ပဲခူးတိုင်းအစိုးရဖွဲ့ထားသော တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စစ်ဆေးရေးအဖွဲ့ကို ရပ်ဆိုင်း - Property News in Myanmar from iMyanmarHouse.com
5205 Views

ပဲခူးတိုင်းအစိုးရဖွဲ့ထားသော တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စစ်ဆေးရေးအဖွဲ့ကို ရပ်ဆိုင်း

ပဲခူးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖွဲ့စည်းပေးထားသော တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စစ်ဆေးရေးအဖွဲ့(BRCCA)ကို ဇန်နဝါရီလ ၂၁ ရက်က ကျင်းပသည့် တိုင်းလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကာ ရပ်ဆိုင်းလိုက်သည်။

အဆိုပါ အဖွဲ့ကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များ ထွက်ပေါ်လာသည်အထိ ရပ်ဆိုင်းဆောင်ရွက်သင့်ကြောင်း ထန်းတပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက အဆိုတင်သွင်းခဲ့ကြောင်း၊ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ် ၆၆ ဦးရှိပြီး ထောက်ခံမဲ ၄၀ ဦး၊ ကြားနေမဲ ၃ ဦးနှင့် ကန့်ကွက် မဲ၂၂ ဦးတို့ဖြင့် အဆိုအောင်မြင်ခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်က ထုတ်ပြန်သည်။

“အခုအနေအထားက အခြေခံဥပဒေနဲ့ မကိုက်ညီသေးလို့ အဆိုတင်တာပါ။ နည်းဥပဒေတွေ၊ ဥပဒေတွေထွက်လာတဲ့ အချိန်ထိ ရပ်ဆိုင်းထားသင့်ပါတယ်”ဟု အဆိုတင်သွင်းသူ ထန်းတပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောသည်။

တည်ဆောက်ရေး လုပ်ငန်းများအရည်အသွေးစစ်ဆေးရေးအဖွဲ့ (BRCCA) ကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင် ဂန့်ဂေါမြို့နယ် ကိုယ်စားလှယ်က နိုင်ငံအဝန်း တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး ပြည့်မီရေး၊ ဘဏ္ဍာငွေအလေအလွင့် မဖြစ်ရေးအတွက် တတိယ အဖွဲ့အစည်း တစ်ခုဖွဲ့ပြီး ကြီးကြပ်ပေးရန်အဆိုတင်သွင်း အောင်မြင်ခဲ့ခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအတွက် တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး စစ်ဆေးရေးအဖွဲ့ (BRCCA) ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလက စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းအဖွဲ့က တည်ဆောက်ရေး လုပ်ငန်းများကို စစ်ဆေးဆောင်ရွက်ပြီး အရည်အသွေးစံချိန် စံညွှန်းမီမမီ ထုတ်ပြန်ပေးရကြောင်း၊ ယင်းအပြင် စီမံကိန်းတန်ဖိုး ကုန်ကျစရိတ်၏၂ ရာခိုင်နှုန်းကို အဖွဲ့ကရယူရကြောင်း အဖွဲ့ထံမှစုံစမ်းသိရှိရသည်။

BRCCA အဖွဲ့ကို နည်းဥပဒေမထွက်ခင် ရပ်ဆိုင်းထားရန် အဆိုကို တင်သွင်းခဲ့သူ လွှတ်တော်ကိုယ်စားလှယ်က မှတ်တမ်းအဖြစ် ထားရှိရန်သာ တင်ပြခဲ့သော်လည်း လွှတ်တော်တာဝန်ရှိသူက ဖိအားပေးပြီး မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ အဆိုကို ထောက်ခံသူ ၄၀ ဦးရှိပြီး ကန့်ကွက် မဲပေးသူ ၂၂ ဦးရှိပါကြောင်း၊ အဖွဲ့အနေနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်ကို မပြောလိုသော်လည်း အဖွဲ့အနေနှင့် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးခဲ့ကြောင်း BRCCA အဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးဆန်းမြင့်က ပြောကြားသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

yatanar-mall
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service