တွံတေးရှိ လယ်မြေဧကလေးထောင်ခန့်တွင် စက်မှုဇုန်နှင့် ကျူးကျော်များအတွက် အိမ်ရာတည်ဆောက်မည်ဟု တိုင်းအလုပ်သမားဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
2862 Views

တွံတေးရှိ လယ်မြေဧကလေးထောင်ခန့်တွင် စက်မှုဇုန်နှင့် ကျူးကျော်များအတွက် အိမ်ရာတည်ဆောက်မည်ဟု တိုင်းအလုပ်သမားဝန်ကြီးပြော

တွံတေးတံတားအဆင်း ရှိ လယ်မြေဧကလေးထောင်ခန့်၌ ဈေးနှုန်းသက်သာသည့် စက်မှုဇုန်မြေနှင့် ကျူးကျော်များအတွက် အိမ်ရာတည်ဆောက်မှု ၂၀၁၈
နှစ်ဆန်းတွင် စတင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာနှင့် အလုပ်သမားဝန် ကြီး ဦးဇော်အေးမောင်က ပြောသည်။

‘‘မကြာခင် လုပ်တော့မှာ။ ၂၀၁၈ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်မှာ အကောင်အထည်ဖော် မယ့် ကဏ္ဍတွေလာတော့မှာ’’ဟု ဒီဇင်ဘာ ၂၃ ရက်က ပြုလုပ်သည့် အနည်းဆုံးအခကြေးငွေ သတ် မှတ်ရေး ဖိုရမ်အပြီး သတင်းထောက်များအား ပြောသည်။

လှိုင်သာယာမြို့နယ်တွင် စမတ်ကတ် ထုတ်ပေးထားသော ကျူးကျော်များကို အဆိုပါ မြေနေ ရာ၌ အိမ်ရာတည်ဆောက်၍ နေရာပေးမည်ဖြစ်ပြီး အိမ်ရာတည် ဆောက်မည့် အင်ဒိုနီးရှားနိုင်ငံက ကုမ္ပဏီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ MoU စာချုပ်ချုပ်ဆိုထားကြောင်း ၎င်းကပြောသည်။

‘‘နမူနာ ဆောက်ပြရမယ်။ ဆောက်ပြီးရင် တိုင်းဒေသကြီးအစိုးရက ကြိုက်တယ်ဆိုရင်ဆက် ဆောက်မယ်။ ဆောက်ပြီးရင် အဲဒီ ကျူးကျော်တွေကို နေရာချပေးမယ်။ ကျူးကျော်တွေ နေရာရရင် အလုပ်ရဖို့ပါ စက်မှုဇုန် ဆက်လုပ်ပေးသွားမှာ’’ဟု ဦးဇော်အေး မောင်ကဆိုသည်။

တွံတေးမြို့နယ်ရှိ အဆိုပါ လယ်ယာမြေများကို မြို့မြေအဖြစ် ပြောင်းလဲရန် အစိုးရအားအပ်နှံစေမည်ဖြစ်သည်။ မြို့မြေ ပြောင်းပြီးနောက် အပ်နှံသည့် မြေ၏ ၂၀ ရာခိုင်နှုန်းကို လယ်သမား များအား ပြန်ပေးသည့် စနစ်ကျင့် သုံးရန် စီစဉ်ထားသည်။

ထိုသို့ လယ်မြေအပ်နှံရေး နှင့် ပတ်သက်၍ လွန်ခဲ့သည့် တစ်ပတ်ခန့်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင် လယ်သမားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း ဦးဇော်အေးမောင်က ပြောသည်။

‘‘လမ်းမပေါ်ရှိတဲ့သူကို လမ်း မပေါ် ပြန်ချပေးမယ်ပေါ့။ ဒါပေမဲ့ တစ်ဧကကို ၂၀ ရာခိုင်နှုန်းဆို တော့ ပြည့်ပြည့်ဝဝရချင်မှရမယ်။ အချို့ လယ်သမားတွေကတော့ လယ်ပဲဖက်တွယ်ပြီး မြို့မြေမဖြစ် ချင်ဘူးဆိုရင်တော့ ကျန်ခဲ့မယ်။ လယ်မြေအတိုင်း ချန်ထားတဲ့မြေ သည် အခြားသုံးစွဲခွင့်မရတဲ့အ တွက် ဘာမှလုပ်ခွင့်မရနိုင်ဘူး’’ဟု ၎င်းကဆိုသည်။

အဆိုပါမြေကွက်မှ ဖော်ထုတ်မည့် စက်မှုဇုန်မြေကွက်များ ကို အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသည့် လုပ်ငန်းရှင်များ ကို အခြားစက်မှုဇုန်များတွင် ရောင်းချသည့် ဈေးနှုန်းများထက်သက်သာသည့်နှုန်းဖြင့် လုပ်ကိုင်ခွင့်ပေးမည်ဟု ၎င်းကဆက်လက် ပြောကြားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service