အိမ်ခြံမြေ အချက်အလက်လေးတွေ အပ်နှံတော့မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
4961 Views

အိမ်ခြံမြေ အချက်အလက်လေးတွေ အပ်နှံတော့မည်ဆိုလျှင်

Knowledge | Posted by Zarni Kyaw

ယခုအချိန်အခါသည် စီးပွားရေး၊ ပညာရေး များ တိုးတက်မှုဘက်သို့ ဦးတည်နေခြင်းနှင့်အတူ နည်းပညာ ပိုင်းဆိုင်ရာ ကျွမ်းကျင် သူများလည်း ပိုမို များပြားလာကြပါတယ်။ ဒီတစ်ပတ်မှာတော့ အိမ်ခြံမြေ ရောင်းဝယ်မည့်သူများအတွက် မိမိတို့ အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ဖို့ စီစဉ် ပြင်ဆင်ပြီ ဆိုကတည်းက မချွင်းမချန် ထည့်သွင်း စဉ်းစားသင့်တဲ့ အချက်လေးတွေ ကို အကြံပြု တင်ပြချင်ပါတယ်။

အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း နည်းပညာ နယ်ပယ် ကျယ်ပြန်လာသည်နှင့်အညီ အိမ်၊ ခြံ၊ မြေ ရောင်း၊ ငှား ချင်သူ ပိုင်ရှင်များ အနေဖြင့် ဂျာနယ်နှင့် သတင်းစာများတွင် ကြော်ငြာခြင်း၊ အကျိုးဆောင်များတွင် အပ်နှံခြင်း၊ အရပ်ပွဲစားများနှင့် ဆက်သွယ်ခြင်း များအပြင် အင်တာနက် စာမျက်နှာများ နှင့် Mobile Application များတွင် ကြော်ငြာခြင်းများလည်း ရှိလာကြပါတယ်။

အကျိုးဆောင်ပေးသူများကလည်း ၎င်းတို့ကို ယုံကြည်စွာ အပ်နှံထားသူ အိမ်ပိုင်ရှင်များ၏ အိမ်၊ခြံ၊မြေ များကို အမြန် ရောင်း/ငှား ထွက်စေရန် ကြိုးစားပေးသည့် နည်းလမ်းများအနက် လူသိများ ကျော်ကြားသော ဂျာနယ်၊ သတင်းစာမျာနှင့် အင်တာနက် စာမျက်နှာများတွင် ၎င်း အိမ်၊ ခြံ၊ မြေ အချက်အလက် အပြည့်အစုံ၊ ပတ်ဝန်းကျင် အနေအထားမှအစ အသေးစိတ် ဖော်ပြကြော်ငြာပေးခြင်းကလည်း တစ်ချက် အပါအဝင် ဖြစ်ပါတယ်။

အိမ်၊ ခြံ၊ မြေ ဝယ်/ငှားလိုသူများအနေနဲ့လည်း မိမိတို့ လိုအပ်ချက်နှင့် ကိုက်ညီသော အိမ်၊ ခြံ၊ မြေ ကို အမှန်ကန်ဆုံးနဲ့ အမြန်ဆုံးရရှိနိုင်ရန် ဂျာနယ်နှင့်သတင်းမီဒီယာများ၊ အင်တာနက်စာမျက်နှာများ၊ မိုဘိုင်း ဝန်ဆောင်မှုများမှာပါ မကျန် နည်းလမ်းများစွာ အသုံးပြု ရှာဖွေလာကြပါတယ်။ အဲလိုရှာဖွေတဲ့အခါမှာတော့ အင်တာနက်စာမျက်နှာများမှ အိမ်၊ ခြံ၊ မြေ အချက်အလက်များကို ရှာဖွေတဲ့အခါ မိမိ လိုချင်သော အချက်အလက်များကို စိတ်တိုင်းကျ စစ်ထုတ်ရှာဖွေလာနိုင်တဲ့ အခွင့်အရေးတွေလည်း ရှိလာကြပါတယ်။

အဲဒါကြောင့် အိမ်၊ ခြံ၊ မြေ များ အမြန်ရောင်း/ ငှား ထွက်ချင်သော ပိုင်ရှင်များသို့ အကြံပြုလိုသည်ကတော့ မိမိတို့ အိမ်၊ ခြံ၊ မြေ များ ရောင်းတော့ ငှားတော့ မယ်လို့ စီစဉ်ဆုံးဖြတ်ပြီး အကျိုးဆောင်ပေးမည့် သူများသို့ အပ်နှံတဲ့အခါမှာ ရှိရှိသမျှသော မိမိ အိမ်၊ ခြံ၊ မြေ ၏ အခန်းများ ဖွဲ့စည့်တည်ဆောက်ပုံအနေအထား၊ ပါဝင်ရရှိနိုင်သော အချက်အလက်များကို မချွင်းမချန်ပဲ ပြောပြ အပ်နှံပေးပြီး ပတ်ဝန်းကျင် အနေအထားနှင့် ဆက်သွယ်ရမယ့် ဖုန်းနံပတ်များကိုပါ သေချာပြည့်စုံမှန်ကန်စွာ ဖော်ပြ အပ်နှံသင့်ပါတယ်။ သို့မှသာ လိုအပ်ချက်များစွာနှင့် အချက်အလက်စုံလင်သော အိမ်၊ ခြံ၊ မြေ များကို ရှာဖွေသူများနှင့် တွေ့ဆုံနိုင်ပြီး မြန်ဆန် မှန်ကန်သော အရောင်းအဝယ်လုပ်ငန်းကို ပြီးမြောက်အောင်မြင်နိုင်မည်ဖြစ်ကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။

Credit: Myanmar Property News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသော
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသော
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်
သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
(၁၆) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့်ကား အရောင်းပြပွဲကြီး
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service