ကျူးကျော်များထားရန် စီစဉ်ထားသည့် တွံတေးတွင် အိမ်ရာများ ၂၀၁၈ ခုနှစ်တွင် စဆောက်မည် - Property News in Myanmar from iMyanmarHouse.com
2899 Views

ကျူးကျော်များထားရန် စီစဉ်ထားသည့် တွံတေးတွင် အိမ်ရာများ ၂၀၁၈ ခုနှစ်တွင် စဆောက်မည်

ရန်ကုန်တိုင်းအတွင်း ကျူးကျော်စမတ်ကတ် ထုတ်ပေးထားသူများကို ထားရှိရန် စီစဉ်ထားသည့် တွံတေးမြို့နယ်ရှိ မြေဧက ၂၆၂ ဧကပေါ်တွင် အိမ်ရာများကို ၂၀၁၈ ခုနှစ်၊ နှစ်ဆန်းပိုင်း၌ အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ကြောင်း တွံတေးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

အဆိုပါ တွံတေးမြို့နယ်တွင် ကျူးကျော်များအတွက် အိမ်ရာများဆောက်လုပ်ရန် ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ဒီဇင်ဘာလ ၁၈ ရက်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တွံတေးမြို့နယ်၊ မဲဆန္ဒနယ်
အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦးက ပြောကြားသည်။

ကျူးကျော်များ နေထိုင်ရန် အိမ်ရာများကို တွံတေး-လှိုင်သာယာ ကားလမ်း အနောက်ဘက်ခြမ်းရှိ မြေဧကပေါင်း ၂၇၀ဝ ကျော်တွင် ဆောက်လုပ်ရန် စီစဉ်ထားပြီး ယခုလက်ရှိ မြေဧက ၂၆၂ ဧကပေါ်တွင်စတင် အကောင်အထည်ဖော် တည်ဆောက်သွားမည် ဖြစ်သည်။

“ယခုလက်ရှိ တွံတေးမြို့နယ်မှာ ကျူးကျော်တွေ နေထိုင်ဖို့အတွက် အမြန်ဆုံးဆောက်လုပ်ဖို့ မြေဧက ၃၀ဝ၀ လောက် ရှိတယ်။ ရွာမြေနဲ့သာသနိက အဆောက်အအုံဖယ်တော့ ၂၇၀ဝ ကျော် ကျန်တယ်။ မြေ ၂၆၂ ဧကမှာဝန်ကြီးချုပ်က ၂၀၁၈ နှစ်ဆန်းပိုင်းမှာ အမြန်ဆုံး စဆောက်ဖို့ ပြောကြားသွားတယ်”ဟု ၎င်းက ဆိုသည်။

ကျူးကျော်များ နေထိုင်ရန် အိမ်ရာများကို တည်ဆောက်ရာတွင် Public Private Partership (ပုဂ္ဂလိကနှင့် အစိုးရတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း) ဖြင့် အကျိုးတူပူးပေါင်းကာ တည်ဆောက်သွားမည် ဖြစ်သည်။

ကျူးကျော်များနေထိုင်ရန် ဆောက်လုပ်မည့် လယ်ယာမြေများကို မြေယာလျော်ကြေးအဖြစ် တစ်ဧကလျှင် မြို့မြေအဖြစ် သတ်မှတ်ပြီးသည့်မြေ ၂၀ရာခိုင်နှုန်းသာ ပေးမည်ဖြစ်ကြောင်းနှင့် လယ်တစ်ဧကလျှင် ပေ ၄၀၊ ၆၀ မြေသုံးကွက် ပြန်လည်ရရှိမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ကျူးကျော်စာရင်း ကောက်ယူမှုကို ကနဦးစီမံချက် (Pilot Project) အရ ၂၀၁၆ခုနှစ် စက်တင်ဘာလမှ စတင် ကောက်ယူခဲ့ပြီး ယခုနှစ် ဇူလိုင်လတွင် ကောက်ယူမှု ပြီးစီးခဲ့ကာ ကျူးကျော်များ နေထိုင်သည့် မြို့နယ် ၃၇ မြို့နယ်မှ အိမ်ထောင်စု တစ်သိန်း ခြောက်သောင်းကျော်ကို စမတ်ကတ် ထုတ်ယူပေးခဲ့ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း တရားမဝင် နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅၄၄၉ ရှိပြီး အိမ်ထောင်စု ၁၆၇၇၃၈ စုရှိကာ ကျူးကျော်နေထိုင်သူ ဦးရေ ၄၃၁၀၅၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service