ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ကြင်ယာတော်လောင်း အမေရိကန်သူ မီဂန်မာကယ်တို့ ပထမဆုံးချိန်းတွေ့ခဲ့ကြသည့် လန်ဒန်က စားသောက်ဆိုင် - Property News in Myanmar from iMyanmarHouse.com
3238 Views

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ကြင်ယာတော်လောင်း အမေရိကန်သူ မီဂန်မာကယ်တို့ ပထမဆုံးချိန်းတွေ့ခဲ့ကြသည့် လန်ဒန်က စားသောက်ဆိုင်

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် အမေရိကန်သူ မီဂန်မာကယ်တို့သည် မကြာသေးမီက စေ့စပ်ခဲ့ကြပြီးဖြစ်ကာ မီဂန်မာကယ်သည်လည်း ကနေဒါရှိ ငှားရမ်းနေထိုင်သောနေအိမ်မှတစ်ဆင့် ယခုအခါ လန်ဒန်မြို့၊ ကန်ဆင်တန် နန်းတော်အတွင်းရှိ စံအိမ်တော်တစ်ခုတွင် နေထိုင်လျက်ရှိပြီဖြစ်ပြီး မကြာမီတွင် လက်ထပ်ကြတော့မည် ဖြစ်သည်။

မင်းသားဟယ်ရီနှင့် မီဂန်မာကယ်တို့သည် ၂၀၁၆ ခုနှစ် ဇွန်လအတွင်း အဆိုပါစားသောက်ဆိုင်အတွင်း စတင်သိကျွမ်းခဲ့ကြခြင်းဖြစ်ကာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းတွင် ယင်းစားသောက်ဆိုင်တွင်ပင် တစ်ချိန်ပြန်လည်ချိန်းဆို တွေ့ဆုံခဲ့ကြသည်ဟု ဆိုသည်။

မင်းသားဟယ်ရီက သူ၏ကြင်ယာတော်လောင်း မီဂန်မာကယ်တို့ ပထမဆုံးစတင်တွေ့ဆုံခဲ့ကြပုံကို ယခုကဲ့သို့ ပြန်ပြောင်းပြောပြသည်။
“စားသောက်ဆိုင်ခန်းမထဲကို ကျွန်တော်ဝင်သွားပြီး သူ့ကိုတွေ့လိုက်ရတဲ့ အခိုက်အတန့်လေးမှာ အံ့သြမင်သက်ငေးမောသွားမိတယ်” ဟု ဆိုသည်။
တည်နေရာမှာ လန်ဒန်မြို့၊ Dean Street ၊ အမှတ် ၆၉ တွင် တည်ရှိပြီး မင်းသားဟယ်ရီနေထိုင်ရာ ကန်ဆင်တန်နန်းတော်၏ အရှေ့ဘက်တွင် တည်ရှိသည်။

လန်ဒန်တွင် ကလပ်ပေါင်းများစွာ ပိုင်ဆိုင်ထားသည့် Soho House မှ ပိုင်ဆိုင်ထားသည်။

Dean Street Townhouse သည် လန်ဒန်မြို့အချက်အခြာကျသောနေရာတွင် တည်ရှိပြီး လူကုံထံတို့၏ နိဗ္ဗာန်ဘုံတစ်ခုလည်းဖြစ်ပြီး တစ်ချိန်ကမူ ပန်းချီသမားများကျင်လည်ရာနေရာဖြစ်ခဲ့ဖူးသည်။

Dean Street Townhouse သည် ခြံအမှတ် ၆၉ နှင့် ၇၀ ပူးတွဲတည်ရှိရာ ဂျော်ဂျီယာဗိသုကာဟန် အဆောက်အအုံ ၂ လုံးပါဝင်ပြီး ၁၇၃၂ ခုနှစ်မှ ၁၇၃၅ ခုနှစ်အကြား ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

၁၉၂၈ ခုနှစ်တွင် Dean Street အမှတ် ၆၉ အဆောက်အအုံကို Gargoyle Club အဖြစ်ဖွင့်လှစ်ခဲ့ပြီး မာတိစီ၏ L'Atelier Rouge” ပန်းချီကားပုံတူ ရေးဆွဲမွမ်းမံထားခဲ့သည်။မာတိစီ၏ အဆိုပါမူရင်းပန်းချီမှာ နယူးယောက်မြို့ရှိ မော်ဒန်ပန်းချီပြတိုက် The Museum of Modern Art တွင် ထိန်းသိမ်းထားရှိသည်။

Dean Street Townhouse စားသောက်ဆိုင်သို့ မင်းစိုးရာဇာများ၊ နာမည်ကျော်ပုဂ္ဂိုလ်များ လာရောက်ခဲ့ဖူးရာ ဖရက်ဒ် အက်စ်တိုင်ယာ၊ ဖရန့်စစ်ဘေကွန်၊ နိုအယ် ကောင်းဝါ့ဒ်၊ လူစီယန် ဖရွိုက်ဒ်၊ ဂျွန် မင်တန်၊ ဒိုင်လန် သောမတ်စ်တို့ အပါအဝင်ဖြစ်လေသည်။

စားသောက်ဆိုင်တွင် ရာသီစာများကို အဓိကရောင်းချလေ့ရှိပြီး အိုင်ယာလန်နှင့် ဗြိတိန်နယ်ပယ်များတွင် ထွက်ရှိသော ထုတ်ကုန်များဖြင့်သာ ချက်ပြုတ်သည်။
Dean Street Townhouse တွင် ပန်းချီပြခန်းလည်း ထားရှိရာ မင်းသားဟယ်ရီက မီဂန်မာကယ်ကို ခေတ်ပြိုင်ဗြိတိန်ပန်းချီဆရာ ဗန်ဒိုနာ၏ လက်ရာ ပန်းချီကားတစ်ချပ်ဝယ်ယူကာ ပြီးခဲ့သော ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်းက လက်ဆောင်ပေးခဲ့ဖူးသည်။

အဆိုပါ စားသောက်ဆိုင်နှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များကို deanstreettownhouse.com တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ကြင်ယာတော်လောင်း အမေရိကန်သူ မီဂန်မာကယ်တို့ ပထမဆုံးချိန်းတွေ့ခဲ့ကြသည့် လန်ဒန်က စားသောက်ဆိုင် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ကြင်ယာတော်လောင်း အမေရိကန်သူ မီဂန်မာကယ်တို့ ပထမဆုံးချိန်းတွေ့ခဲ့ကြသည့် လန်ဒန်က စားသောက်ဆိုင် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ကြင်ယာတော်လောင်း အမေရိကန်သူ မီဂန်မာကယ်တို့ ပထမဆုံးချိန်းတွေ့ခဲ့ကြသည့် လန်ဒန်က စားသောက်ဆိုင် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ကြင်ယာတော်လောင်း အမေရိကန်သူ မီဂန်မာကယ်တို့ ပထမဆုံးချိန်းတွေ့ခဲ့ကြသည့် လန်ဒန်က စားသောက်ဆိုင် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ကြင်ယာတော်လောင်း အမေရိကန်သူ မီဂန်မာကယ်တို့ ပထမဆုံးချိန်းတွေ့ခဲ့ကြသည့် လန်ဒန်က စားသောက်ဆိုင် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ကြင်ယာတော်လောင်း အမေရိကန်သူ မီဂန်မာကယ်တို့ ပထမဆုံးချိန်းတွေ့ခဲ့ကြသည့် လန်ဒန်က စားသောက်ဆိုင် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်

စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး

အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့

အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။

အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
platinum-garden
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service