ကမ္ဘာကျော်ဂျင်းအဝတ်အထည် ကုမ္ပဏီ True Religion တည်ထောင်သူက နေအိမ်ကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဈေးကွက်တင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
5172 Views

ကမ္ဘာကျော်ဂျင်းအဝတ်အထည် ကုမ္ပဏီ True Religion တည်ထောင်သူက နေအိမ်ကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဈေးကွက်တင်ရောင်းချ

ကမ္ဘာကျော်ဂျင်းအဝတ်အထည်ဖြစ်သော True Religion အမှတ်တံဆိပ်ဂျင်းထည်များကို ထုတ်လုပ်သည့် ကုမ္ပဏီကို တည်ထောင်သူက ၎င်းနေအိမ်ကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဈေးကွက်တင်ရောင်းချလာသည်။

အဆိုပါ ကုမ္ပဏီကို ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဂျက်ဖ် လူဘဲလ်နှင့် ကင်မ် ဂိုးလ်ဒ်တို့က ကယ်လီဖိုးနီးယားပြည်နယ်တွင် အခြေစိုက်ကာ စတင်တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။

အရည်အသွေးကောင်းသည့် တန်ဖိုးကြီးဂျင်းထည်များကိုသာ ထုတ်လုပ်ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မန်ဟက်တန်တွင် အခြေစိုက်သည်။

ရောင်းချမည့်နေအိမ်မှာ လော့စ်အိန်ဂျလိတွင် တည်ရှိပြီး master bedroom ၇ ခန်းအထိ ပါဝင်ကာ ခြံဝန်းအတွင်း သီးသန့်လုံးချင်းတည်ဆောက်ထားသည့် ဧည့်ဂေဟာတစ်ခုလည်း ပါဝင်သေးသည်။

ရောင်းချသူမှာ ကင်မ်ဂိုးလ်ဒ်ဖြစ်ပြီး လော့စ်အိန်ဂျလိမြို့ ၊ အန်စီနိုအရပ်ရှိ ရိုးရာဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့်နေအိမ်ကို ကန်ဒေါ်လာ ၉ ဒသမ ၉၉၅ သန်းဈေးခေါ်ထားသည်။
ကင်မ်ဂိုးလ်ဒ်၏ True Religion ဂျင်းထည်များကို အကျော်အမော်တို့ နှစ်ခြိုက်ကြသည်ဟု ဆိုသည်။

ကင်မ်ဂိုးလ်ဒ်သည် La La Land ဝန်းကျင်ရှိ နေအိမ်များကို ဝယ်ယူခြင်း၊ နှစ်အနည်းငယ်အကြာတွင် ပြန်ရောင်းခြင်းတို့ မကြာခဏပြုလုပ်လျက်ရှိခဲ့သည်။

ယခုနေအိမ်ကို အဖြူရောင်ဆေးသုတ်ထားပြီး ၂ ထပ်အိမ်ဖြစ်ကာ ခြံအကျယ်အဝန်းမှာ တစ်ဧကခန့် ရှိသည်။

၂၀၁၅ ခုနှစ်တွင် ကန်ဒေါ်လာ ၆ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ပြီး အိပ်ခန်း ၇ ခန်း ပါဝင်သည်။

လမ်းမနှင့် ခွာ၍ ဆောက်လုပ်ထားကာ အိမ်ရှေ့ တွင် ကျယ်ပြန့်သည့် ကွက်လပ်ကျယ်ထားရှိထားခြင်းကြောင့် privacy အလွန် ကောင်းမွန်ကြောင်း ဈေးကွက်တင်သည့် Sotheby’s International Realty မှ အကျိုးဆောင်တစ်ဦးဖြစ်သူ တီဂျေ ပါရာဒိုက်စ်က ပြောကြားသည်။

ပထမထပ်တွင် မိသားစုနားနေခန်းများ များစွာပါဝင်သည့်အပြင် ကြီးမားသည့်မီးဖိုဆောင်နှင့် အဝတ်လျှော်ခန်းတို့လည်း ပါဝင်သည်။

ပြင်သစ်တံခါးများဆီမှတစ်ဆင့် ခြံနောက်ဘက်နားနေကွက်လပ်နှင့် ရေကူးကန်သို့ ရောက်ရှိနိုင်သည်။

ခြံဝန်းအတွင်းတွင် အလှဆင်အမိုးခုံးကြီးဖြင့် မွမ်းမံထားသည့် ဟင်းလင်းပြင်မီးဖိုဆောင်တစ်ခု ပါဝင်သည်။

ခြံဝန်းအတွင်းတည်ရှိသည့် ဧည့်ဂေဟာကို မစ္စက်ဂိုးလ်ဒ်က အားကစားလေ့ကျင့်ရန်နေရာအဖြစ် အသုံးပြုထားသည်။

ခြံနောက်ဘက်တွင် မစ္စက်ဂိုးလ်ဒ်က အဝါရောင်နှင့် အနီရောင်နှင်းဆီများ စိုက်ပျိုးထားသေး၏။

မစ္စက်ဂိုးလ်ဒ်သည် ၂၀၁၅ ခုနှစ် အတွင်းကလည်း မာလီဘူးတွင် စပိန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့်နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၈ ဒသမ ၄၅ သန်းဖြင့် ရောင်းချခဲ့ဖူးသေးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်ဂျင်းအဝတ်အထည် ကုမ္ပဏီ True Religion တည်ထောင်သူက နေအိမ်ကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဈေးကွက်တင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဂျင်းအဝတ်အထည် ကုမ္ပဏီ True Religion တည်ထောင်သူက နေအိမ်ကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဈေးကွက်တင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဂျင်းအဝတ်အထည် ကုမ္ပဏီ True Religion တည်ထောင်သူက နေအိမ်ကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဈေးကွက်တင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဂျင်းအဝတ်အထည် ကုမ္ပဏီ True Religion တည်ထောင်သူက နေအိမ်ကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဈေးကွက်တင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဂျင်းအဝတ်အထည် ကုမ္ပဏီ True Religion တည်ထောင်သူက နေအိမ်ကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဈေးကွက်တင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဂျင်းအဝတ်အထည် ကုမ္ပဏီ True Religion တည်ထောင်သူက နေအိမ်ကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဈေးကွက်တင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဂျင်းအဝတ်အထည် ကုမ္ပဏီ True Religion တည်ထောင်သူက နေအိမ်ကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဈေးကွက်တင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဂျင်းအဝတ်အထည် ကုမ္ပဏီ True Religion တည်ထောင်သူက နေအိမ်ကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဈေးကွက်တင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service