အ၀ယ်လိုက်လာသော တောင်ဒဂုံမြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
5369 Views

အ၀ယ်လိုက်လာသော တောင်ဒဂုံမြေဈေးကွက်

တောင်ဒဂုံမြို့နယ်ရှိ မြေကွက်များ ဈေးနှုန်းကျ ဆင်းနေသော်လည်း ၎င်းင်းအကျဈေးဖြင့် ပင် အ၀ယ်လိုက်လျက်ရှိကြောင်း အိမ်ခြံမြေ ဈေးကွက်အတွင်းမှ သိရသည်။

““ဒီရက်ပိုင်းမှာ လုပ်ငန်းရှင်တစ် ဦးက စက်မှုဇုန် လေးဧက ၀ယ်ယူပြီးချိန် ကစပြီးတော့ မြေကွက်တွေ အ၀ယ်လိုက် လာတာပါ”” ဟု ဒေသခံ အိမ်ခြံမြေအကျိုး ဆောင် မချိုနွယ်ကပြောသည်။

သို့သော် မြေကွက်ဈေးနှုန်းများ မှာ သိသိသာသာ ကျဆင်းနေပြီး မြေကွက် ပိုင်ရှင်အများစုက အရှုံးခံ ရောင်းချနေကြ ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

““လမ်းမတန်းပေါ်က ပေ ၄၀xပေ ၆၀ မြေတစ်ကွက်ကို ကျပ်သိန်း ၂၈၀ လောက်ပဲ ပေါက်ဈေးနဲ့ အရောင်းအ၀ယ် ဖြစ်နေပါတယ်။ အရင်တုန်းက အဲဒီမြေ ကွက်တွေက တစ်ကွက်ကို အနည်းဆုံး သိန်း ၄၀၀ လောက် ပေါက်ဈေးရှိခဲ့ပါ တယ်””ဟု ၄င်းက ပြောသည်။

အိမ်ခြံမြေဈေးကောင်းခဲ့စဉ်အ ချိန်က ဈေးနှုန်းကြီးမြင့်စွာဖြင့် မြေကွက် များ ၀ယ်ယူထားသူများပင်လျှင် အကျ ဈေးဖြင့် ယင်းမြေကွက်များကို ပြန်လည် ရောင်းချလာကြကြောင်း မချိုနွယ်က ပြောသည်။

““မြေဈေး ထပ်မတက်နိုင်တော့ ဘူးလို့ ယုံကြည်နေတာတွေကြောင့် မြေ ကွက်ကို ဈေးကစားဖို့ ဆက်ရင်းနှီးမမြှုပ်နှံ လိုကြတော့ဘဲ အကျဈေးနဲ့ပဲ ရောင်းကြ တာ ဖြစ်နိုင်ပါတယ်””ဟု ၄င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက မြို့သစ်များ ချဲ့ထွင်ခြင်းနှင့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်း အကောင်အထည်ဖော် မှုများ ပြုလုပ်လာသည့်အပြင် မြေဈေးနှုန် များ ဆက်လက်မမြင့်တက်စေရန် ဈေးနှုန်းထိန်းမည်ဟု ပြောဆိုမှုများလည်းရှိသည့် အတွက် မြေကွက်ဈေးများ မမြင့်တက်လာနိုင်ဟု အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများက ယုံကြည်လာကြခြင်းဖြစ်သည်ဟု မြောက် ဒဂုံမြို့နယ် အခြေစိုက်
သစ္စာမြေ အိမ်ခြံ မြေ အကျိုးဆောင်လုပ်ငန်းမှ မသူဇာမေ ကပြောသည်။

““အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံလိုသူအများစုက မြေဈေးကအတက်ဘက်ထက် အကျဘက်ကိုပဲ ဦးတည်နေတယ်လို့ ယုံကြည်နေကြအတယ်။ အကျဘက်ပဲ ဦးတည်မယ်လို့ တွေးနေကြတော့ ရင်းနှီးမြှုပ်နှံဖို့ ၀ယ်ယူသူမရှိကြဘဲ နေထိုင်ဖို့ စီးပွားရေး လုပ်ငန်းတွေလုပ်ဖို့ပဲ မြေကွက်တွေကို ၀ယ်ယူလာကြတယ်””ဟု ၄င်းက ပြောသည်။

““အရှေ့ဒဂုံမြို့နယ်များနှင့် မြောက်ဒဂုံမြို့နယ်များတွင်လည်း မြေကွက်များ ဈေးနှုန်းကျဆင်းပြီး နေထိုင်ရန် ၀ယ်ယူလို သူများရှိကြောင်း”” မချိုနွယ်က ပြောသည်။

““အရှေ့ဒဂုံမြို့နယ်မှာ ပေ ၄၀၊ ပေ ၆၀ မြေတစ်ကွက်ကို အရင်က သိန်း ၅၀၀ လောက် ပေါက်ဈေးရှိခဲ့ပေမယ့် အခု သိန်း ၃၅၀ လောက်ပဲ ဈေးရှိတော့တယ်။ မြောက်ဒဂုံမြို့နယ်မှာတော့ အရင်က သိန်း ၈၀၀ လောက် ပေါက်ဈေးရှိခဲ့တဲ့ ပေ ၄၀x ပေ ၆၀ မြေတစ်ကွက်ကို အခု သိန်း ၄၅၀ လောက်နဲ့ အရောင်းအ၀ယ် ဖြစ်ပါတယ်””ဟု ၄င်းက ပြောသည်။

ယခုအခါတွင် အိမ်ခြံမြေနှင့် ပတ်သက်၍ တောင်ဒဂုံမြို့နယ်တွင်သာမ က မြို့နယ်တော်တော်များများတွင် ယခင် နှစ်ကတည်းကပင် ရောင်းလိုအားမှာ ၀ယ် လိုအားထက် များနေခဲ့ကြပြီး ယခုနှစ်ဆန်း ပိုင်းမှ စတင်ကာ ၀ယ်လိုအား တဖြည်း ဖြည်းတက်လာကြောင်း အိမ်ခြံမြေလေ့လာ ကျွမ်းကျင်သူများက ဆိုသည်။

မယ်တင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service