အိမ်ခြံမြေ ရာပြတ်တန်ဖိုး သတ်မှတ်ချက် ဈေးကွက်အပေါ်အကျိုးသက်ရောက်မှု နည်းပါး - Property News in Myanmar from iMyanmarHouse.com
2997 Views

အိမ်ခြံမြေ ရာပြတ်တန်ဖိုး သတ်မှတ်ချက် ဈေးကွက်အပေါ်အကျိုးသက်ရောက်မှု နည်းပါး

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ အတည်ပြုထုတ်ပြန်ထားတဲ့ မန္တလေးမြို့တွင်း အိမ်ခြံမြေ ရာပြတ်တန်ဖိုး သတ်မှတ်ချက်တွေဟာ အရောင်းအဝယ်ဈေးကွက်အပေါ်မှာ အကျိုးသက်ရောက်မှုနည်းပါးနေဆဲဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။

အိမ်ခြံမြေအရောင်းအဝယ်အတွက် အခွန်ပေးဆောင်ရာမှာ ကျင့်သုံးနိုင်ဖို့ အိမ်ခြံမြေ ရာပြတ်တန်ဖိုး သတ်မှတ်ချက်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့နယ်တွေအလိုက် ဧရိယာသတ်မှတ်ပိုင်းခြားပြီး နှစ်စဉ် ထုတ်ပြန်ပေးလေ့ရှိပါတယ်။

ထုတ်ပြန်ရာမှာ တစ်ဧကအလိုက် စံနှုန်းသတ်မှတ်ချက်တွေအဖြစ် ထုတ်ပြန်တာဖြစ်ပါတယ်။

အိမ်ခြံမြေ ရာပြတ်တန်ဖိုးတွေကို သတ်မှတ်ထုတ်ပြန်ရာမှာ ဈေးကွက်အတွင်း လက်တွေ့ဖြစ်နေတဲ့ အိမ်ခြံမြေပေါက်ဈေးတွေနဲ့ မကိုက်ညီတာတွေရှိတယ်လို့ အကျိုးဆောင်တွေက ဆိုပါတယ်။ ၂ဝ၁၇−၁၈ စည်းကြပ်နှစ်အတွက် ရာပြတ်တန်ဖိုးနှုန်းထားသစ်တွေကို သြဂုတ်လက အသစ်ထပ်မံထုတ်ပြန်ရာမှာ ယခင်စည်းကြပ်နှစ်က သတ်မှတ်ချက်တန်ဖိုးတွေထက် ပျမ်းမျှ ၂ဝ ရာခိုင်နှုန်းခန့် လျှော့ချသတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုထုတ်ပြန်ရာမှာ အမြင့်ဆုံးဈေးနှုန်းတွေအဖြစ် ၈၄ လမ်းပေါ် (လမ်း ၃ဝ နဲ့ ၃၅ လမ်းကြား)နဲ့ ချမ်းအေးသာစံ အနောက်ရပ်ကွက် ၈၄ လမ်းပေါ် (၂၈ လမ်းနဲ့ လမ်း ၃ဝ ကြား)မှာ ဈေးနှုန်းအမြင့်ဆုံးဖြစ်ကာ တစ်ဧကကို ကျပ်သန်း ၁၇,၂၈ဝ မှ ၁၈,၇၂ဝ အတွင်း သတ်မှတ်ထားပါတယ်။

ထုတ်ပြန်ခဲ့ချိန်ကနေ ယနေ့အထိ သုံးလကျော်အတွင်း ရာပြတ်တန်ဖိုး သတ်မှတ်ချက်ကြောင့် ထူးခြားတဲ့ ဈေးကွက်အပြောင်းအလဲမျိုး မဖြစ်စေခဲ့သလို လာမယ့်နှစ်မှာလည်း အကျိုးသက်ရောက်မှု မရှိနိုင်ဘူးလို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။

လွန်ခဲ့တဲ့ ခြောက်နှစ်တာကာလကစပြီး ကြိုးကြား ကြိုးကြားသာ အရောင်းအဝယ်ဖြစ်နေတဲ့ အိမ်မြေဈေးကွက်ဟာ ယမန်နှစ်ဧပြီ ၁ ရက်က စတင် အကျိုးသက်ရောက်ခဲ့တဲ့ ၂ဝ၁၆ ခုနှစ် အခွန်အကောက်ဥပဒေ ပုဒ်မ ၂၄ သတ်မှတ်ချက်အရ ပိုအေးစက်သွားခဲ့ရပါတယ်။

အိမ်ခြံမြေဈေးနှုန်းတွေ နှစ်တိုအတွင်း မြင့်မားခဲ့ပြီး ဝယ်လက်ပါးသွားတဲ့ နောက်မှာ အခွန်အကောက်ဥပဒေသစ်အရ အိမ်ခြံမြေတန်ဖိုး တစ်ကျပ်ကနေ ကျပ်သိန်း ၃ဝဝ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ အထက်ကနေ ကျပ်သိန်း ၁,ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်းပေးဆောင်ဖို့ သတ်မှတ်ခဲ့တာကြောင့် ကျပ်သိန်း ၃ဝဝ အထက် တန်ကြေးရှိအိမ်ခြံမြေတွေ သိသိသာသာ အရောင်းအဝယ် အေးသွားခဲ့ပြီး မဖြစ်မနေလိုအပ်မှသာ အရောင်းအဝယ်ဖြစ်တဲ့အနေအထားကို ရောက်နေပါတယ်။

အိမ်ခြံမြေ ရောင်းကြဝယ်ကြမယ့်သူတွေအတွက် ရာပြတ်တန်ဖိုးအပြောင်းအလဲကို စိတ်ဝင်းစားမှုမရှိဘဲ တန်ဖိုးမြင့်အိမ်ခြံမြေတွေ ရောင်းဝယ်ရာမှာ ပေးဆောင်ရမယ့် အခွန်နှုန်းထား သတ်မှတ်ချက်ကိုသာ စိတ်ဝင်စားမှုဖြစ်နေတယ်လို့ အကျိုးဆောင်အများစုက သုံးသပ်ပါတယ်။

လက်ရှိအခွန်သတ်မှတ်ချက်ဟာ ယမန်နှစ်မတိုင်မီက သတ်မှတ်ချက်နဲ့ နှိုင်းယှဉ်ကြည့်ရင် သိသိသာသာ ကွာနေပြန်ပါတယ်။

အိမ်ခြံမြေဈေးကွက်အတွင်း ငွေကြေးစီးဆင်းလည်ပတ်မှု မရှိသလောက် နည်းပါးနေတဲ့ အခုလိုအချိန်မှာ အခွန်နှုန်းထားကို ထိုက်သင့်သလို လျှော့ချပေးရင်တောင် တခြားစီးပွားရေးကဏ္ဍတွေ လည်ပတ်အားကောင်းမွန်မှ အိမ်ခြံမြေ ဈေးကွက်လည်း ပြန်လှုပ်ခတ်နိုင်လိမ့်မယ်လို့ အကျိုးဆောင်တချို့က သုံးသပ်ပါတယ်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
shwe-wutthmone
platinum-garden

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service