စစ်တွေတန်ဖိုးနည်းတိုက်ခန်းဝယ်ယူချင်သူများ အတွက် လျှောက်လွှာများ ခေါ်ယူ - Property News in Myanmar from iMyanmarHouse.com
2945 Views

စစ်တွေတန်ဖိုးနည်းတိုက်ခန်းဝယ်ယူချင်သူများ အတွက် လျှောက်လွှာများ ခေါ်ယူ

ရခိုင်ပြည်နယ်စစ်တွေမြို့ရွှေပြည်သာရပ်ကွက်တွင် ဆောက်လုပ်ထားသော တန်ဖိုးနည်းတိုက်ခန်း ၇၂ခန်းအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

ထိုတိုက်ခန်းများအား ပြည်နယ်ကြီးကြပ်မှုနှင့်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဓိကရောင်းချသွားမှာက လုပ်သက်(၁ဝ)နှစ်အထက်ရှိ နိုင်ငံ့ဝန်ထမ်းများ၊အငြိမ်းစားဝန်ထမ်းများ၊ပုဂ္ဂလိကဝန်ထမ်းများနှင့် ဝင်ငွေအသင့်အတင့်ရှိ ပြည်သူများအား ရောင်းချပေးသွားမည်ဖြစ်သည်။

တိုက်ခန်းမှာ RC အမျိုးအစားခြောက်ခန်းတွဲ သုံးထပ်ဆောင်လေးလုံး၊တိုက်ခန်း ၇၂ခန်းဖြစ်သည်။အကျယ်အဝန်းမှာ ၆၅ဝစတုရန်းပေရှိသည်။

တိုက်ခန်းတန်ဖိုးများမှာ ငွေကျပ် သိန်း ၁၅ဝမှ ၂၂ဝအတွင်း သတ်မှတ်ထားကြောင်း သိရသည်။

တိုက်ခန်းဝယ်ယူသူများအနေဖြင့် မိသားစုဝင်ငွေ တစ်လလျှင် ငါးသိန်းမှ ခုနှစ်သိန်းခွဲကြား ရှိရမည်ဖြစ်ကြောင်း သိရသည်။

တိုက်ခန်းဝယ်ယူရာတွင် တိုက်ခန်းကျသင့်ငွေ ၃ဝရာခိုင်နှုန်းအား လက်ငင်းပေးသွင်းရမည်ဖြစ်ပြီး ကျန်ရှိသည့် ငွေများအား၁ဝနှစ်အတွင်း ဘဏ်မှတစ်ဆင့်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

တိုက်ခန်းဝယ်ယူရာတွင် လျှောက်လွှာများကို ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် ယခုလ ၁၄ရက်မှ ၂ဝ၁၈ခုနှစ် ဇန်နဝါရီလ ၁ဝရက်အထိတစ်စောင်လျှင် ငွေတစ်ရာကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး လျှောက်လွှာအမျိုးအစား လေးမျိုးခွဲကာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝယ်ယူလိုသူများအနေဖြင့် အမှန်တကယ် အိမ်ရာပိုင်ဆိုင်မှုမရှိသူဖြစ်ရမည်ဖြစ်ပြီး တိုက်ခန်းဝယ်ယူပြီး ကိုယ်ပိုင်အိမ်ရာပိုင်ဆိုင်ကြောင်း သိရပါက တိုက်ခန်းအား ပြန်လည်သိမ်းဆည်းသွားမည့်အပြင် တိုက်ခန်းခပေးသွင်းထားသော ၃ဝရာခိုင်နှုန်းငွေထဲမှ ငါးရာခိုင်နှုန်းအားဒဏ်ငွေ ဆောင်ခိုင်းမည်ဖြစ်ကြောင်း သိရသည်။

အစိုးရဝန်ထမ်းများအတွက် ၂၈ခန်း၊အငြိမ်းစားဝန်ထမ်းများအတွက် ၂၂ခန်း၊ပုဂ္ဂလိကဝန်ထမ်းနှင့် ဝင်ငွေအသင့်အတင့်ရှိပြည်သူများအတွက် ၂၂ခန်းစီရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများကို ၂ဝ၁၈ခုနှစ် ဇန်နဝါရီ ၁၂ရက်မှ ၂၆ရက်အတွင်း ပြန်လက်ခံသွားမည်ဖြစ်ပြီး လျှောက်လွှာများကိုလည်း သေချာစိစစ်ပြီး လျှောက်လွှာဝယ်ယူထားသူများရှေ့တွင် ပွင့်လင်းမြင်သာစွာ မဲနှိုက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။အခန်းရပြီဆိုလျှင်လည်း ဘယ်အခန်းမှာနေရမည်ဆိုသည်က အစ မဲနှိုက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းတန်ဖိုးနည်းတိုက်ခန်းများအား ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ခရိုင်အဆင့်ရှိမြို့များတွင်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

Credit: The Mirror

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service