တရုတ်ပြည်မကြီးအခြေစိုက် HNA Group အကြွေးဘီလီယံပေါင်းများစွာကို ပေးဆပ်ရန်အတွက် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေများကို ရောင်းထုတ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
2835 Views

တရုတ်ပြည်မကြီးအခြေစိုက် HNA Group အကြွေးဘီလီယံပေါင်းများစွာကို ပေးဆပ်ရန်အတွက် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေများကို ရောင်းထုတ်ရန် စီစဉ်

တရုတ်ပြည်မကြီးအခြေစိုက် HNA Group ကုမ္ပဏီသည် အကြွေးဘီလီယံပေါင်းများစွာကို ပေးဆပ်ရန်အတွက် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေများကို ၆ ဘီလီယံဖိုးအထိ ရောင်းထုတ်ရန် စီစဉ်လျက်ရှိကြောင်း Fortune သတင်းတစ်ရပ်တွင် ဖော်ပြသည်။

HNA Group သည် ၂၀၁၅ ခုနှစ်မှ စတင်ပြီး ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေကဏ္ဍတွင် ကန်ဒေါ်လာ ၄၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားသည်။

မကြာသေးမီနှစ်များအတွင်း HNA Group သည် အိမ်ခြံမြေဝယ်ယူမှုပေါင်း ၈၀ ကျော်ပြုလုပ်ခဲ့ရာ Deutsche ဘဏ်နှင့် ဟီလ်တန်ဟိုတယ်အုပ်စုများတွင် ရှယ်ယာများစွာ ဝယ်ယူထားမှုများလည်း အပါအဝင်ဖြစ်သည်။

ကုမ္ပဏီ၏ ငွေဖြစ်လွယ်မှု အခြေအနေမှာ ဖိအားပေါ်နေသည့်အပြင် လာမည့်နှစ်တွင် ပေးဆပ်ရတော့မည်ဖြစ်သော ဘီလီယံဆယ်နှင့်ချီသည့် အကြွေးများကို HNA Group အနေဖြင့် ပြန်လည်ပေးဆပ်နိုင်ခြင်းရှိ၊ မရှိနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံသူတို့က ရတက်မအေးဖြစ်လျက်ရှိကြသည်။

HNA သည် နယူးယောက်၊ လန်ဒန်နှင့် အခြားကမ္ဘာအနှံ့အပြားရှိ အိမ်ခြံမြေများကို ရောင်းထုတ်ရန် စီစဉ်လျက်ရှိရာ နယူးယောက်မြို့ မန်ဟက်တန် ၊ လန်ဒန်ရှိ စီးပွားရေးအချက်အခြာကျသော Canary Wharf အရပ်၊ ဆန်ဖရန်စစ္စကိုရှိ မစ်ရှင်ခရိုင်တို့ရှိ ရုံးခန်းတာဝါများ၊ ပြင်သစ်ပိုလီနီးရှားရှိ အပန်းဖြေစခန်းများနှင့် သြစတေးလျရှိ အဆောက်အအုံများ ပါဝင်သည်ဟု ဆိုသည်။

HNA Group သည် ကမ္ဘာတစ်ဝန်းတွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံများ ကန်ဒေါ်လာ ၁၄ ဘီလီယံခန့် ပိုင်ဆိုင်ထားကြောင်း Real Capital Analytics ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုရောင်းထုတ်မည့် အဆောက်အအုံအများစုမှာလည်း တရုတ်နိုင်ငံပြင်ပရှိအဆောက်အအုံ အများစုဖြစ်သည်။တရုတ်အစိုးရကလည်း ယခုနှစ်မှစတင်ကာ တရုတ်ကုမ္ပဏီတို့၏ ပြည်ပအိမ်ခြံမြေဝယ်ယူမှုများကို စောင့်ကြည့်လာလျက်ရှိသည်။

ပြီးခဲ့သော နိုဝင်ဘာလအတွင်း HNA Group ၏ အမှုဆောင်အရာရှိချုပ်က ပြောကြားရာတွင် တရုတ်အစိုးရက ရတက်မအေးဖြစ်နေသည့် ပိုင်ဆိုင်မှုများ၊ အထူးသဖြင့် ပြည်ပရှိ အိမ်ခြံမြေများအရေးနှင့် စပ်လျဉ်း၍ အလေးအနက်သုံးသပ်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

အစိုးရ၏ တင်းကြပ်မှုများနောက်တွင် HNA သည် ပြည်ပအိမ်ခြံမြေဝယ်ယူမှုများကို အရှိန်လျှော့ချလိုက်ပြီး အသေးစားဝယ်ယူမှုများသာ ပြုလုပ်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service