လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့များကို ဖမ်းဆီးမှုများ မြင့်တက်လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
5600 Views

လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့များကို ဖမ်းဆီးမှုများ မြင့်တက်လာလျက်ရှိ

လော့စ်အိန်ဂျလိရဲတပ်ဖွဲ့သည် အိမ်ရာမဲ့ ပန်းချီပညာရှင် ရိဒ်ဆီဂိုဗီယာကို နွေရာသီနံနက်စောစောတွေ လမ်းဘေး၌ အိပ်နေသည်ကို တွေ့ရသဖြင့် နှိုးကာ ဒဏ်ကြေးငွေဆောင်ရန် ဖြတ်ပိုင်းတစ်ခု ရေးပေးလိုက်၏။

ယင်းနောက်ပိုင်း ၃ လကြာသောအခါ လော့စ်အိန်ဂျလိရဲတပ်ဖွဲ့က ဆီဂိုဗီယာကို ပင်လယ်ကမ်းခြေတစ်နေရာတွင် အိပ်နေသည်ကို တွေ့ရပြီး ၎င်းထံမှလည်း ယခင်ကပေးထာားသည့် ဒဏ်ငွေဖြတ်ပိုင်းကို ပေးဆောင်ရသေးခြင်းမရှိသည်ကိုလည်း တွေ့ခဲ့ရ၏။

ဤတစ်ကြိမ်တွင်ကား ရဲတပ်ဖွဲ့သည် ဆီဂိုဗီယာကို လက်ထိပ်ခတ်လိုက်ကာ ရဲကားပေါ်တင်ပြီး အကျဉ်းထောင်သို့ ပို့လိုက်လေသည်။

လော့စ်အိန်ဂျလိသည် မကြာသေးမီနှစ်များအတွင်း အိမ်ရာမဲ့များ မြင့်တက်လာသည့် အကျပ်အတည်းနှင့် ရင်ဆိုင်လာရလျက်ရှိသည်။

အိမ်ရာမဲ့များကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများမှာလည်း အလွန်မြင့်တက်လာနေကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည့်အချက်အလက်များတွင် ဖော်ပြသည်။
ဖမ်းဆီးမှုများတွင် အများဆုံးအမှုမှာ ဒဏ်ကြေးငွေမပေးဆောင်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

၂၀၁၆ ခုနှစ်အတွင်း အိမ်ရာမဲ့ပေါင်း ၁၄၀၀၀ ဦးကို ဖမ်းဆီးခဲ့ရာ ၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၃၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

လော့စ်အိန်ဂျလိရဲတပ်ဖွဲ့မှ စုစုပေါင်းဖမ်းဆီးအရေးယူမှုများ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းနေချိန်တွင် အိမ်ရာမဲ့တို့ ဖမ်းဆီးခံရမှုမှာ များပြားလာနေခြင်းလည်း ဖြစ်သည်။

ဖမ်းဆီးခံရသည့် အိမ်ရာမဲ့များအနက် ၃ ပုံ ၂ ပုံမှာ လူမည်း (သို့မဟုတ်) လက်တင်အမေရိကသားများ ဖြစ်ကြပြီး အများစုမှာ အမှုအသေးအဖွဲများဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် လော့စ်အိန်ဂျလိ၌ ဖမ်းဆီးခံရသူ ၁၀ ဦးတွင် တစ်ဦးမှာ အိမ်ရာမဲ့ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင်မူ ၆ ဦးလျှင် ၁ ဦးနှုန်းအထိ မြင့်တက်လာသည်။

လော့စ်အိန်ဂျလိတွင် လူနေမှုအရည်အသွေးဆိုင်ရာဥပဒေပေါင်းများစွာရှိနေရာ လမ်းဘေးတွင်အိပ်ခြင်း၊ နေအိမ်ဖြင့်မဟုတ်ဘဲ ကားပေါ်တွင်သာ အခြေချနေထိုင်ခြင်း အစရှိသည်များကို တားမြစ်ထားသည်။

ရဲအရာရှိများသည် အိမ်ရာမဲ့များ တွေ့ရှိပါက ဒဏ်ငွေစာရွက်ထုတ်ပေးလေ့ရှိ၏။
ဒဏ်ငွေမှာ ကန်ဒေါ်လာ ၁၀၀ အောက်မှ အစပြုကာ တရားရုံးကြေးများ ပေါင်းလျှင် ဒေါ်လာ ၃၀၀ ခန့်အထိ ကုန်ကျမည် ဖြစ်လေသည်။

ယခုအခါ လော့စ်အိန်ဂျလိတွင် မပေးဆောင်နိုင်သော ဒဏ်ငွေဖြတ်ပိုင်းများ စုပုံလာနေပြီး အိမ်ရာမဲ့များမှာ ဒဏ်ကြေးမဆောင်နိုင် သောကြောင့် ထောင်သွင်းအကျဉ်းချခံနေကြရသည်။

“နေစရာမရှိလို့ လမ်းဘေးမှာနေတာကို ဒေါ်လာ ၄၀၀ မပေးနိုင်တဲ့အတွက် ထောင်ချခံရတယ်ဆိုတာ တရားမျှတမှုမရှိပါဘူး” ဟု အိမ်ရာမဲ့များကို အကာအကွယ်ပေးရေးအတွက် ကြိုးပမ်းနေသည့် ရှေ့နေတစ်ဦးဖြစ်သူ ကိုလင်းမူလန်က ပြောကြားသည်။

လော့စ်အိန်ဂျလိရဲတပ်ဖွဲ့ကမူ အိမ်ရာမဲ့တို့နှင့် ရာဇဝတ်မှုပြန့်ပွားမှုများ မြင့်တက်လာနေခြင်းကြောင့် ဖမ်းဆီးမှုများလည်း မြင့်တက်လာရခြင်းဖြစ်သည်ဟု ပြောကြားသည်။

၎င်းတို့အနေဖြင့် အိမ်ရာမဲ့တို့၏ အခွင့်အရေးနှင့် လူ့အသိုက်အဝန်းတစ်ခုလုံး လုံခြုံရေးတို့အကြား မျှခြေညှိနေရကြောင်း ပြောကြားသည်။

အမေရိကတွင် ဖမ်းဆီးထောင်ချခံရဖူးသူတစ်ဦးအပေါ် နေအိမ်ဝယ်ယူခွင့်နှင့် အလုပ်အကိုင်ကဏ္ဍများတွင် တားမြစ်ကန့်သတ်မှုများ ရှိခြင်းကြောင့် ဆင်းရဲနွံသို့ ပိုမိုတွန်းပို့နေသကဲ့သို့လည်းဖြစ်နေသည်ဟု ဝေဖန်မှုများရှိသည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့များကို ဖမ်းဆီးမှုများ မြင့်တက်လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့များကို ဖမ်းဆီးမှုများ မြင့်တက်လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့များကို ဖမ်းဆီးမှုများ မြင့်တက်လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့များကို ဖမ်းဆီးမှုများ မြင့်တက်လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့များကို ဖမ်းဆီးမှုများ မြင့်တက်လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့များကို ဖမ်းဆီးမှုများ မြင့်တက်လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service