ဘဏ်အတိုးနှုန်း ၃ ရာခိုင်နှုန်း လျှော့ပေးရန် ဘဏ်များအသင်း အစိုးရထံတောင်းဆို - Property News in Myanmar from iMyanmarHouse.com
6963 Views

ဘဏ်အတိုးနှုန်း ၃ ရာခိုင်နှုန်း လျှော့ပေးရန် ဘဏ်များအသင်း အစိုးရထံတောင်းဆို

ပုဂ္ဂလိကကဏ္ဍတွင် ဖြစ်ပေါ်နေသော လက်ရှိအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ချေးငွေအပေါ် အတိုးနှုန်းလျှော့ချရန်နှင့် ဘဏ်အပ်ငွေအပေါ်၌လည်း အတိုးနှုန်းလျှော့ချရန် မြန်မာနိုင်ငံ ဘဏ်များအသင်းက အစိုးရထံ တောင်းဆိုထားကြောင်း ယင်းအသင်းထံမှ သိရသည်။

ဘဏ်ချေးငွေနှင့်ပတ်သက်၍ လက်ရှိကောက်ခံနေသည့် ၁၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချပေးရန်နှင့် ဘဏ်အပ်ငွေအတွက်မူ လက်ရှိ ၈ ရာခိုင်နှုန်းမှ သင့်တင့်သော နှုန်းထားဖြစ်သည့် ၅ ရာခိုင်နှုန်းသို့ လျှော့ချပေးရန်တင်ပြခဲ့ကြောင်း မြန်မာနိုင်ငံဘဏ်များအသင်းထံမှ သိရသည်။

“ ဒီအချိန်မှာ ချေးငွေအပေါ်လျှော့ရင် အပ်ငွေမှာပါ လျှော့မှာပါ။ ဒီကိစ္စဟာ အရမ်းကို ဆတ်ဆတ်ထိမခံတဲ့ ကိစ္စတွေပါ။ ဒါပေမဲ့လည်း လက်ရှိစီးပွားရေးအခြေအနေအရတော့ ဘဏ်တိုးနှုန်းဟာ လျှော့ချလို့ရတယ်ဆိုတာ ပညာရှင်တွေကလည်း သုံးသပ်ကြတယ် ”ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

ဗဟိုဘဏ်က ဘဏ်အတိုးနှုန်းများနှင့်ပတ်သက်၍ ဘောင်အကျဉ်းအကျယ် (လက်ရှိ ၈ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအကြား သတ်မှတ်ချက်အပေါ် ပြင်ဆင်ရေး) တစ်ခုလုပ်နိုင်ရေး ဖြေလျှော့ပေးရန် စဉ်းစားနေကြောင်း၊ သို့သော်လည်း ဘဏ်အပ်ငွေများ စုပြုံထုတ်မည်ဆိုလျှင် ဘဏ်များအနေနှင့် အကျပ်ရိုက်နိုင်သည့်အတွက် အားလုံးအဆင်ပြေမည့် နည်းလမ်းကို စီစဉ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“ လုပ်ငန်းရှင်တွေ၊ ဘဏ်တွေဘက်ကလည်း ဘဏ်အတိုးနှုန်းနဲ့ပတ်သက်ပြီး ပြောကြတာရှိပါတယ်။ အခုဆိုလည်း နိုင်ငံခြားဘဏ်တွေလည်း ဝင်လာပြီဖြစ်တဲ့အတွက် အတိုးနှုန်းကို လက်ရှိထက်လျှော့ဖို့ အစီအစဉ် ရှိပါတယ် ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပြည်တွင်းဘဏ်များထံမှ ငွေချေးရန်မလွယ်ကူသဖြင့် ပြည်တွင်းရှိ နိုင်ငံခြားဘဏ်ခွဲများထံမှ ချေးငွေရရှိရန် တောင်းဆိုနေကြပြီး ပြည်ပမှ တိုက်ရိုက်ငွေချေးရန် လုပ်ငန်းရှင်များက လိုလားကြသည်။

လက်ရှိ၌ အနိမ့်ဆုံး အပ်ငွေအတိုးနှုန်းအဖြစ် ၈ ရာခိုင်နှုန်းနှင့် အမြင့်ဆုံးချေးငွေ အတိုးနှုန်းအဖြစ် ၁၃ ရာခိုင်နှုန်းထားရှိရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထားသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service