ခရီးသွားတွေထံမှ အိပ်ရာခွန်ကောက်ခံရန် ဆွေးနွေးဆဲအဆင့်သာရှိနေသေး - Property News in Myanmar from iMyanmarHouse.com
5687 Views

ခရီးသွားတွေထံမှ အိပ်ရာခွန်ကောက်ခံရန် ဆွေးနွေးဆဲအဆင့်သာရှိနေသေး

ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များထံမှ အိပ်ရာခွန် (tourism tax or tourism fund) ကောက်ခံမည့်ဟု ထွက်ပေါ်နေသည့် သတင်းများမှာ လတ်တလော၌ ကောက်ခံခြင်း မဟုတ်သေးကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ် ဦးတင့်သွင် ကပြောသည်။

ဦးတင့်သွင်က “ကောက်မယ်ဆိုတဲ့ လုပ်ငန်းစဉ်တောင် မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမယ့် နည်းလမ်းတခု အနေနဲ့ ပါပါတယ်။ မလုပ်ဘူး လို့လည်း ကျနော်တို့ မပြောဘူး။ အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေကျရင် ခရီးသွား ရန်ပုံငွေ အတွက်ကို ရန်ပုံငွေရှာတဲ့ လုပ်ငန်းစဉ် အဖြစ် ဆွေးနွေးပြီးတော့လုပ်မှာပါ”ပြောသည်။

နိုင်ငံခြားသားများထံမှ အိပ်ရာခွန်ကို တခန်းလျှင် ၁ ဒေါ်လာ ကောက်ခံမည် ဖြစ်ပြီး ဟိုတယ်များ၌ တည်းခိုနေသော မြန်မာ နိုင်ငံသားများ ထံမှ ငွေကျပ် ၁ ထောင်ကျပ် ကောက်ခံမည်ဟု ဦးတင့်သွင်က နိုင်ငံတကာ ခရီးသွားမဂ္ဂဇင်း TTG Show Daily သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ခရီးသွားဝန်ဆောင်မှု ပိုမိုဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ရာတွင် ရန်ပုံငွေများ လိုအပ်မှုများ ရှိနေခြင်းကြောင့် ရန်ပုံငွေရရှိအောင် မည်သို့ ဆောင်ရွက်ကြမည်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်မှုများသာ ရှိနေသေးကြောင်း သိရသည်။

အိပ်ရာခွန် ကောက်ခံပါက အခွန်နှုန်းထားနှင့် ပတ်သက်၍ ကောက်ခံနေသည့် နိုင်ငံအချို့တွင် ဆောင်ရွက်နေသည့် အခြေအနေများကို လေ့လာပြီး ထိုသို့ ကောက်ခံခြင်းအားဖြင့် ကြုံတွေ့လာနိုင်သည့် ဆိုးကျိုး၊ ကောင်းကျိုးများကို လေ့လာမှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။

ယင်းသို့ ကောက်ခံပြီး ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကိစ္စရပ်များ၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရာတွင် အထောက် အပံ့ပေးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းစဉ်များတွင် အထောက် အပံ့ပေးရေး၊ ခရီးသွား လုပ်ငန်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ မြှင့်တင်ရေးနှင့် ခရီးစဉ်ဒေသဆိုင်ရာ အခြေခံ အဆောက် အဦများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

နေပြည်တော် ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးသိန်းထွေး က “ကျနော်တို့ ခရီးသွား လုပ်ငန်းရှင်တွေရော၊ ဟိုတယ်လုပ်ငန်းရှင်များရော၊ tourism (ခရီးသွားလုပ်ငန်း) နဲ့ ပတ်သက်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေကို ကြိုဆိုချင်တာ။ ဒီအနေအထားမှာ အိပ်ရာခွန် ကောက်မယ်ဆိုရင် ဝင်လာမယ့် ခရီးသွားတွေ ရပ်တန့်သွားနိုင်တယ်လို့ ကျနော် မြင်တယ်” ဟု ဆိုသည်။

ခရီးသွားအခွန်ကို မလေးရှားနိုင်ငံတွင် စတင်ကျင့်သုံးနေပြီး ဗီယက်နမ်နိုင်ငံ၌ ကျင့်သုံးရန် ပြင်ဆင်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဘတ်ဂျက်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်ဒေါ်လာ ၃ သိန်း ခွင့်ပြုထားပြီး ယင်းပမာဏမှာ အိမ်နီးခြင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသဖြင့် အစိုးရထံမှ ဘတ်ဂျက်တောင်းခံခြင်း အပြင်၊ ခရီးသွားဧည့်သည်များ ထံမှ အခွန်စည်းကြပ်ခြင်း၊ ပုဂ္ဂလိကမှ ရန်ပုံငွေ ကောက်ခံခြင်းများ အနက် သင့်တော်သည့် နည်းလမ်းဖြင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ကြိုးပမ်းရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင် က ပြည်သူ့အတွက် ပထမတနှစ် တာ သုံးသပ်ချက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ၃ ဒသမ ၁ သန်းခန့် ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

Credit: irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service