ရန်ကုန်-ဒလတံတားစီမံကိန်း ဧရိယာနှင့်မလွတ်ကင်းသည့် အဆောက်အအုံ ၇၀ နစ်နာကြေးရရှိရန် ကျန်နေသေးကြောင်းသိရ - Property News in Myanmar from iMyanmarHouse.com
5100 Views

ရန်ကုန်-ဒလတံတားစီမံကိန်း ဧရိယာနှင့်မလွတ်ကင်းသည့် အဆောက်အအုံ ၇၀ နစ်နာကြေးရရှိရန် ကျန်နေသေးကြောင်းသိရ

ရန်ကုန်-ဒလ တံတားစီမံကိန်း ဧရိယာအတွင်းကျရောက်နေသော မလွတ်ကင်းသည့် အဆောက်အအုံ ၇၀ အတွက် နစ်နာကြေးပေးရန် ကျန်ရှိနေသေးကြောင်း ကမာကဆစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ဖေဖော်ဝါရီ ၂၀ ရက်က News Watch သို့ ပြောသည်။

''အဆောက်အအုံအားလုံး ၁၂၀ လောက်ရှိတယ်။ အဆောက်အအုံတွေက ပရဟိတအသင်းအဖွဲ့တွေပါတယ်။ လုပ်ငန်းရှင်တွေရဲ့ အလုပ်ရုံတွေပါတယ်။ ကွမ်းယာဆိုင်လေးတွေပါတယ်။ ဈေးဆိုင်လေးတွေပါတယ်။ တချို့ကျတော့ ကျူးကျော်နေအိမ်လေးတွေပါတယ်။ ကမ်းနားဘက်အခြမ်းဆိုရင် သမ္ဗန်ဆိပ်နှစ်ခုပါတယ်။ သူတို့ကို နောက်ဆုံးရွှေ့ရမယ့် date မပေးထားသေးဘူး။ သူတို့က ၁၂၀ လောက်မှာ ၇၀ ကျော်က ကရုဏာကြေးမပေးရသေးဘူး။ မပေးရသေးတဲ့အတွက် သူတို့ရွှေ့ပြောင်းပေးဖို့အတွက် ညွှန်ကြားချက်မထွက်သေးဘူး။ နောက်ဆုံးရက် ညွှန်ကြားချက်မထွက်သေးဘူး။ ကရုဏာကြေးမရသေးတဲ့သူ တွေအတွက် ဘတ်ဂျက်တင်ထားတယ်။ ရက်အတိအကျတော့ပြောလို့မရသေးဘူး။ ဘတ်ဂျက်ကျတဲ့အပေါ်မှာ မူတည်ပြီးတော့ လုပ်ရမှာ။ ကရုဏာကြေးက တံတားဦးစီးကပေးတာ''ဟု ၎င်းကပြောသည်။

ထိုသို့နစ်နာကြေးပေးရာတွင် အဆောက်အအုံအမျိုးအစားအလိုက် တွက်ချက်ပေးခြင်းဖြစ်ပြီး တရားဝင်လိုင်စင်၊ ဂရန်၊ ပါမစ်ရှိကြသူများအနေဖြင့် ခံစားခွင့်ပိုမိုရရှိကြောင်း သိရသည်။

''သူ့အဆောက်အအုံ အမျိုးအစား ပေါ်မူတည်တာပေါ့။ ၅၀,၀၀၀ ရှိတယ်။ ၃၀,၀၀၀ ရှိတယ်။ တသိန်းခွဲရှိတယ်။ ငါးသိန်းတန်ရှိတယ်။ ဆယ်သိန်းတန်ရှိတယ်။ ကွမ်းယာဆိုင်က နှစ်မျိုးရှိတယ်။ မြို့နယ်စည်ပင်မှာ တရားဝင်လုပ်ငန်းလိုင်စင်နဲ့ဖွင့်တာရှိတယ်။ လိုင်စင်မဲ့ ကိုယ့်သဘောနဲ့ ကိုယ်ဖွင့်တဲ့ဆိုင်ရှိတယ်။ လိုင်စင်ရှိတဲ့သူ ကတော့ ခံစားခွင့်ပိုများတာပေါ့။ တရားဝင် အခွန်ပေးပြီး ရောင်းတာက သုံးသိန်းရတယ်။ ကိုယ့်သဘောနဲ့ကိုယ်ရောင်းတဲ့ဆိုင်လေးတွေကတော့ ၅၀,၀၀၀ ပဲရတယ်''ဟု ၎င်းက ပြောသည်။

အဆိုပါတံတားစီမံကိန်း ဧရိယာအတွင်း မလွတ်ကင်း၍ လက်ဖက်ရည်ဆိုင်အား ဖျက်ပေးလိုက်ရသော လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးမောဂါးက ''ကျွန်တော့ဆိုင် က ၁၅ ပေ ပါသွားတယ်။ ပိုတာက စည်ပင်မြေကြီးပဲလေ။ ကျွန်တော်တို့မြေပေါ်မှာ ၁၅ ပေပါတယ်။ ၈ ပေက အငှား၊ ၇ ပေက လျော်ကြေးပေးတာပေါ့။ နစ်နာကြေးပေးတဲ့သဘောပေါ့။ အားလုံးပေါင်း ၁၅၆ သိန်းရတယ်။ ဖျက်ပေးလိုက်တာကတော့ ဇန်န၀ါရီ ၃၁ ရက်က။ ကျန်တဲ့သူတွေလည်း ဖျက်တာတော့ ဖျက်နေကြပြီ။ ကျွန်တော့ဆိုင်ကတော့ ကျဉ်းသွားတယ်။ တံတားဆိုတော့လည်း လုပ်ပေးရတာပေါ့။ ဒီလိုပဲ လုပ်စားရမှာပဲ''ဟု ပြောသည်။

လက်ရှိအချိန်တွင် တံတားစီမံကိန်းအတွက် မြေပြင်ရှင်းလင်းခြင်းလုပ်ငန်းများ ကို စတင်နေပြီဖြစ်ပြီး စီမံကိန်းဧရိယာ၏ တဖက်တချက်တွင် လူသွားလမ်းလုပ်ပေးရန်အတွက် မြေဖို့ခြင်းလုပ်ငန်းများဆောင် ရွက်လျက်ရှိသည်။

ဆောက်လုပ်ရေးအဖွဲ့အနေဖြင့်လည်း ခြံစည်းရိုးကာသည့်လုပ်ငန်းကို ယခုတပတ်အတွင်း စတင်လုပ်ကိုင်မည် ဖြစ်ပြီး၊ တံတားစီမံကိန်းဧရိယာမှာ ဒလမြို့နယ်ပိုင်းအနေဖြင့် ကမာကဆစ်ရပ်ကွက်၊ သမ္ဗန်ဆိပ်မှ နာရီစင်ထိပ်အထိဖြစ်ကြောင်း သိရသည်။

ကိုရီးယား-မြန်မာချစ်ကြည်ရေး အထိမ်းအမှတ် ယင်းတံတားစီမံကိန်းကို ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (EDCF Loan) ချေးငွေဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ် ကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းကုန်ကျမည်ဖြစ်ကြောင်း တံတားအမျိုးအစားသည် သံမဏိကြိုးဆိုင်းဖြစ်ပြီး ပင်မတံတားအရှည် ၁၉၃၆ ပေရှိကြောင်း သိရသည်။

Credit: News Watch

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service