လယ်မြေမှအပ ယာမြေကို အခြားနည်းလမ်း အသုံးပြုခွင့်လျှောက်ပြီး လူနေထိုင်နိုင် - Property Knowledge in Myanmar from iMyanmarHouse.com
4589 Views

လယ်မြေမှအပ ယာမြေကို အခြားနည်းလမ်း အသုံးပြုခွင့်လျှောက်ပြီး လူနေထိုင်နိုင်

Knowledge | Posted by Zarni Kyaw

လယ်ယာမြေတွေကိုခွင့်ပြုထားတဲ့ ပုံစံမျိုးမဟုတ်ပဲ လက်တစ်လုံးခြားအသုံးပြုပြီး လူနေထိုင်နေတာတွေ၊ လုပ်ငန်းလုပ် ကိုင်နေကြတာတွေ ရှိနေပြီး ပုံစံတွေလွဲနေတာကို စိစစ်သင့်တယ်လို့ အကျိုးဆောင်ရှေ့နေအချို့ကပြောပါတယ်။

ဘယ်လိုလယ်မြေ၊ ယာမြေတွေကိုမှ လူနေခွင့်အိမ်ဆောက်ခွင့်မပြုထားပါဘူး ဥပဒေမှာ အတိအကျ ပြဌာန်းထားပေမဲ့ ပြုလုပ်နေကြတာတွေရှိနေပါတယ်။ လယ်မြေတွေကို အခြားနည်းခွင့်ပြုထားတာက လယ်မစိုက်ဘဲ အခြားသီးနှံစိုက်ပျိုးထားတာကိုပဲ ခွင့်ပြူတာမျိုး ဖြစ်တယ်လို့ သိရပါတယ်။

အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက ယာမြေကိုအိမ်ဆောက်ချင်တယ်ဆို လူနေမြေ အဖြစ်ပြောင်းလဲဖို့ လိုပါတယ်၊ လုပ်နည်းတွေတော့ ရှိပါတယ်။ တချို့ကလယ်မလုပ်တော့ဘူး၊ လိုအပ်ချက်အရ ကျေးရွာတိုးချဲ့မြေအဖြစ် လျှောက်ကြတာတွေ လည်းရှိတယ်၊ တချို့ကပုံစံ(၁၀၅)၊ ပုံစံ(၇)တွေ လယ်မြေတွေကတော့ လူနေလို့ မရဘူးလို့ ပြောပါတယ်။ အပြင်မှာတချို့က လူနေဖို့နဲ့ အိမ်ဆောက်ခွင့်ရဖို့အတွက် လယ်ယာမြေတွေကို လျှောက်ထားနေတဲ့ ပုံစံတွေက အမျိုးမျိုးရှိတယ်လို့ သိရပါတယ်။

ဥပဒေပိုင်းအရ လျှောက်ထားမယ်ဆို မြို့နယ်မြေစာရင်းဦးစီးဌာနမှာ ပုံစံ (၁၄)လျှောက်ထားရမှာဖြစ်တယ်။ မြေစာရင်းဖြစ်တဲ့ ပုံစံ(၁၀၅) ကိုတောင်းယူရမှာဖြစ်တယ်။ ပုံစံ (၁၀၅)ကိုလျှောက်ထားတဲ့အခါမှာ တခြားနည်းလမ်း အသုံးပြုခွင့်လျှောက်ထားဖို့ အတွက် ဖြစ်ကြောင်း ပါဝင်ရမှာပါ။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က "ခွင့်ပြုတဲ့ အများစုပုံစံ ကတော့အိမ်ရာဆောက်တာတို့၊ဆီဆိုင်ဖွင့်တာတို့တွေ များပါတယ်၊ သူတို့ သတ်မှတ်ထားချက်တွေနဲ့ ကိုက်ညီမှ ခွင့်ပြုတာများတယ် ဈေးကွက်ထဲမှာရောင်းနေတဲ့ လယ်မြေတွေကတော့ လူနေလို့မရ တာသေ ချာတယ် ၊ကျေးရွာတိုးချဲ့ လျှောက်ထားတာ ကျပြီးသားတွေကတော့ စိတ်ချရပါတယ်" လို့ ရှင်းပြပါတယ်။

အခြားနည်းအသုံးပြုခွင့်လျှောက်ထားတဲ့အခါ လျှောက်ထားသူရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူလိုပါတယ်။ အကြောင်းပြချက် ခိုင်မာဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။ ရပ်/ကျေးအုပ်ချုပ်ရေးမှူးမြို့နယ်မြေစာရင်းဦးစီးဌာနတို့ရဲ့ ထောက်ခံချက်တွေ လိုအပ်တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးအထိ တင်ရတာဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရက ခွင့်ပြုချက်နဲ့ မြို့နယ် မြေစာရင်းဌာနကနေ ခွင့်ပြုရမှာဖြစ်တယ်။ လယ်မြေတွေကတော့ ဗဟိုလယ်မြေစီမံခန့်ခွဲမှုကိုပါ တင်ရတာပါ။ ဒါတွေကို ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ အပိုဒ် ၃၀ (က) ပါ ပါဝင် တယ်လို့ ပြောပါတယ်။ ယာမြေကတော့ အိမ်ဆောက်ခွင့်တင်လို့ရပြီး လယ်မြေကိုတော့ ခွင့်ပြုတာမျိုးမရှိဘူးလို့ ပြောပါတယ်။


Credit : The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service