မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအတွက် မြေခွန်ကင်းလွတ်ခွင့်ကာလ နှင့် မြေခွန်နှုန်းထားများ - Property Knowledge in Myanmar from iMyanmarHouse.com
3482 Views

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအတွက် မြေခွန်ကင်းလွတ်ခွင့်ကာလ နှင့် မြေခွန်နှုန်းထားများ

Knowledge | Posted by Si Thu Aung

မြေခွန်ကင်းလွတ်ခွင့်ကာလကို စတင်ခွင့်ပြုသည့်နေ.မှစ၍ လုပ်ငန်းအမျိုးအစား၊ သီးနှံအမျိုးအစားအလိုက် အောက်ပါအတိုင်း သတ်မှတ်ခွင့်ပြုပေးနိုင်သည်-

(က) စိုက်ပျိုးရေးလုပ်ငန်းတွင်

(၁) နှစ်ရှည်ပင် စိုက်ပျိုးမြေဖြစ်လျှင် - ၅ နှစ်
(၂) ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမြေဖြစ်လျှင် - ၃ နှစ်
(၃) ရာသီးသီးနှံ၊ စက်မှုကုန်ကြမ်း ရာသီသီးနှံ စိုက်ပျိုးမြေဖြစ်လျှင် - ၂ နှစ်

(ခ) မွေးမြူရေးလုပ်ငန်းတွင်

(၁) ငါး၊ ပုဇွန်၊ ဂဏန်း မွေမြူရေးဖြစ်လျှင် - ၂ နှစ်
(၂) တိရစ္ဆာန်မွေးမြူရေးဖြစ်လျှင် -

(ကက) ကျွဲ၊ နွား၊ မြင်း မွေးမြူရေး လုပ်ငန်းတွင် အသုံးပြုပါက - ၂ နှစ်
(ခခ) သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းတွင် အသုံးပြုပါက - ၂ နှစ်
(ဂဂ) ကြက်၊ ဝက်၊ ဘဲ၊ ငုံးမွေးမြူရေးလုပ်ငန်းတွင် အသုံးပြုပါက - ၁ နှစ်

(၃) နည်းဥပဒေခွဲ (ခ) ၊ နည်းဥပဒေခွဲငယ် (၁)နှစ် (၂)နှစ် တို.တွင် အကျုံးမဝင်သော မွေးမြူရေးလုပ်ငန်းဖြစ်ပါက အမျိုးတူ မွေးမြူရေးလုပ်ငန်းအလိုက် သင့်လျော်သည့်ကာလ။

(ဂ) ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းတွင် မြန်မာ့သတ္တုတွင်း ဥပဒေအရ ပြည်တောင်စုအစိုးရ သတ္တုတွင်းဝန်ကြီးဌာနနှင့် ညှိနှိုင်းသတ်မှတ်သည့်ကာလ၊

(ဃ) အစိုးရကခွင့်ပြုသော ဥပဒေနှင့်ညီးညွတ်သည့်အခြားလုပ်ငန်းများတွင် ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းသတ်မှတ်သည့်ကာလ၊

မြေခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးပြီးနောက် ပေးဆောင်ရမည့်အခွန်နှုန်းထားများ

မြေခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးသည့်နေမှစ၍ တစ်နှစ်လျှင်တစ်ကြိမ် အောက်ပါနှုန်းထားအတိုင်း ပေးသွင်းရမည်

(က) စိုက်ပျိုးရေးလုပ်ငန်းတွင်

(၁) နှစ်ရှည်ပင်စိုက်ပျိုးမြေဖြစ်လျှင် အမှန်စိုက်ပျိုးဧက တစ်ဧကအတွက် ကျပ် ၃၀၀၀ နှုန်း
(၂) ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမြေဖြစ်လျှင် အမှန်စိုက်ဧက တစ်ဧကအတွက် ကျပ် ၂၀၀၀ နှုန်း
(၃) ရာသီးသီးနှံ စက်မှုကုန်ကြမ်း ရာသီသီးနှံစိုက်ပျိုးမြေဖြစ်လျှင် အမှန်စိုက်ဧက တစ်ဧကအတွက် ကျပ် ၁၀၀၀ နှုန်း

(ခ) မွေးမြူရေးလုပ်ငန်းတွင်

(၁) ငါး၊ ပုဇွန်၊ ဂဏန်း မွေးမြူရေးလုပ်ငန်း အသုံးပြုမည်ဖြစ်လျှင် တစ်ဧကအတွက် ကျပ် ၃၀၀၀ နှုန်း
(၂) တိရစ္ဆာန်မွေးမြူရေးဖြစ်လျှင် တစ်ဧကအတွက် ကျပ် ၁၀၀၀ နှုန်း

(ဂ) ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်း အသုံးပြုမြေဖြစ်လျှင် တစ်ဧကအတွက် ကျပ် ၅၀၀၀ နှုန်း

(ဃ) အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများ အသုံးပြုမြေဖြစ်ပါက ပြည်တောင်စုအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းသတ်မှတ်သည့် အခွန်နှုန်း

(င) အထက်ပါ သတ်မှတ်နှုန်းထားများကို ငွေကြေးတန်ဖိုးပြောင်းလဲမှုအပေါ်မူတည်၍ လိုအပ်ပါက ပြည်တောင်စုအစိုးရအဖွဲ.၏ သဘောတူညီချက်ဖြင့် ပြင်ဆင်သတ်မှတ်သည့်အခွန်နှုန်း

Credit: Winningland

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

Aung Theikdi Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service