မစ်ရှင် ရီဗိုက်ဗယ်လ် ဗိသုကာ - Property News in Myanmar from iMyanmarHouse.com
4121 Views

မစ်ရှင် ရီဗိုက်ဗယ်လ် ဗိသုကာ

ကျော်ကြားသည့်ကာလ

၁၈၉၀ ပြည့်လွန်မှ ၁၉၄၀ ပြည့်လွန်ကာလများအကြားဖြစ်ပြီး မဟာစီးပွားပျက်ကပ်ကြီး မတိုင်မီ ထွန်းကားခဲ့သည့် ဗိသုကာဟန် ဖြစ်သည်။

မစ်ရှင် ရီဗိုက်ဗယ်လ် ဗိသုကာလှုပ်ရှားမှုများသည် ၁၉ ရာစုနှောင်းပိုင်းတွင် စတင်ခဲ့ခြင်းဖြစ် ပြီး ရေပန်းစားမှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်မှာ ၁၈၉၀ ပြည့်နှစ်မှ ၁၉၁၅ ခုနှစ်အကြား ဖြစ်သည်။

ယင်းကာလအတွင်း လူနေ၊ ကူးသန်းရောင်းဝယ်ရေးနှင့် အဖွဲ့အစည်းအသီးသီး၏ အဆောက် အအုံများ (အထူးသဖြင့် စာသင်ကျောင်းများနှင့် မီးရထားဘူတာရုံများ) ကို မစ်ရှင် ရီဗိုက်ဗယ်လ် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ကြသည်။

မစ်ရှင် ရီဗိုက်ဗယ်လ်သည် စပိန်ကိုလိုနီဗိသုကာဟန် နှင့် ခေတ်ပြိုင်အဖြစ် ထွန်းကားခဲ့ခြင်း ဖြစ်ပြီး ရီနေးဆင်းနှင့် ဘာရုတ်တို့ကို အခြေခံထားသည်။

မစ်ရှင် ရီဗိုက်ဗယ်လ် စတင်အခြေတည်သည်မှာ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင်ဖြစ် ပြီး အရှေ့မှအနောက်သို့ ပြန့်နှံ့ခဲ့သည့် ပထမဆုံးဗိသုကာဟန်လည်း ဖြစ်သည်။

မစ်ရှင် ရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် အများဆုံး ဆောက်လုပ်ခဲ့ကြသည်မှာ မီးရထားဘူတာ ရုံများ၊ အပန်းဖြေဟိုတယ်များနှင့် မီးရထားဘူတာရုံရှိ အဆောက်အအုံများဖြစ်ကြသည်။
မစ်ရှင် ရီဗိုက်ဗယ်လ်၏ အဓိကသရုပ်သကန်များ
၁။ ခေါင်မိုးပြတင်းထားရှိခြင်း
၂။ ခေါင်းမိုးမှာ အမိုးပြန့်ဖြစ်လေ့ရှိကြကာ အမိုးပတ်လည် ဘောင်နံရံငယ်များ ထားရှိခြင်း
၃။ တွဲလောင်းဆွဲ တံစက်မြိတ်များ
၎။ ကြီးမားထင်ရှားသည့် ဒိုင်းမြားများ
၅။ အနီရောင်အုပ်ကြွပ်အမိုး
၆။ အင်္ဂတေသရွတ်နုကိုင်ထားသည့် နံရံများ
၇။ မြေညီထပ်တွင် အမိုးခုံး ပြတင်းနှင့်တံခါးပေါက်များ
၈။ မြင်းမိုရ်ပိတ်တွင် အုတ်ကြွပ်ကာခြင်း
၉။ စတုရန်းပုံ တိုင်ကြီးများ
၁၀။ လိပ်ခုံးပေါင်းမိုး စင်္ကြန်
၁၁။ လေးညှင်းပွင့်သဏ္ဌာန် ပြတင်းပေါက်များ
၁၂။ မျှော်စင်များ

မစ်ရှင်သည် စပန်းနစ်ရီဗိုက်ဗယ်လ်၏ ၀ိသေသလက္ခဏာများနှင့် အခြေခံအားဖြင့် များစွာ တူညီသည်။

မစ်ရှင်ရီဗိုက်ဗယ်လ်ကို အမျိုးအစားခွဲ ညွှန်ပြရန် များစွာ လွယ်ကူ၏။ မစ်ရှင်၏ အဓိက လက္ခဏာမှာ ခေါင်မိုးတွင် အမိုးပတ်လည် ဘောင်နံရံငယ်များထားရှိခြင်းနှင့် မစ်ရှင်ဘုရားကျောင်းများ တွင်ကဲ့သို့ ခေါင်းလောင်းမျှော်စင်များအသွင် မျှော်စင်တစ်ခုမှ နှစ်ခု ပါဝင်လေ့ရှိခြင်း ဖြစ်သည်။

ကယ်လီဖိုးနီးယားသည် အမေရိက၏ လူနေမှုဟန်ပန် ကို ၂၀ ရာစု ပထမတစ်ဝက်တာကာလအတွင်းများစွာသြဇာလွှမ်းခဲ့သည်။ အထူးသဖြင့် ဗိသုကာဟန်များနှင့် စပ်လျဉ်း၍ ကယ်လီဖိုးနီးယား သည် တစ်နိုင်ငံလုံးအပေါ် များစွာသြဇာလွှမ်းခဲ့၏။

မစ်ရှင်ရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံများစွာကို ဆန်ဒီယေဂိုမှသည် ဆန်ဖရန်စစ္စကို အထိ ကယ်လီဖိုးနီးယား၏ ကမ်းရိုးတန်းတစ်လျှောက်တွင် များစွာတွေ့မြင်နိုင်သည်။

ကယ်လီဖိုးနီးယား၏ ကမ်းခြေရာသီဥတုကြောင့်လည်း မစ်ရှင်ရီဗိုက်ဗယ်လ်ဟန် ထွန်းကားခဲ့ခြင်းဖြစ်ပြီး အမေရိကန် ပြည်ထောင်စု အနောက်တောင်ပိုင်းတစ်ခွင်တွင် များစွာ အသုံး ပြုခဲ့ကြသည်။

စင်စစ်ကား ရီဗိုက်ဗယ်လ်ဗိသုကာဟန်တို့သည် တစ်ခု အပေါ်တစ်ခု ကိုးကားမှီငြမ်းမှုများရှိကြပြီး အနည်းနှင့်အများ ပမာဏသာ ကွာခြားကြသည်။

ကယ်လီဖိုးနီးယားတွင် အခြေတည်သည့် မစ်ရှင် ရီဗိုက်ဗယ်လ်သည် သြစတေးလျနှင့် နယူးဇီလန်တို့သို့ပါ ပျံ့နှံ့ ခဲ့သည်။တောင်အာဖရိကနိုင်ငံတွင်မူ မစ်ရှင် ရီဗိုက်ဗယ်လ်ကို ၎င်းင်းနှင့် များစွာနီးစပ်သည့် ကိတ်ပ်စတိုင်နှင့် ပေါင်းစပ်အသုံးပြု ကြ၏။

ကိတ်ပ်စတိုင်ဗိသုကာဟန်မှာ တောင်အာဖရိက၏ ဒေသတွင်း ဗိသုကာဟန်ဖြစ်ပြီး နုန်းအုတ်တို့ဖြင့် ဆောက်လုပ်မှု ပေါ်အခြေခံသည်။

- မစ်ရှင်ရီဗိုက်ဗယ်လ် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် ထင်ရှားသော အဆောက်အအုံများ

ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ The Mission Inn Hotel & Spa သည် အမေရိကန် ပြည်ထောင်စုတွင် မစ်ရှင် ရီဗိုက်ဗယ်လ်ဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံများအနက် အထင်ရှားဆုံးဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် မစ်ရှင် ရီဗိုက် ဗယ်လ် ဗိသုကာဟန်ဖြင့် ဆောက်လုပ် ထားသည့် အဆောက်အအုံ များစွာရှိသည့်အနက် အချို့ကိုထုတ်နှုတ်ဖော်ပြအပ်ပါသည်။

၁။ နယူးမက္ကဆီကိုပြည်နယ်၊ အယ်လ်ဘူကာ့ခ်မြို့ရှိ အယ်လ်ဗာရာဒို ဟိုတယ်။ Alvarado Hotel in Albuquerque ,new Mexico
၁၉၀၂ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် ဖျက်သိမ်းခဲ့ကာ အယ်လ် ဗာရာဒို ပို့ဆောင်ရေး စင်တာဖြင့် အစားထိုးခဲ့ပြီး ယင်းအဆောက်အအုံမှာလည်း မစ်ရှင် ရီဗိုက်ဗယ် ဟန် ဖြစ်သည်။

၂။ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမြို့ရှိ ယူနီယံ ဘူတာရုံ၊ ၁၉၁၅ ခုနှစ်တွင် ဆောက် လုပ်ပြီးစီးခဲ့သည်။ Union Station ,San Diego

၃။ နယူးဂျာစီပြည်နယ်၊ မောင့်ကလဲမြို့ရှိ မောင်ကလဲ ပြည်နယ် တက္ကသိုလ်၏ အဆောက်အအုံအများအပြား၊ ၁၉၀၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ကြသည်။Montclair State University ,New Jersey

၎။ ကယ်လီဖိုးနီးယားပြည်နယ် စတန်းဖို့ဒ်တက္ကသိုလ်၏ ပင်မအဆောက်အအုံများ ၊ ၁၈၉၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ သည်။ Stanford University

၅။ ကယ်လီဖိုးနီးယားပြည်နယ်၊ ဗန်တူရာမြို့လယ်ရှိ အဲလစ်ဇဘက် ဘာ့ဒ် အောက်မေ့ဖွယ် ဆေးရုံ။ Elizabeth Bard Memorial Hospitalç in Downtown Ventura, California

၁၉၀၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။ သောမတ်စ် အာရ်-ဘာ့ဒ်နှင့် အစ်ကိုဖြစ်သူ ဒေါက်တာ စီဖာ့စ် လစ်တဲလ် ဘာ့ဒ်တို့သည် ၎င်းင်းတို့၏ မိခင်ကြီးကို သတိရအောက်မေ့သောအားဖြင့် ဆောက်လုပ် ခဲ့ကြခြင်း ဖြစ်သည်။ စီဖတ်စ် ဘာ့ဒ်သည် ဗန်တူရာခရိုင်တွင် ပထမဆုံးအမေရိကန် ဆရာဝန်ဖြစ်ခဲ့ပြီး ဘာ့ဒ်ဆေးရုံတွင် ကွယ်လွန်သည့် ပထမဆုံးလူနာတစ်ဦးလည်း ဖြစ်သည်။

အိအိအေးအောင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
မစ်ရှင် ရီဗိုက်ဗယ်လ် ဗိသုကာ - Property News in Myanmar from iMyanmarHouse.com
မစ်ရှင် ရီဗိုက်ဗယ်လ် ဗိသုကာ - Property News in Myanmar from iMyanmarHouse.com
မစ်ရှင် ရီဗိုက်ဗယ်လ် ဗိသုကာ - Property News in Myanmar from iMyanmarHouse.com
မစ်ရှင် ရီဗိုက်ဗယ်လ် ဗိသုကာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service