ဆန်ဒြာဘူးလော့၏ လော့စ်အိန်ဂျလိ ၂၂ ထပ်မြောက် ကွန်ဒိုခန်းကိုတစ်လလျှင် ကန်ဒေါ်လာ ၂၂၀၀၀ ဖြင့် ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
2773 Views

ဆန်ဒြာဘူးလော့၏ လော့စ်အိန်ဂျလိ ၂၂ ထပ်မြောက် ကွန်ဒိုခန်းကိုတစ်လလျှင် ကန်ဒေါ်လာ ၂၂၀၀၀ ဖြင့် ငှားရမ်းမည်

အော်စကာဆုရှင်၊ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး ဆန်ဒြာဘူးလော့သည် လော့စ်အိန်ဂျလိရှိ သူ၏ကွန်ဒိုခန်းကို တစ်လလျှင် ကန်ဒေါ်လာ ၂၂၀၀၀ ဖြင့် အငှားချထားရန် ဈေးကွက်တင်လာသည်။

ငှားရမ်းမည့် ကွန်ဒိုခန်းတည်နေရာမှာ လော့စ်အိန်ဂျလိမြို့ ၏ နာမည်ကျော် West Hollywood အရပ်တွင် တည်ရှိပြီး Sierra Towers အဆောက်အအုံတွင် တည်ရှိသည်။

ဆန်ဒြာဘူးလော့ခ်သည် အဆိုပါအဆောက်အအုံတွင် ကွန်ဒိုခန်း ၂ ခန်းပိုင်ဆိုင်ထားသည့်အနက် တစ်ခန်းကို အငှားချထားလာခြင်းလည်း ဖြစ်သည်။
နေအိမ်ခန်းတွင် အိပ်ခန်း ၂ ခန်းပါဝင်ပြီး ပရိဘောဂများ အပြည့်အစုံထည့်သွင်းထားပြီး ဖြစ်သည်။ရေချိုးခန်း ၃ ခန်းပါဝင်ကာ ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၁၇၀၀ ခန့် အကျယ်အဝန်းရှိသည်။

၂၂ ထပ်မြောက်တွင် တည်ရှိပြီး ကြီးမားသည့်မှန်နံရံများဖြင့် ကာရံထားခြင်းကြောင့် လော့စ်အိန်ဂျလိမြို့ ကြီးကို အပေါ်စီးမှ လှပစွာတွေ့မြင်ရမည် ဖြစ်သည်။
ဆန်ဒြာဘူးလော့က ယခုအခန်းကို ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၃၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းအဆောက်အအုံတွင် အခြားကမ္ဘာကျော်များလည်း နေထိုင်လျက်ရှိသည်။

၁၉၆၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် အဆောက်အအုံဖြစ်ပြီး အချက်အခြာကျသည့်နေရာတွင် တည်ရှိခြင်း၊ ၂၄ နာရီ လုံခြုံရေးရှိခြင်းကြောင့် ဆောက်လုပ်ပြီးချိန်မှစကာ ဟောလိဝုဒ်ကြယ်ပွင့်တို့ အခြေချလာခဲ့ကြသည်။
အဆိုပါကွန်ဒိုတွင် နေထိုင်ခဲ့ဖူးသည့် ကမ္ဘာကျော်များတွင် အယ်လ်တန်ဂျွန်၊ ကော့တ်နေး ကော့ဇ်၊ ချားရ်၊ လင်းဆေး လိုဟန်နှင့် ဆစ်ဒနီ ပွိုင်ရှာတို့လည်း အပါအဝင်ဖြစ်သည်။

အဆောက်အအုံတွင် ရေကူးကန်တစ်ခု၊ အားကစားလေ့ကျင့်ရေးစင်တာနှင့် နေထိုင်သူများအတွက် ကျယ်ဝန်းသည့် ကားပါကင်နေရာများ ပါဝင်သည်။
ဆန်ဒြာဘူးလော့ခ်သည် အမေရိကန်ရုပ်ရှင်သရုပ်ဆောင်မင်းသမီး၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဖြစ်ပြီး အမည်ရင်းမှာ ဆန်ဒြာ အန်နက်တီ ဘူးလော့ခ်ဖြစ်ကာ ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်တွင် မွေးဖွာားသည်။

၁၉၈၇ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် သည်းထိတ်ရင်ဖိုရုပ်ရှင် Hangmen တွင် ဇာတ်ပို့တစ်ဦးအဖြစ်ပါဝင်ခဲ့ပြီးနောက် ရုပ်ရှင်လောကသို့ ခြေချခဲ့သည်။
ဆန်ဒြာဘူးလော့ခ်ကို အောင်မြင်မှုအထွတ်အထိပ်သို့ ရောက်ရှိသွားစေပြီးနိုင်ငံတကာရုပ်ရှင်ပရိသတ်သိသည့် သရုပ်ဆောင်ဖြစ်သွားစေခဲ့သော ဇာတ်ကားမှာ ကီနူးရိဗ်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည့် Speed (၁၉၉၄) ဇာတ်ကားဖြစ်သည်။

ယင်းနောက်ပိုင်း ပါဝင်သရုပ်ဆောင်ခဲ့သည်များအနက် While You Were Sleeping (၁၉၉၅), The Net (၁၉၉၅), A Time to Kill (၁၉၉၆), Hope Floats (၁၉၉၈), နှင့် Practical Magic (၁၉၉၈) တို့မှာ နာမည်ကျော်ခဲ့သည်။
၂၀၀၉ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် The Blind Side ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ကာ အကောင်းဆုံးဇာတ်ဆောင်မင်းသမီးအဖြစ် အော်စကာဆုနှင့် ရွှေကမ္ဘာလုံးဆုများ ရရှိခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ဟောလိဝုဒ်၏ ဝင်ငွေအကောင်းဆုံးမင်းသမီးတစ်ဦးဖြစ်လာပြီး ၂၀၁၅ ခုနှစ်တွင် People မဂ္ဂဇင်းကြီးက ဆန်ဒြာဘူးလော့ခ်ကို ကမ္ဘာပေါ်တွင်အလှပဆုံးအမျိုးသမီးအဖြစ် ဖော်ပြခဲ့သည်။

(အချက်အလက်များ)
တည်နေရာ- အနောက်ဟောလိဝုဒ်၊ ကယ်လီဖိုးနီးယား

ဈေးနှုန်း- တစ်လလျှင် ကန်ဒေါ်လာ ၂၂၀၀၀

အကျယ်အဝန်း- ၁၆၇၂ စတုရန်းပေ၊ အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၃ ခန်း
တစ်စတုရန်းပေ ကျသင့်နှုန်း- ၁၃ ဒသမ ၁၆ ဒေါ်လာ
အထပ်- ၂၂ ထပ်မြောက်

အသုံးအဆောင်ပစ္စည်းများ- အဝတ်လျှော်စက်၊ အခြောက်ခံစက်၊ မိုက္ကရိုဝေ့ဗ်၊ ရေခဲသေတ္တာ၊ ပန်းကန်ဆေးစက်၊ ပရိဘောဂများ ပါဝင်ပြီးဖြစ်

နောက်ဆုံးအရောင်းအဝယ်ပြုလုပ်ခဲ့မှု- ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊
ကန်ဒေါ်လာ ၃,၅၅၀,၀၃၅

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဆန်ဒြာဘူးလော့၏ လော့စ်အိန်ဂျလိ ၂၂ ထပ်မြောက် ကွန်ဒိုခန်းကိုတစ်လလျှင် ကန်ဒေါ်လာ ၂၂၀၀၀ ဖြင့် ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
ဆန်ဒြာဘူးလော့၏ လော့စ်အိန်ဂျလိ ၂၂ ထပ်မြောက် ကွန်ဒိုခန်းကိုတစ်လလျှင် ကန်ဒေါ်လာ ၂၂၀၀၀ ဖြင့် ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
ဆန်ဒြာဘူးလော့၏ လော့စ်အိန်ဂျလိ ၂၂ ထပ်မြောက် ကွန်ဒိုခန်းကိုတစ်လလျှင် ကန်ဒေါ်လာ ၂၂၀၀၀ ဖြင့် ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
ဆန်ဒြာဘူးလော့၏ လော့စ်အိန်ဂျလိ ၂၂ ထပ်မြောက် ကွန်ဒိုခန်းကိုတစ်လလျှင် ကန်ဒေါ်လာ ၂၂၀၀၀ ဖြင့် ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service