ဒေးဗစ်ကော့ပါးဖီး၏နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
4771 Views

ဒေးဗစ်ကော့ပါးဖီး၏နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ)

ကမ္ဘာကျော်မျက်လှည့်ဆရာကြီး ဒေးဗစ်ကော့ပါးဖီး၏ နေအိမ်မှာ အမေရိကန်ပြည်ထောင်စု၊ ဒုစရိုက်မြို့တော်ဟု အမည်ပြောင်ပေးကြသော လာ့ဗီးဂပ်စ်မြို့တွင် တည်ရှိသည်။

ဒေးဗစ်ကော့ပါးဖီးသည် အဆိုပါနေအိမ်ကို လာ့စ်ဗီးဂပ်စ်တွင် အမြင့်မားဆုံးစံချိန်တင်ဈေးပေးကာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၁၇ ဒသမ ၅၅ သန်း ပေးခဲ့ရသည်။

ဒေးဗစ်ကော့ပါးဖီး၏ အမည်ရင်းမှာ ဒေးဗစ် ဆက်သ် ကော့ထ်ကင်းဖြစ်ပြီး ၁၉၅၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် မွေးဖွားခဲ့ပြီး ဖော့ဘ်မဂ္ဂဇင်းကြီးက သမိုင်းတစ်လျှောက် စီးပွားရေးအရ အအောင်မြင်ဆုံး မျက်လှည့်ပညာရှင်အဖြစ် ဖော်ပြခဲ့သည်။

မျက်လှည့်နယ်တွင် နှစ်ပေါင်း ၄၀ ကျော် ကျင်လည်ခဲ့ရာ၌ ဂင်းနက်စ်စံချိန် ၁၁ ခု တင်နိုင်ခဲ့ပြီး Hollywood Walk of Fame တွင် ဖော်ပြခံရသူတစ်ဦးလည်း ဖြစ်ခဲ့သည်။

ပြင်သစ်အစိုးရကလည်း သူရဲကောင်းဘွဲ့ပေးအပ်ခဲ့သည့်အပြင် အမေရိကန်ကွန်ဂရက်စာကြည့်တိုက်က ရှင်သန်ဆဲဖြစ်သော ဂန္ထဝင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသည်။

ဒေးဗစ်ကော့ပါးဖီးသည် မျက်လှည့်ပွဲကြီးများတွင် လက်မှတ်စုစုပေါင်း ၃၃ သန်းကျော်ရောင်းချခဲ့ရပြီး ကန်ဒေါ်လာ ၄ ဘီလီယံကျော် ရရှိခဲ့ရာ ကမ္ဘာပေါ်ရှိ မည်သည့်တစ်ဦးတည်း တင်ဆက်ဖျော်ဖြေသူထက်မဆို များပြားသည့်ဝင်ငွေလည်း ဖြစ်သည်။

လာ့စ်ဗီးဂပ်နေအိမ်တွင် ရေကူးကန်၊ နိုက်ကလပ်၊ ရုပ်ရှင်ရုံ၊ အိပ်ခန်း ၈ ခန်း၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ဝိုင်သိုလှောင်ခန်းနှင့် ဂေါက်ရိုက်လေ့ကျင့်ခန်းမတို့ ပါဝင်ပြီး လာ့စ်ဗီးဂပ်၏ ဘီလျံနာတန်းဟု ခေါ်ကြသော Enclave Court အရပ်တွင် တည်ရှိသည်။

စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းပေ ၃၁၀၀၀ အထိ ကျယ်ဝန်းပြီး ၄ ထပ်အဆောက်အအုံမှာ ပင်မနေအိမ်အဖြစ် ပါဝင်ပြီး ဧည့်ဂေဟာအိမ် ၂ လုံးလည်း ပါဝင်သည်။

ဒီဇိုင်နာ စကော့ဒေးလ်က ဒီဇိုင်းရေးဆွဲဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး စတီးနှင့် ကွန်ကရစ်များကို အဓိကအသုံးပြုကာ တည်ဆောက်ထားခြင်း ဖြစ်သည်။
နေအိမ်တည်နေရာမှာ ဒေးဗစ်ကော့ပါးဖီးကဲ့သို့ အကျော်အမော်တစ်ဦးအတွက် အလွန်အရေးကြီးလှပြီး privacy ရှိခြင်းကြောင့် နေအိမ်ကို ချက်ခြင်းသဘောကျသွားကာ ဇနီးဖြစ်သူ ခလို ဂေါ့စလင်းနှင့်အတူ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နေအိမ်ဈေးမှာ အလွန်များပြားလှသော်လည်း ကန်ဒေါ်လာ သန်း ၈၀၀ ခန့် ချမ်းသာကြွယ်ဝသည့် ဒေးဗစ်ကော့ပါးဖီးအတွက် မမှုလောက်သည့်ပမာဏသာဖြစ်လေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒေးဗစ်ကော့ပါးဖီး၏နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ဒေးဗစ်ကော့ပါးဖီး၏နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ဒေးဗစ်ကော့ပါးဖီး၏နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service