(စ်)မှာ စတုရန်းပေ (၅၅၁) ကျယ်ဝန်းပါတယ်။ အခန်းဈေးတွေက မြေညီထပ်ကို ကျပ်သိန်း (၁၅၀၀)ဖြစ်ပြီး ကျန်အခန်းတွေမှာ ကျပ်သိန်း (၇၀၀) ဖြစ်ပါတယ်။ (၈)ယောက်စီး ဓာတ်လှေကား(၁)စီး၊ ကိုယ်ပိုင်မီတာ၊ ကိုယ်ပိုင်မော်တာ၊ မီးစက်နဲ့ ထရန်စဖော်မာ(၁)လုံး၊ တိုက်ခန်းလုံခြုံရေးစနစ် စတဲ့ Facilities တွေ ပါဝင်ပြီး ပရောဂျက်မှာ (၂၀၁၈) ဇွန်လမှာ စတင်ပြီး (၂၀၁၉) ဇွန်လမှာ ပြီးစီးမှာ ဖြစ်ပါတယ်။ အမှတ်(၄၄၂)၊ မင်းခေါင်လမ်း၊ (၆)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့မှာ Sun Myat Tun က ဆောက်လုပ်နေကြောင်း Myanmar Builders Guide က သိရပါတယ်။

Shwe Yinn Mar Residence

အမှတ်(၄၅၇)၊ Shwe Yinn Mar Residence ကို အရစ်ကျငွေပေးချေစနစ် (သို့) ကမ္ဘောဇဘဏ်နဲ့ ဧရာဝတီဘဏ်တွေနဲ့ ချိတ်ဆက်ပြီး မိုးမြင့်စံဆောက်လုပ်ရေးမှာ ဝယ်ယူနိုင်ပါတယ်။ Room Type အမျိုးအစားဖြစ်ပြီး ပိုင်ဖောင်ဒေရှင်း၊ ကားပါကင်၊ ကိုယ်ပိုင်မီတာ၊ မော်တာ၊ မြေအောက်ရေပိုက်ခေါင်း၊ မီးဖိုခုံ၊ စတီးဘေစင်၊ မီးဖိုခန်း၊ (နံရံကြွေပြားအပြည့်ခင်း/ကပ်)ရေချိုးခန်း၊ အိမ်သာ နံရံအပြည့်ကြွေပြားကပ်၊ ဧည့်ခန်း၊ အိမ်ခန်းတွေမှာ ပါကေးခင်း၊ အဆင့်မြင့် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ Shwe Yinn Mar Residence အမှတ်(၄၅၇)၊ အောင်ချမ်းသာလမ်းနဲ့ ရွှေယင်းမာလမ်းထောင့်၊ ရန်ကင်းမြို့နယ်မှာ Mezzanine Slab လောင်း ပြင်ဆင်နေတယ်လို့ မိုးမြင့်စံဆောက်လုပ်ရေးက သိရပါတယ်။

အမှတ်(၆၅၂)

အမှတ်(၆၅၂) တိုက်ခန်းတွေကို ကနဦးပေးသွင်းငွေ (၃၅)ရာခိုင်နှုန်း ပေးသွင်းပြီး ကျန်ငွေကို (၄၈)လ အတိုးမဲ့ အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်ပါတယ်။ အထပ်ပေါင်း(၈)ထပ်ရှိပြီး (၁)လွှာမှာ (၂)ခန်းပါဝင်ပါတယ်။ ပန့်ဟောက်(စ်) (၁)ခန်း ပါရှိပါတယ်။ အခန်းဈေးနှုန်း ပထမထပ် သိန်း (၁၃၀၀)၊ ဒုတိယထပ် သိန်း (၁၂၀၀)၊ တတိယထပ် သိန်း (၁၁၅၀)၊ စတုတ္ထကို သိန်း (၁၁၀၀)၊ ပဉ္စမထပ် သိန်း (၁၀၅၀)၊ (၈)လွှာကို သိန်း (၁၀၀၀)ဖြစ်ပြီး ပန့်ဟောက်(စ်)ကို သိန်း (၁၃၀၀) ဖြစ်ပါတယ်။ အခန်းအကျယ်မှာ (၂၄x၄၇)ပေရှိပြီး လက်ရှိမှာ (၅၀)ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကာ အမှတ်(၆၅၂)၊ မေတ္တာလမ်း၊ တောင်ဥက္ကလာပမြို့နယ်မှာ တည်ရှိပါတယ်။

Credit: Myanmar Builders Guide

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service