ကမ္ဘာကျော် ဂျိမ်းစ်ဘွန်းဇာတ်ကား “Dr. No” တွင် ရှောင်ကွန်နရီနှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည့် မင်းသမီး လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချ - Property News in Myanmar from iMyanmarHouse.com
5742 Views

ကမ္ဘာကျော် ဂျိမ်းစ်ဘွန်းဇာတ်ကား “Dr. No” တွင် ရှောင်ကွန်နရီနှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည့် မင်းသမီး လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချ

၁၉၆၂ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သည့် ကမ္ဘာကျော် ဂျိမ်းစ်ဘွန်းဇာတ်ကား “Dr. No” တွင် ရှောင်ကွန်နရီနှင့် တွဲဖက်သရုပ်ဆောင် ခဲ့သည့် ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး အားဆူလာ အန်းဒရက်စ်သည် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်ရှိ နေအိမ်ကို အရောင်းဈေးကွက်တင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အားဆူလာ အန်းဒရက်စ်နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော အဆိုပါနေအိမ်ကို ယခုအခါတွင် ကန်ဒေါ်လာ ၃ သန်းဖြင့် ဈေးကွက်တင်လာခြင်းဖြစ်သည်။
အန်းဒရက်စ်က ယခုနှစ် မတ်လအတွင်း ယခုနေအိမ်ကို အိမ်ခန်းတွင်းအလှဆင်ဗိသုကာပညာရှင် မာလ်ဂိုစီယာ မစ်ဂ်ဒါထံ ကန်ဒေါ်လာ ၂ ဒသမ ၂၈ သန်းဖြင့် ရောင်းချခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

မစ္စ အန်းဒရက်စ်သည် ယခုအခါ အသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး ၁၉၆၂ ခုနှစ်က ထုတ်လုပ်ခဲ့သည့် ပထမဆုံး ဂျိမ်းစ်ဘွန်းရုပ်ရှင် “Dr. No” တွင် ဟန်နီ ရိုက်ဒါအဖြစ် ပါဝင်သရုပ်ဆောင်ကာ နာမည်ကျော်လာခဲ့သူဖြစ်သည်။

နောက်ပိုင်းတွင် ဂျိမ်းစ်ဘွန်းရုပ်ရှင်အချို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သေးပြီး ပလေးဘွိုင်းမဂ္ဂဇင်းအတွက် ကြိမ်ဖန်များစွာ ဓာတ်ပုံရိုက်ကူးပေးခဲ့သည်။

အဆိုပါနေအိမ်ကို အန်းဒရက်စ်က ၁၉၉၁ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဒေါ်လာ တစ်သန်းအောက်ဈေးနှုန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်အစောပိုင်းတွင် နေအိမ်ကို ရောင်းမထုတ်မီ ရာစုနှစ်၏ လေးပုံတစ်ပုံခန့် နေထိုင်ခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။

မာလ်ဂိုစီယာသည် ဘီဗာလီဟေးလ်တွင် ဒီဇိုင်းအေဂျင်စီတစ်ခု ဖွင့်လှစ်ထားသူဖြစ်ပြီး ဝယ်ယူပြီးနောက်တွင် မွမ်းမံအဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ရာ ပရိဘောဂသစ်များ ဖြည့်တင်းခြင်း၊ မီးဖိုးဆောင်မွမ်းမံခြင်းများ ပါဝင်သည်။

ယခုနေအိမ်ကို ဖြိုဖျက်ကာ နေအိမ်သစ်ဆောက်လုပ်ခွင့် ရရှိထားပြီးဖြစ်ကြောင်းလည်း ဈေးကွက်တင်သည့်ကုမ္ပဏီ၏ ကြော်ငြာတွင် ဖော်ပြထားသည်။
လက်ရှိနေအိမ်မှာ စတုရန်းပေ ၃၀၀၀ ခန့်သာရှိပြီး အိပ်ခန်း ၃ ခန်းနှင့် ရေကူးကန်တစ်ခု ပါဝင်သည်။

အားဆူလာ အန်းဒရက်စ်သည် ဆွစ်ဇာလန်နိုင်ငံတွင် ၁၉၃၆ ခုနှစ်၊ မတ်လ ၁၉ ရက်တွင် မွေးဖွားပြီး ရုပ်ရှင်နှင့် ရုပ်သံသရုပ်ဆောင်၊ မော်လ်ဒယ်အဖြစ် အသက်မွေးခဲ့ပြီး အမေရိကန်၊ ဗြိတိသျှနှင့် အီတလီရုပ်ရှင်များစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဂျိမ်းစ်ဘွန်းရုပ်ရှင်များတွင် ဟန်နီ ရိုက်ဒါအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြင့် နာမည်ကျော်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံး ဂျိမ်းစ်ဘွန်းရုပ်ရှင်ဖြစ်သော Dr. No ကတည်းက ပါဝင်သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော် ဂျိမ်းစ်ဘွန်းဇာတ်ကား “Dr. No” တွင် ရှောင်ကွန်နရီနှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည့် မင်းသမီး လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် ဂျိမ်းစ်ဘွန်းဇာတ်ကား “Dr. No” တွင် ရှောင်ကွန်နရီနှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည့် မင်းသမီး လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service