သေတမ်းစာ ( Will ) နှင့်ပတ်သက်၍ သိထားသင့်သည့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
7500 Views

သေတမ်းစာ ( Will ) နှင့်ပတ်သက်၍ သိထားသင့်သည့် အချက်များ

Knowledge | Posted by Aye Myat Thu

(၁) ဗုဒ္ဓဘာသာဝင်များအနေနှင့် သေတမ်းစာရေးခွင့်မရှိပါ။ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင်များအနေနှင့် သေတမ်းစာ (Will) ရေးခွင့်ရှိပါသည်။

(၂) သေတမ်းစာဆိုသည်မှာ သေတမ်းစာရေးပိုင်ခွင့်ရှိသူတစ်ဦးက ၎င်းသေဆုံးသည့်အခါ ၎င်းပိုင်ဆိုင်သည့်ရွှေ.ပြောင်းနိုင်သည့်ပစ္စည်းနှင့် မရွှေ.မပြောင်းနိုင်သည့်ပစ္စည်းများကို မည်သို့မည်ပုံ ခွဲဝေစေလိုကြောင်း ၎င်း၏ရည်ရွက်ချက်ကို ထုတ်ဖော်ပေးသည့် ကြေညာစာတမ်းဖြစ်သည်။

(၃) သေတမ်းစာကို မိမိသက်ရှိထင်ရှားရှိစဉ် မည်သည့်အချိန်မဆို ရေးသားနိုင်သလို မည်သည့်အချိန်မဆိုပြန်လည် ရုပ်သိမ်းခွင့်ရှိပါသည်။

(၄) သေတမ်းစာကို မှတ်ပုံတင်၍လည်းရသည်၊ မတင်လျှင်လည်း ရပါသည်။ စည်းကမ်းသတ်ကာလမရှိပါ။

(၅) သေတမ်းစာပြုလုပ်သူသည် တစ်စုံတစ်ယောက်ကိုခေါ်၍ မိမိပြောဆိုသည့်အတိုင်း သေတမ်းစာရေးခိုင်းပြီးသက်သေများရှေ.တွင် လက်မှတ်ရေးထိုးနိုင်ပါသည်။

(၆) သေတမ်းစာ၌ သေတမ်းစာအရ ဆောက်ရွက်သူ (Executor) တစ်ဦးဦး ခန်.ထားရပါမည်။

(၇) သေတမ်းစာကို ရှုးသွပ်သူ ၊ အရွက်မရောက်သေးသူများ ရေးခွင့်မရှိပါ။

(၈) သေတမ်းစာရေးသူ သေဆုံးသည့်အခါ အမွေဆက်ခံခြင်းအက်ဥပဒေပုဒ်မ (၂၂၂) အရ သေတမ်းစာဆောက်ရွက်ခွင့်ပေးထားသူ (Executor) ကသာ သက်ဆိုင်ရာတရားရုံး၌ သေတမ်းစာအတည်ပြုပေးရန် (Probate) လျှောက်ထားရပါမည်။

(၉) သေတမ်းစာရေးသာသူ မည်သူမဆို သေတမ်းစာကို စာအိမ်တွင်ထည့်သွင်း၍ ချိပ်တံဆိပ်ခတ်နှိပ်ပြီးယင်းစာအိမ်အပေါ်တွင် သေတမ်းစာရေးသားထားသူအမည် သို.မဟုတ် ကိုယ်စားလှယ်ရှိလျှင် ကိုယ်စားလည်အမည်နှင့်အတူ မည်သည့်စာချုပ်စာတမ်းမျိုးဖြစ်ကြောင်း ဖော်ပြရေးသားကာ မှတ်ပုံတင်အရာရှိမည်သူ.ထံတွင်မဆို ကိုယ်တိုင်ဖြစ်စေ၊ အခွင့်ရကိုယ်စားလှယ်ဖြင့်ဖြစ်စေ အပ်နှံတင်ထားခွင့်ရှိသည်။ (မှတ်ပုံတင်အက်-ပုဒ်မ ၄၂)(၁၀) ၎င်းနောက် မှတ်ပုံတင်အရာရှိက ချိပ်တံဆိပ်ခတ်နှိပ်ပါရှိသည့်စာအိပ်ကို မီးအာမခံသေတ္တာတွင် ထည့်သွင်း၍ သိမ်းထားရမည်။ (ပုဒ်မ-၄၃)

(၁၁) သေတမ်းစာပိုင်ရှင်ကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏အခွင့်ရကိုယ်စားလှယ်ကဖြစ်စေ အပ်နှံထားသည့် သေတမ်းစာအိပ်ကို ပြန်ပေးရန် လျှောက်ထားခွင့်ရှိသည်။ မှတ်ပုံတင်အရာရှိက မှန်ကန်ကြောင်းကျေနပ်လျှင် သေတမ်းစာအိပ်ကို ပြန်၍ပေးရမည်။ (ပုဒ်မ-၄၄)

(၁၂) သေတမ်းစာရေးသူ သေဆုံးလျှင် သေတမ်းစာထုတ်ပေးရန် လျှောက်ထားလာပါက သေဆုံးကြောင်းကျေနပ်လျှင် လျှောက်ထားသူရှေ.တွင် သေတမ်းစာအိပ်ကိုဖွင့်၍ စာအိမ်အတွင်း ပါရှိသည့်စာကို လျှောက်ထားသူစရိတ်ဖြင့် စာအုပ်အမှတ်(၃)တွင် ရေးကူးစေရမည်။ ထိုနောက် မှတ်ပုံတင်အရာရှိက မူလသေတမ်းစာကို သိမ်းထားမြဲသိမ်းထားရမည်။ (ပုဒ်မ-၄၅)

Credit : U Myint Lwin (Lawyer)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service