ဂျနီဖာ အန်နစ္စတန်နှင့် ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဂျပ်စတင်သီရော့ဇ်တို့၏ နေအိမ် မူလဒီဇိုင်းလက်ရာများကို မကြိုက်သောကြောင့် ဒီဇိုင်နာတစ်ဦး ခေါ်ယူကာ အတွင်းပိုင်းမွမ်းမံမှုများ ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
6016 Views

ဂျနီဖာ အန်နစ္စတန်နှင့် ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဂျပ်စတင်သီရော့ဇ်တို့၏ နေအိမ် မူလဒီဇိုင်းလက်ရာများကို မကြိုက်သောကြောင့် ဒီဇိုင်နာတစ်ဦး ခေါ်ယူကာ အတွင်းပိုင်းမွမ်းမံမှုများ ပြုလုပ်

ဂျနီဖာအန်နစ္စတန်နှင့် ခင်ပွန်းဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဂျပ်စတင် သီရော့ဇ်တို့သည် လော့စ်အိန်ဂျလိမြို့ ၊ ဘဲအဲရ်အရပ်ရှိ ယခုနေအိမ်ကို အတွင်းပိုင်း အလှဆင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိသည်။

ဂျနီဖာအန်နစ္စတန်သည် ၂၀ ရာစုအလယ်ပိုင်းဗိသုကာဟန်များကို နှစ်ခြိုက်သူတစ်ဦးဖြစ်ပြီး ယခုနေအိမ်မှာ ၁၉၆၅ ခုနှစ်က ဆောက်လုပ်ခဲ့သည့် နေအိမ်ဖြစ်သည်။

အန်နစ္စတန်သည် ယခုနေအိမ်ကို ၂၀၁၁ ခုနှစ်တွင် ဝယ်ယူခဲ့ရာ ဗိသုကာပညာရှင် ဖရက်ဒရစ် ဖစ်ရှာက ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပေးပြီး မကြာမီတွင် ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

သို့ရာတွင် နေအိမ်၏ ရှိရင်းစွဲ အပြင်အဆင်ဟန်များကို အရသာမတွေ့ကြောင်း အန်နစ္စတန်က ပြောကြားခဲ့သည်။
“ရသဗေဒအမြင်နဲ့ ပြောရမယ်ဆိုရင်တော့ ဒီအိမ်ရဲ့  အပြင်အဆင်က ကျွန်မလိုချင်တဲ့ ပုံစံမျိုးနဲ့ တော်တော်ဝေးပါတယ်” ဟု အန်နစ္စတန်က ဆိုသည်။
ထို့ကြောင့် ဂျနီဖာအန်နစ္စတန်သည် အတွင်းပိုင်း ဒီဇိုင်နာ စတီဖန် ရှက်ဒလေကို ခေါ်ယူကာ ပြန်လည်မွမ်းမံမှုများ ပြုလုပ်လျက်ရှိခြင်း ဖြစ်သည်။

ရှက်ဒလေက ပြောကြားရာတွင် အန်နစ္စတန်သည် သစ်၊ ကျောက်တုံးနှင့် ကြေးတို့ဖြင့် မွမ်းမံခြင်းကို နှစ်ခြိုက်သူတစ်ဦးဖြစ်ကြောင်းလည်း ပြောကြားသည်။
နေအိမ်တွင်းတွင် ရာစုခေတ်လယ်သုံး ပရိဘောဂများ၊ ရှေးဟောင်းဂျပန်ရိုးရာအသုံးအဆောင်များ၊ ကွန်ကရစ်ကြမ်းပြင်များမှာ ခမ်းနားစွာ ခေတ်သစ်နှင့် ခေတ်ဟောင်းပေါင်းစည်းတည်ရှိသည်။

ခြံဝန်းနောက်တွင် တစ်ချိန်က စပျစ်ခင်းတစ်ခု ရှိခဲ့ဖူးသည်။
ယနေ့တွင်မူ ပန်းဥယျာဉ်များ၊ လသာဆောင်များဖြင့် အသွင်ပြောင်းလဲထားသည်။ဂျနီဖာအန်နစ္စတန်တို့ ဇနီးမောင်နှံသည် အဆိုပါခြံဝန်းအတွင်း ၂၀၁၅ ခုနှစ်တွင် လက်ထပ်ခဲ့ကြခြင်းလည်း ဖြစ်သည်။

ဂျနီဖာ ဂျိုအန်နာ အန်နစ္စတန်သည် အမေရိကန်ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်ပြီး ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင် မွေးဖွားသည်။ဖခင်ဖြစ်သူမှာ ဂရိရုပ်ရှင်သရုပ်ဆောင် ဂျွန် အန်နစ္စတန်ဖြစ်ပြီး မိခင်မှာ အမေရိကန်မင်းသမီး နန်စီဒေါင်ဖြစ်သည်။

၁၉၉၄ ခုနှစ်မှ ၂၀၀၄ ခုနှစ်အကြား ထုတ်လွှင့်ပြသခဲ့သည့် Friends ဇာတ်လမ်းတွဲတွင် ရေချယ်ဂရင်းအဖြစ် ပါဝင်သရုပ်ဆောင်ကာ ကမ္ဘာသိခဲ့သည်။
၂၀၁၂ ခုနှစ်တွင် Hollywood Walk of Fame ၌ ဖော်ပြခြင်းခံခဲ့ရသည်။

ဟောလိဝုဒ်တွင် သရုပ်ဆောင်ကြေးအမြင့်ဆုံး မင်းသမီးများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ၂၀၁၇ ခုနှစ် အချက်အလက်များအရ သူ၏ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၂၀၀ ဝန်းကျင်ဖြစ်သည်ဟု ခန့်မှန်းထားကြသည်။

ကမ္ဘာပေါ်တွင် အလှဆုံးအမျိုးသမီးအဖြစ် မဂ္ဂဇင်းများစွာတွင် ဖော်ပြခံခဲ့ရသည်။
ကမ္ဘာကျော်သရုပ်ဆောင် ဘရက်ပစ်နှင့် ၅ နှစ်ခန့် လက်ထပ်ပေါင်းသင်းခဲ့ပြီးနောက် ကွာရှင်းပြတ်စဲကာ သရုပ်ဆောင် ဂျပ်စတင် သီရော့ဇ်နှင့် ၂၀၁၅ ခုနှစ်တွင် လက်ထပ်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျနီဖာ အန်နစ္စတန်နှင့် ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဂျပ်စတင်သီရော့ဇ်တို့၏ နေအိမ် မူလဒီဇိုင်းလက်ရာများကို မကြိုက်သောကြောင့် ဒီဇိုင်နာတစ်ဦး ခေါ်ယူကာ အတွင်းပိုင်းမွမ်းမံမှုများ ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
ဂျနီဖာ အန်နစ္စတန်နှင့် ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဂျပ်စတင်သီရော့ဇ်တို့၏ နေအိမ် မူလဒီဇိုင်းလက်ရာများကို မကြိုက်သောကြောင့် ဒီဇိုင်နာတစ်ဦး ခေါ်ယူကာ အတွင်းပိုင်းမွမ်းမံမှုများ ပြုလုပ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service