ပျံကျဈေးသည်ဘဝမှ ကမ္ဘာကျော်ဖြစ်လာသူ (သို့) စတီဗင်ချောင် - Property Knowledge in Myanmar from iMyanmarHouse.com
5468 Views

ပျံကျဈေးသည်ဘဝမှ ကမ္ဘာကျော်ဖြစ်လာသူ (သို့) စတီဗင်ချောင်

Knowledge | Posted by Hnin Ei Khin

” သူတောင်းစားဘဝကနေဘုရင်ဖြစ်တာ ပုံပြင်စာအုပ်ထဲပဲရှိတယ်လို့ခင်ဗျားယုံကြည်နေသ၍သူတောင်းစားပဲ ခင်ဗျားလုပ်နေရဦးမှာပဲ။ မဖြစ်နိုင်တာတွေကိုယုံကြည်ပါကမ္ဘာကြီးမှာ မဖြစ်နိုင်တာတွေကပဲ ယနေ့ခေတ်မှာဖြစ်နေလို့ပါ။ ”

စတီဗင် ချောင်

၁၉၆၂ ခုနှစ် ဇွန်လ ၂၂ရက်နေ့။တရုတ်နိုင်ငံ ဟောင်ကောင်မြို့ကသာမာန်မိသားစုတစ်စုမှာကလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်။ဖခင်ဖြစ်သူလောင်းကစားသမားရဲ့အကြွေးဒဏ်တွေကိုအလူးအလဲခံနေရတဲ့ ဇနီးဖြစ်သူ Chi အတွက်တော့ သားသမီး၅ယောက်နဲ့စားဝတ်နေရေးကကြပ်တည်းလွန်းလှတယ်အမ၄ယောက်ကပဲဒီကလေးကိုထိန်းကျောင်းခဲ့ရပြီး မိခင်ဖြစ်သူကတော့ယောကျာ်းဖြစ်သူရဲ့ဒဏ်တွေကြောင့်စိတ်ဝေတနာရောဂါစတင်ခံစားနေရချိန်ပေါ့။ ဒီကလေးကလဲဒီလောက်သားသမီးများတဲ့မိသားစုမှာမှ လူဖြစ်ရပါ့မလားဆိုတဲ့ ဖခင်ရဲ့အဆဲအဆိုစကားတွေကနောက်ဆုံးတော့ မိခင်ဖြစ်သူနဲ့ကွာရှင်းဖို့ဖြစ်ခဲ့ပါတော့တယ်။ ထိုကလေး၅နှစ်တောင်မပြည့်သေးခင်အရွယ်မှာပေါ့။

အမဖြစ်သူ၎ယောက်ကပဲအမြဲလိုလိုကြောင်တောင်တောင်ဖြစ်နေတတ်တဲ့မိခင်နဲ့မောင်ဖြစ်သူလူမမယ်ကလေးကိုခေါ်ပြီးထိုအချိန်ကဟောင်ကောင်ရဲ့စရိုက်ကျတဲ့အခွန်လွတ်ဈေးတခုနောက်ကအပေါစားအိမ်ခန်းတခုမှာပြောင်းရွေ့နေထိုင်ခဲ့ကြပါတယ်။ အမကြီးဖြစ်သူက အမကြီးအမိရာပီသပါပေတယ်။ ဈေးထဲမိန်းကလေးတန်မဲ့ ခေါက်ဆွဲဆိုင်တခုမှာအကူအနေနဲ့ဝင်လုပ်တယ်။ အမလတ်ဖြစ်သူက လက်သည်းညှပ်လိုက်ရောင်းတယ်။ အငယ်ဆုံး ညီမနဲ့မောင်လေးအပြင် မိခင်ဖြစ်သူရောဂါသည်ကိုပါလုပ်ကိုင်ကျွေးမွေးခဲ့ကြတယ်။ ဒါပေမယ့်မိခင်ဖြစ်သူကလဲဒီတိုင်းတော့မနေခဲ့ဘူး သူရူးသွားရင်တောင်သားဖြစ်သူကို အမတွေလိုပညာမတတ်သူများခိုင်းဖက်မဖြစ်စေချင်တဲ့အတွက် ကျရာအလုပ်လုပ်ပြီးပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။မိန်းမသားတွေနဲ့ချည်းနေရတဲ့ယောကျာ်းလေးတယောက်အဖို့ တော့အခက်အခဲရှိလှတာပေါ့။ အမတွေကအရမ်းချစ်တော့မောင်ဖြစ်သူကိုပိုးမွေးသလိုမွေးထားကြတယ်။အဖြစ်သည်းတယ်ပေါ့ဗျာ။ ဒါကြောင့်လဲမောင်ဖြစ်သူဟာစကားနည်းခြင်း တခုခုဆိုငိုတတ်ခြင်း ကနွဲ့ကလျဖြစ်ခြင်းတွေအကျင့်ပါလာခဲ့တယ်။ ဒီလိုနဲ့ သူမူလတန်းကိုအမအငယ်ဖြစ်သူနဲ့အတူစတက်ချိန်မှာတော့ပြသနာကစတာပါပဲ။ ကျောင်းမှာညီမတွေကျောင်းလာပြီတို့ အခြောက် စသဖြင့်အစခံရတယ်။ ဒါပေမယ့်ငိုပြီးကျောင်းပြန်လာတာကလွဲရင် ဘာမှပြန်မတုန့်ပြန်တတ်ခဲ့ဘူး။အမဖြစ်သူတွေကမဖြစ်တော့ဘူးဆိုပြီးကျောင်းထိလိုက်ရန်တွေ့ရတာလဲအခါမနည်းပေါ့။ ဒါပေမယ့်မောင်ဖြစ်သူကတော့မပြောင်းလဲသွားခဲ့ပါဘူး။နောက်ပိုင်းအမြဲလိုလိုအားငယ်နေတတ်တဲ့သားဖြစ်သူကိုမိခင်ကစိတ်အပြောင်းအလဲဖြစ်အောင် TVတစ်လုံးဝယ်ဖို့ဆုံးဖြတ်လိုက်တော့တယ်။ ဆင်းရဲသားမိသားစုတွေအဖို့ TVတလုံးတန်ဖိုးကမသေးလှပါဘူး။ TV အိမ်ကိုစရောက်ပြီးမကြာဘူး သားဖြစ်သူစတင်စိတ်ဝင်စားသွားတဲ့သူက ဘရုစ်လီပါပဲ။ ဘရုစ်လီကားတွေကိုအမြဲကြည့်အမြဲအားပေးတတ်တဲ့သားဖြစ်သူဟာ ထို့အချိန်ကစပြီး ” အမေ သားသူ့လိုမင်းသားဖြစ်ချင်တယ် ”ဆိုတဲ့စကားကိုစတင်ဖွင့်ပြောခဲ့ပါတော့တယ်။ဒါကမိခင်ဖြစ်သူသားကိုပြုပြင်ပြောင်းလဲဖို့လမ်းစရခဲ့တာပါပဲ။

” စိတ်ကူးယဉ် မူတိုင်းဟာလက်တွေဖြစ်လာဖို့ လမ်းစပါပဲ။”

အဲ့ဒီနောက်ပိုင်းမှာတော့သားဖြစ်သူစတင်ပြောင်းလဲလာခဲ့တယ်။ မင်းသားတယောက်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးယဉ်မူကိုသူ့ငယ်ဘဝကိုလွမ်းမိုးထားလိုက်ချိန်ပေါ့။ ဒါပေမယ့်အမဖြစ် သူမတော်တဆကားတိုက်မိရာက အိမ်ရဲ့စားဝတ်
နေရေးအတွက်သူပါပါဝင်ရုန်းကန်ဖို့ဖြစ်လာခဲ့တယ်။ ၇နှစ်သားဘဝမှာ လက်ညည်းညှပ်အိတ်ကြီးကိုလွယ်ပြီး ဟောင်ကောင်ဈေးလမ်းတခုမှာသူ့ဘဝရဲ့ပထမဆုံးရုန်းကန်မူကိုစတင်ခဲ့ပါတယ်။
သူကမရှက်တတ်တော့ဘူး အငယ်မဖြစ်သူကအမှတ်တရပစ္စည်းတချို့ကိုရောင်းခဲ့သလို သူကလဲလက်ညည်းညှပ်ရောင်းခဲ့ကြတယ်။အလယ်တန်းကျောင်းသားဘဝမှာတော့ခေါက်ဆွဲဆိုင်မှာညပိုင်းစားပွဲထိုးပါလုပ်ရင်းဘဝကိုရုန်းကန်ခဲ့ပါတယ်။အမလတ်ဖြစ်သူက ဓာတ်ပုံဆရာမသိပ်ဖြစ်ချင်တယ်။ ဒါကိုသိတဲ့မောင်ဖြစ်သူက အမဖြစ်သူအသက်၁၄နှစ်ပြည့်မွေးနေ့မှာ cameraအဟောင်းတလုံးကိုဝယ်ပေးနိုင်ဖို့စားပွဲထိုးအလုပ်ကိုကျောင်းတရက်အမြဲပျက်ပြီးပိုလုပ်ခဲ့ပါတယ်။ ဒါကိုမိခင်ဖြစ်သူကသိ ရိုက်ကြရန်ဖြစ်ကြနဲ့ ထိုကလေးရဲ့ငယ်ဘဝဟာ တွေးကြည့်ရင်ရင်နာစရာတွေများလှပါဘိ။ အထက်တန်းကျောင်းစတက်ချိန်မှာတော့သူဟာ ရုပ်ရှင်လောကကိုအရူးအမူးဖြစ်နေခဲ့ပါပြီ။အားရင်အားသလို ဘရုစ်လီရဲ့အခွေတွေကြည့်လမ်းဘေးကရောင်းတဲ့သိုင်းစာအုပ်တွေဝယ်ပြီးသိုင်းကျင့်ခဲ့တယ်။ တဖက်မှာလဲ စားပွဲထိုးအပြင်ကြွေထည်စက်ရုံတစ်ခုကအထမ်းသမားအဖြစ်ပါလုပ်ခဲ့တယ်။ သူကတော့တခြားသူမဟုတ်ဘူး နောက်တချိန်မှာ အာရှရုပ်ရှင်အဆင့်အတန်းကိုကမ္ဘာအနှံ့ထိုးဖောက်ပြလာမယ့် အာရှရဲ့အက်ရှင်ဟာသKing အဖြစ်အသိအမှတ်ပြုခံရမယ့်နောက်ပိုင်း အကောင်းဆုံးဒါရိုက်တာ အကောင်းဆုံးဟာသသရုပ်ဆောင် Asia Pacific FilmFestival ရဲ့ အကောင်းဆုံးမင်းသား အဖြစ်သတ်မှတ်ခြင်းခံလာရမယ့် ကျုပ်တို့ငယ်ဘဝရုပ်ရှင်နည်းပညာတွေမဆန်းသစ်ခင်မှာတောင်သူ့ကားတွေကအထူးအဆန်းတွေဖြစ်စေခဲ့တဲ့ ဟာသမင်းသားကြီး စတီဗင်ချောင်ပါပဲ။

” မှတ်ဥာဏ်ဆိုတာ နာကျင်မူရဲ့အရင်းမြစ်ပဲ။အဲ့ဒီနာကျင်မူကို မေ့ထားနိုင်မူကဆုလာဒ်တခုပဲ။ ”

Chow အထက်တန်းကျောင်းသားနောက်ဆုံးနှစ်မှာတော့ ကျောင်းထွက်ပြီးအလုပ်လုပ်ရဖို့အထိမိသားစုစားဝတ်နေရေးဟာခက်ခဲခဲ့ပါပြီ။သူကျောင်းထွက်ခဲ့ပြီး တက္ကသိုလ်ဆိုတာကြီးနဲ့ဝေးတဲ့ အလုပ်ကြမ်းသမားဘဝကိုရောက်ခဲ့ရတယ်။ဒါပေမယ့် သူ့စိတ်ကူးယဉ်မူဖြစ်တဲ့သရုပ်ဆောင်မင်းသားတယောက်ဘဝကိုဘယ်တော့မှမေ့မထားခဲ့ပါဘူး။ ဒီလိုနဲ့အလုပ်ကြမ်းသမားဘဝနဲ့၁၅နှစ်သားမှာ ရုန်းကန်နေစဉ်ရုံးတစ်ခုကအလုပ်သမားခေါ်တဲ့ကြော်ငြာစာစောင်တခုကိုသူရရှိသွားခဲ့တယ်။ ဒါကြောင့်ပဲသွားလျှောက်ရင်းထိုရုံးရဲ့တောက်တိုမယ်ရ ပစ္စည်းထမ်းပစ္စည်းမ တခုခုဝယ်ခိုင်းရင်သွားဝယ်ပေးရတဲ့အလုပ်သမားအဖြစ်လုပ်ခွင့်ရခဲ့တယ်။ ဒါကလဲပညာတတ်တွေလုပ်ကိုင်တဲ့ရုံးတွေမှာ ဒီလိုအထက်တန်းကျောင်းသားအဆင့်အဖို့ဒီလောက်ပဲလုပ်လို့ရတယ်ပေါ့။ ဒါပေမယ့်သူစိတ်မပျက်ခဲ့ဘူး ဘာကြောင့်လဲဆို ဒီရုံးကဝတ္ထုတွေကိုဖြန့်ချီပုံနှိပ်တည်းဖြတ်ပေးတဲ့ရုံးတစ်ခု။ ဒီကနေ Chow ဟာဝတ္ထုတွေရဲ့သဘောတရား ချိတ်ဆက်မူတွေကိုလေ့လာဖတ်ရူခဲ့တယ်။ အချိန်ကြာလာတော့ ဒီအလုပ်မှာဆက်လုပ်နေခြင်းကသူ့အိမ်မက်အတွက်ဘာမှဖြစ်လာမှာမဟုတ်ကြောင်းကိုသိလာခဲ့တယ်။ ဒါကြောင့်ပဲ ထိုအလုပ်ကထွက်ပြီး ဟောင်ကောင်မြို့ပေါ်ကစားသောက်ဆိုင်တခုမှာစားပွဲထိုးထပ်လုပ်ခဲ့ပါတော့တယ်။ ဒါကသူ့ရည်ရွယ်ချက်တခုပါပဲ။အကြောင်းကတော့ဒီစားသောက်ဆိုင်ကပေးတဲ့အခန်းမှာနေရင်းနေ့လည်ပိုင်းတွေကို TVB ဆိုတဲ့ရုပ်သံလိုင်းတခုကဖွင့်တဲ့သရုပ်ဆောင်သင်တန်းကိုတက်ချင်လို့ပါပဲ။ ဒါပေမယ့် ၉ကြိမ်တိတိဖြေခဲ့သရုပ်ဆောင်ပြခဲ့တာတောင်အရည်အချင်းလုံးဝမရှိဘူးဆိုပြီးပယ်ချခဲ့ပါတယ်။

” ကိုယ်တိုင်မလုပ်ကြည့်ပဲနဲ့မဖြစ်နိုင်ပါဘူးကွာလို့ ဝေဖန်တတ်တဲ့သူတွေကိုကျတော်ရယ်မိတယ်။မဖြစ်နိုင်တာထက် မလုပ်ချင်တာကလူတချို့အတွက် အဖော်ဖြစ်နေလို့ပါပဲ ”

၉ကြိမ်အပယ်ခံရပြီးနောက်မှာတောင်သူဟာဇွဲမလျော့လို့ TVB ကနေဘယ်တော့မှဖောင်လက်မခံဖို့အထိ လုပ်ခဲ့ပါတယ်။ Chow ဟာဒီနည်းလမ်းနဲ့ရုပ်ရှင်လောကထဲဝင်ဖို့ မဖြစ်နိုင်တာကိုသိသွားခဲ့တယ်။ ဒါပေမယ့်ဇွဲမလျော့ဘူး TVBကရုပ်သံဇာတ်လမ်းတွေကိုရိုက်ကူးတဲ့ရိုက်ကူးရေးအဖွဲ့နောက်ကိုလိုက်ရင်း တဖွဲ့လုံးရဲ့အောက်ကျခံလိုရာခိုင်းဖက်အဖြစ် ထပ်မံလုပ်ခဲ့ပါတော့တယ်။ မင်းသားခိုင်းတာအစ စက်အဖွဲ့ကအထမ်းသမားခိုင်းတာအထိ ရိုက်ကွင်းတခုလုံးရဲ့ခိုင်းဖက်အဖြစ်လုပ်ရင်း သူရူးသွပ်တဲ့သရုပ်ဆောင်တဦးဘဝကို လက်တွေ့ကျကျလေ့လာခွင့်ရခဲ့ပါတော့တယ်။ ဒီအချိန်မှာသူသွားတွေ့တာက လီချီဟောင်ဆိုတဲ့အရံမင်းသားတယောက်ပါပဲ။ လီချီဟောင်ကိုသူတောက်တိုမယ်ရလုပ်ပေးရင်း သူနဲ့ခင်မင်လာခဲ့တယ်။ လီချီဟောင်က ဒီလူငယ်ဟာရုပ်ရှင်အပေါ်အရမ်းရူးသွပ်သူပါလားဆိုတာကိုသိရှိသွားခဲ့ပြီး TVB ကနေညပိုင်းသင်တဲ့သက်ကြီးပိုင်းသရုပ်ဆောင်သင်တန်းတခုမှာ သူ့ကိုတက်နိုင်ဖို့TVB ကိုပြောပေးခဲ့ပါတယ်။

၁၉၈၀ ခုနှစ်သူ့အသက် ၁၈နှစ်မှာဒီသင်တန်းကိုတက်ရောက်ခွင့်ရခဲ့ပြီး အသက်၂၀ထိရုပ်ရှင်ရိုက်ကွင်းရဲ့တောက်တိုမယ်ရဘဝနဲ့လုပ်ခဲ့ရပါတယ်။ ၁၉၈၂ခုနှစ်မှာတော့TVB ရဲ့ဇာတ်လမ်းတခုဖြစ်တဲ့ Demi-Godsand Semi-Devils ဆိုတဲ့ဇာတ်လမ်းတွဲမှာစတင်ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် သေပေးရတဲ့လူတွေအခန်းနဲ့ ဖြတ်လျှောက်၃ ၄ခန်းပါပဲ။စကားပြောခန်းတစ်ခုမှမပါပါဘူး။ ဒီလိုနဲ့ ChowဟာThe Legend of Master So The EmissaryThe Old Miao Myth The Legend of the CondorFinal Justice စတဲ့ဇာတ်လမ်းတွဲတွေမှာဖြတ်လျှောက် တခန်းစနှစ်ခန်းစ လူစားထိုး နဲ့ မြို့သူမြို့သားနေရာတွေ တခါတလေ ရဲတပ်ဖွဲ့ကရဲတဦးမျှအဖြစ်သာပါဝင်ခဲ့ပြီး ၁၉၈၂ ခုနှစ်ကနေ ၁၉၈၈ခုနှစ်အထိ၆နှစ်လုံးလုံးရုန်းကန်ခဲ့ပြီး သရုပ်ဆောင်တယောက်ရယ်လို့ နေရာပြစရာသိပ်မရှိခဲ့တာတောင်ဇွဲမလျှော့ခဲ့ပါဘူး။ တခါ သူပါတယ်ဆိုတဲ့ဇာတ်လမ်းတွဲကို အမဖြစ်သူတွေကိုကြည့်ချင်လွန်းလို့TV ကဒီနေ့ပါနိုးနိုး ဟိုနေ့ပါနိုးနိုးနဲ့စောင့်ကြည့်ခဲ့ကြတယ်။ သူပါဝင်တဲ့အခန်းဟာဇာတ်လမ်းတွဲစပြပြီး ၇လကြာမှ၁၃စက္ကန့်စာသာပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်ဒီလို၆နှစ်တာဘာနေရာမှမရတာတောင်အနုပညာလောကကိုမစွန့်ခဲ့တဲ့Chow ဟာရုပ်ရှင်နယ်ပယ်သားတချို့နဲ့တော့ခင်မင်ခွင့်ရခဲ့ပါတယ်။ ၁၉၈၃ခုနှစ်ကသူပါဝင်ခဲ့တဲ့Space Shutt40 ဆိုတဲ့ ၅နှစ်ခွဲလောက်ကြာအောင်ပြသခဲ့တဲ့ဒီအစီအစဉ်မှာလဲ Chowဟာဒါရိုက်တာတချို့နဲ့ခင်မင်ခွင့်ရခဲ့ပါတယ်။

ဒါက Chow ရဲ့ပထမဆုံးရုပ်ရှင်ကား Final Justiceမှာ ဒုတိယမင်းသားနေရာကနေ မင်းသားကြီး Danny Leeနဲ့အတူပါဝင်သရုပ်ဆောင်ဖို့ဖြစ်လာခဲ့ပါတော့တယ်။ ဒီကားဟာဟောင်ကောင်ဒေါ်လာ၅သိန်းမျှသာသုံးပြီး ၈သန်းအထိအမြတ်ငွေရခဲ့တဲ့ကားဖြစ်သလို 25th Golden HorseAwards / Hong Kong Film Awards /Best New Performer နဲ့ ဟောင်ကောင်ရုပ်ရှင်ရဲ့ အကောင်းဆုံးဇာတ်ပို့ဆုရှင်အဖြစ်စတီဗင်ချောင်ဟာ ဒုတိယမင်းသားနေရာသာဖြစ်ပေမယ့် ဒီတကားလုံးရဲ့လူစိတ်ဝင်စားမူအများဆုံးသရုပ်ဆောင်ဖြစ်ခဲ့ပါတော့တယ်။ တရုတ်ရုပ်ရှင်သမိုင်းမှာဒီလိုသာမာန်အောက်ကားတစ်ကားကနေတစ်နှစ်တာအတွက်အဓိကဆုကြီးတွေသိမ်းမိုက်ခဲ့တာအရမ်းထူးဆန်းခဲ့ကြတာပေါ့။ သရုပ်ဆောင်ချက်ကတကယ်ကြေကွဲခံစားနေပေမယ့် လူအများအဖို့စတီဗင်ချောင်ရဲ့သရုပ်ဆောင်ချက်ကဘယ်မင်းသားနဲ့မှမတူတဲ့ဇာတ်ရုပ်တခုကိုမြင်တွေ့ခဲ့ရပါ
တယ်။ ဒါက စတီဗင်ချောင်ဆိုပြီး အာရှရုပ်ရှင်လောကမှာ ဘယ်မင်းသားနဲ့မှမတူတဲ့ရုပ်ရှင်လိုင်းတခုကိုလမ်းဖောက်လာဖို့မင်းသားတဦးပေါ်ထွက်လာခဲ့ခြင်းပါပဲ။ အဲ့ဒီနောက်တချို့ကားတွေဇာတ်လမ်းတွဲတွေမှာ အရံအဖြစ်ထပ်ပါခဲ့ပြီး စတီဗင်ချောင်ဆိုပြီးထပ်မံတွေ့ရမယ့် ရုပ်ရှင်ကားတစ်ကားကို ၁၉၈၈ခုနှစ်မှာပဲ ကြေငြာခဲ့ပါတယ်။ဒီကားကတော့ ၁၉၈၉ခုနှစ် စက်တင်ဘာလမှာရုံတင်ခဲ့တဲ့မင်းသားကြီး ဂျက်လီရဲ့ Dragon Fight ရုပ်ရှင်ကားကြီးပါပဲ။ ဒီကားမှာ စတီဗင်ချောင်ဟာဇာတ်ပို့နေရာကပါဝင်ခွင့်ရခဲ့ပါတယ်။ ဒီကားကChowကို ခေါင်းဆောင်မင်းသားတဦးဖြစ်လို့လမ်းစရခဲ့ခြင်းပါပဲ။ ဒီကားရုံမတင်မှီကြောငြာလိုက်ထဲကChow ဟာ The Final Combat ကားရဲ့မင်းသားအဖြစ် TBL ကရွေးခဲ့သလို ၁၉၈၉ခုနှစ်မှာပဲရုံတင်ပြသခဲ့တဲ့ ဝူရှူးဟာသဇာတ်ကားပါ။ဒီကားအပြီးမှာတော့ စတီဗင်ချောင်ဆိုတဲ့နာမည်တခုဟောင်ကောင်ရုပ်ရှင်လောကမှာ သတိထားစရာဖြစ်လာခဲ့ပါတယ်။ ဘာကောင်လဲဆိုပြီးကြည့်ကြည့်ရင်သာမာန်ငပေါရုပ်ပေမယ့် သူ့ကားကြည့်ပြီးမရယ်တဲ့လူမရှိလာသလို သူဟာရုပ်ရှင်လောကရဲ့ဖြစ်ရိုးဖြစ်စဉ်ဟာသပြကွက်တွေထက် ထူးခြားတဲ့ဟာသလမ်းအသစ်တခုကိုတီထွင်လာတဲ့သူဖြစ်လာခဲ့ပါတယ်။ ဂျက်ကီချမ်း – အက်ရှင်မင်းသားထဲဟာသချကွက်တွေနဲ့လမ်းသစ်လုပ်ပြပြီးကမ္ဘာကိုထိုးဖောက်ခဲ့သူ ။ စတီဗင်ချောင် – သူ့ကို
King Of Comedy လို့ဘာကြောင့်ရုပ်ရှင်လောကကပေးရသလဲ ဟုတ်ပါတယ်စတီဗင်ချောင်ဟာ Mr.Bean လိုပဲ အာရှရုပ်ရှင်သမိုင်းရဲ့ King Of Comedy အဖြစ်မှတ်တမ်းတင်ခံလာရမယ့်သူပါ။

Chow ဟာလက်ရှိမှာတော့ မင်းသားအပြင် ဇာတ်လမ်းဇာတ်ညွန်းးရေးဆရာ အနုပညာအကြံပေး ထုတ်လုပ်သူစာရေးဆရာဒါရိုက်တာဟာသသရုပ်ဆောင်နည်းပြအပြင် တရုတ်အစိုးရရဲ့အစိုးရအကြံပေးအရာရှိအဖြစ်ပါခန့်အပ်ခြင်းခံထားရသူပါ။ တချိန်က ဟောင်ကောင်ပျံကျဈေးထဲက လက်သည်းညှပ်တွေလိုက်ရောင်းနေတဲ့ကောင်လေးတယောက် အမဖြစ်သူတွေနဲ့အတူစရိုက်ဆန်ဆန်ရန်ဖြစ်ခဲ့တဲ့ကျောင်းသားလေးရိုက်ကွင်းကလူတကာခိုင်းဖက် တောက်တိုမယ်ရကောင်လေးက အာရှရဲ့ထိပ်တန်းမင်းသားတဦးအာရှရဲ့ရုပ်ရှင်သမိုင်းမှာဝင်ငွေအကောင်းဆုံးကားတွေရဲ့ ဒါရိုက်တာ အစိုးရရအကြံပေးဖြစ်လာခဲ့ပါပြီ။

ဒါ့အပြင် Chow ဟာ Jade LifetimeAchievement Award ဆုကြီးကိုလဲရရှိခဲ့သလို Best Actor / Best Director /Asia Pacific Film Best Actor /Blue Ribbon Awards / Amsterdam Fantastic Film Awards/ GoldenHorse Awards / Las Vegas FilmCritics Society Awardsဆုတွေကိုပါရရှိထားသူပါ။

ဆုကြီးပေါင်း ၂၆ခုကိုရရှိထားပြီးကမ္ဘာကပေးတဲ့ဆုများစွာလဲရရှိထားခဲ့ပါပြီ။ ဒါ့အပြင် Stephen Chow ဆိုတဲ့သူဟာ ဂျက်ကီချမ်းဂျက်လီ တို့ပါကျော်ပြီး တရုတ်အနုပညာရှင်တွေ ထဲအနုပညာကြေးအမြင့်ဆုံး The highest
paid star of China အဖြစ် ၂၀၁၆သြဂုတ်လ၂၂ရက်နေ့ကတရားဝင်ကြေငြာခြင်းခံခဲ့ရပါတယ်။

Credit: Tolemole

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 02 Aug To 03 Aug

Inno City Special Sales Event

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service