တရုတ်က မလေးရှားရှိကျွန်းတုလေးခုတွင် ဧရာမမြို့ ကြီး တည်ဆောက်နေ - Property News in Myanmar from iMyanmarHouse.com
4923 Views

တရုတ်က မလေးရှားရှိကျွန်းတုလေးခုတွင် ဧရာမမြို့ ကြီး တည်ဆောက်နေ

တရုတ်က မလေးရှားရှိ ကျွန်းတု လေးခုတွင် ဧရာမ မြို့ကြီး တည်ဆောက်နေသည်။

ယင်းမြို့စီမံကိန်းသည် လူသား အားလုံးအတွက် နိဗ္ဗာန်ဘုံဟု ယင်းကို ဆောက်လုပ်နေသည့် ဆောက်လုပ်ရေး ကုမ္ပဏီ Country Garden က ဆိုသည်။ ထိုမြို့ကြီးကို သစ်တောမြို့တော်ဟု အမည်ပေးသွားမည်ဖြစ်ပြီး ယင်းတွင် လူ ပေါင်း ၇၀၀ ၀၀၀ ကျော် နေထိုင်နိုင်မည်ဟု သိရသည်။

ထိုအရေအတွက်သည် ဝါရှင် တန်ဒီစီရှိ လူဦးရေထက် ၂၀၀၀၀ ကျော် ပိုများနေခြင်းဖြစ်သည်။ ဒေါ်လာ ဘီလျံ ၁၀၀ တန်ဖိုးရှိသည့် ကျွန်းများ တည်ဆောက်
သည့် လုပ်ငန်းကို ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းကတည်းကပင် စတင်ခဲ့ပြီး တည်ဆောက်ပြီးစီးသည့် အခြေအနေကို ပြသနေသည့် ဗီဒီယိုဖိုင်ကို မကြာမီ ကမှ ပြသခဲ့သည်။

တည်ဆောက်မှုအခြေအနေမှာ ပြီးစီးရန် အဆင့်များစွာ ကျန်နေ သေးသည်။
မြို့တည်ဆောက်ရေးလုပ်ငန်း သည် ၂၀၄၀ ပြည့်နှစ်ရောက်လျှင်ပင် ပြီးနိုင် ဖွယ် မရှိပေ။ သို့သော် ပြီးသွားပြီဆိုလျှင် ထိုမြို့တွင် ရုံးခန်းအဆောက်အအုံကြီးများ၊ ပန်းခြံများ၊ အများပြည်သူသုံးသယ်ယူပို့ ဆောင်ရေးစနစ်များ၊ ဟိုတယ်များ၊ စား သောက်ဆိုင်များ၊ စာသင်ကျောင်းများနှင့် အိမ်ရာအမြောက်အမြား ပါဝင်မည်ဖြစ် သည်။ သို့သော် တရုတ်ရှိ များစွာသော မြို့များကဲ့သို့ ထိုမြို့လူသူကင်းမဲ့နေမည်ကို အချို့က စိုးရိမ်နေကြသည်။

ထိုစီမံကိန်း တွင် ပါဝင်ခဲ့သည့် ရင်းနှီးမြှုပ်နှံသူများအ နက် ၆၀ နီးပါးက စီမံကိန်းမှ နုတ်ထွက် သွားပြီဖြစ်သည်။ စီမံကိန်း ကနဦးအရည် အသွေးမှာ ၎င်းတို့ နုတ်ထွက်သွားရခြင်း အကြောင်းရင်းများအနက် တစ်ခုဖြစ် သည်။

တရုတ်တွင် လူသူကင်းမဲ့နေသည့် မြို့ကြီးပေါင်း ၅၀၀ ကျော်ရှိသည်။ နိုင်ငံ သားပေါင်း ၂ သန်းကျော်ကို ကျေးလက် ဒေသသို့ ရွှေ့ပြောင်းနိုင်ရန် ရည်ရွယ်ကာ အစိုးရက ငွေကုန်ကြေးကျခံပြီး ၁၉၇၀ ပြည့်လွန်နှစ်များက စပြီး အိမ်ရာများကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ကျေးလက်တွင် ဖြစ်ပွားနေသည့် ဆင်းရဲမွဲတေ မှုကို လျှော့ချနိုင်ရန်နှင့် ခေတ်မီဖွံ့ဖြိုးစေ ရန် ရည်ရွယ်ကာ အစိုးရအိမ်ရာများ တည်ဆောက်ပေးခဲ့ခြင်းဖြစ်သော်လည်း မှန်း ချက်နှင့်နှမ်းထွက် မကိုက်ဘဲ မြို့များမှာလူသူကင်းမဲ့နေခြင်းဖြစ်သည်။

Credit: Pyi Myanmar
တရုတ်က မလေးရှားရှိကျွန်းတုလေးခုတွင် ဧရာမမြို့ ကြီး တည်ဆောက်နေ - Property News in Myanmar from iMyanmarHouse.com
တရုတ်က မလေးရှားရှိကျွန်းတုလေးခုတွင် ဧရာမမြို့ ကြီး တည်ဆောက်နေ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service