ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုးနေထိုင်ခဲ့ဖူးသည့် အင်္ဂလန်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
3072 Views

ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုးနေထိုင်ခဲ့ဖူးသည့် အင်္ဂလန်နေအိမ် အရောင်းဈေးကွက်ဝင်လာ

The Spy Who Loved Me အပါအဝင် ဂျိမ်းစ်ဘွန်းဇာတ်လမ်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သော ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုးနေထိုင်ခဲ့ဖူးသည့် အင်္ဂလန်နေအိမ် အရောင်းဈေးကွက်ဝင်လာသည်။

နေအိမ်တည်နေရာမှာ အင်္ဂလန်နိုင်ငံ အရှေ့တောင်ဘက် ဘက်ကင်ဟမ်ရှိုင်းယားခရိုင်၊ ဒန်ဟမ်ကျေးရွာတွင် တည်ရှိပြီး လန်ဒန်မြို့၏ အနောက်ဘက်တွင် တည်ရှိသည်။

၁၉၇၀ ပြည့်နှစ်မှ ၁၉၇၈ ခုနှစ်အကြား filmed Live and Let Die, The Man with the Golden Gun နှင့် The Spy Who Loved Me ဂျိမ်းစ်ဘွန်းဇာတ်ကားများ ရိုက်ကူးနေစဉ်ကာလအတွင်း မင်းသားကြီးရော်ဂျာမိုးသည် အဆိုပါနေအိမ်တွင် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

နေအိမ်ကို Sherwood House ဟု အမည်ပေးထားပြီး ရော်ဂျာမိုးက သူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်အတွင်း ရေးသားဖော်ပြခဲ့ရာ၌ လန်ဒန်မြို့ကြီးနှင့် နီးကပ်စွာတည်ရှိကာ မိသားစုတစ်ခု ကြီးပြင်းနေထိုင်ကြရန် အကောင်းဆုံးနေရာတစ်ခုဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ဖူးသည်။

နေအိမ်အတွင်း အိပ်ခန်း ၅ ခန်း၊ စာကြည့်တိုက်၊ ဂိမ်းကစားသည့်ခန်းမများ၊ အားကစားလေ့ကျင့်ရေးခန်းမနှင့် ဝိုင်သိုလှောင်ခန်းတို့ ပါဝင်သည်။
၁၉၂၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဧည့်သည်များနှင့် ဝန်ထမ်းများ တည်းခိုနေထိုင်ရန် နေရာများလည်း ပါဝင်သည်။

ခြံဝန်းအကျယ်မှာ ၁၁ ဧကခန့်အထိရှိပြီး ခြံဝန်းအတွင်း တင်းနစ်ကွင်းတစ်ခု၊ အပူပေးစနစ်ပါသည့် ရေကူးကန်၊ နွေရာသီအပန်းဖြေအိမ် တို့လည်း ပါဝင်သည်။
ယခင်ကလည်း အဆိုပါနေအိမ်တွင် နာမည်ကျော်ပုဂ္ဂိုလ်များစွာ နေထိုင်သွားခဲ့ကြဖူးပြီး နာမည်ကျော်မျက်လှည့်ပညာရှင် ပေါလ် ဒင်နီယယ်လ်စ်လည်း အပါအဝင်ဖြစ်သည်။

ရော်ဂျာမိုး၏ အမည်အပြည့်အစုံမှာ ဆာရော်ဂျာဂျော့ခ်ျမိုး ဖြစ်ပြီး ဗြိတိန်ဘုရင်မကြီးက သူရဲကောင်းဘွဲ့ချီးမြှင့်ခံရသည့် အင်္ဂလိပ်လူမျိုး ရုပ်ရှင်သရုပ်ဆောင်ဖြစ်ကာ ၁၉၂၇ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်တွင် မွေးဖွားသည်။
၁၉၇၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်အကြား ဂျိမ်းစ်ဘွန်းရုပ်ရှင် ၇ ခုတွင် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် နာမည်ကျော်ခဲ့ခြင်း ဖြစ်သည်။

၁၉၉၁ ခုနှစ်တွင် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့အတွက် ကောင်းကျိုးပြုသံတမန် (Goodwill Ambassador) အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။
၂၀၀၃ ခုနှစ်တွင် ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် II က ရော်ဂျာမိုး၏ ပရဟိတအကျိုးလုပ်ဆောင်မှုများအတွက် သူရဲကောင်းဘွဲ့ ချီးမြှင့်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုးနေထိုင်ခဲ့ဖူးသည့် အင်္ဂလန်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုးနေထိုင်ခဲ့ဖူးသည့် အင်္ဂလန်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုးနေထိုင်ခဲ့ဖူးသည့် အင်္ဂလန်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုးနေထိုင်ခဲ့ဖူးသည့် အင်္ဂလန်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုးနေထိုင်ခဲ့ဖူးသည့် အင်္ဂလန်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service