လိုင်စင်အင်ဂျင်နီယာနဲ့ လိုင်စင်ကန်ထရိုက်တာကိုယ်တိုင် လက်မှတ်ထိုးမှ တည်ဆောက်ခွင့်ပြုမည် - Property Knowledge in Myanmar from iMyanmarHouse.com
2091 Views

လိုင်စင်အင်ဂျင်နီယာနဲ့ လိုင်စင်ကန်ထရိုက်တာကိုယ်တိုင် လက်မှတ်ထိုးမှ တည်ဆောက်ခွင့်ပြုမည်

Knowledge | Posted by Shwe Zin Win

လိုင်စင်အင်ဂျင်နီယာနဲ့ လိုင်စင်ကန်ထရိုက်တာကိုယ်တိုင် လက်မှတ်ထိုးမှ တည်ဆောက်ခွင့်ပြုမည်လိုင်စင်အင်ဂျင်နီယာ(Ls) နဲ့ လိုင်စင်ကန်ထရိုက်တာ(LC)တွေ ကိုယ်တိုင် စည်ပင်ရုံးမှာလက်မှတ်လာထိုးမှ အဆောက်အအုံ တည်ဆောက်ခွင့်ပြုတဲ့ စနစ်ကိုဇူလိုင်လနောက်ဆုံးပတ် စတင်မယ်လို့ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

ရန်ကုန်မြို.တော် စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန(အဆောက်အအုံ)က တာဝန်ရှိသူတစ်ဦးက ‘LC, LS’ တွေက အဆောက်အအုံတည်ဆောက်ဖို့ လက်မှတ်ထိုးပြီးတင်တဲ့အချိန်မှာလက်မှတ်အတုနဲ့ တင်တာတွေ စိစစ်တွေ.ရှိရတယ်။ ကိုယ်စားဆောင်ရွက်တာတွေ ရှိနေတယ် လို့ပြောပါတယ်။

လိုင်စင် ကန်ထရိုက်တာနဲ့ လိုင်စင်အင်ဂျင်နီယာတချို့က အဆောက်အအုံကြီးကြပ်တည်ဆောက်ဖို. လက်မှတ်ထိုးထားပေမဲ့ ခွင့်ပြုမိန့်ထက်ကျော်လို့ အရေးယူတော့မှ သူထိုးတာမဟုတ်ဘူးဆိုပြီး ငြင်းတာတွေလည်းရှိတယ်လို့သိရပါတယ်။

လိုင်စင်အင်ဂျင်နီယာ၊ လိုင်စင်ကန်ထရိုက်တာတွေက နိုင်ငံခြားခရီးထွက်နေတာ၊ ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေတာတွေ ရှိပေမဲ့ သူတို့ကိုယ်စားဆောက်ရွက်နေတာတွေ ရှိနေပါတယ်။ ပြစ်မှုဆိုင်ရာနဲ့ အရေးယူထားတာကို အရေးယူထားမှန်း မသိဘဲခွင့်ပြုနေတာတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

အဲဒါကြောင့် သည်လနောက်ဆုံးပတ်ကစပြီးအဆောက်အအုံကိုတာဝန်ယူကြီးကြပ်တည်ဆောက်မယ့် လိုင်စင်အင်ဂျင်နီယာနဲ့ လိုင်စင်ကန်ထရိုက်တာတွေကအဆောက်အအုံတည်ဆောက်ဖို့ အမှုတွဲတင်ရင် စည်ပင်ရုံးကသက်ဆိုင်ရာအရာရှိရှေ.မှာလူကိုယ်တိုင် လက်မှတ်ထိုးရမှာပါ။

ရန်ကုန်မြို.တော် စည်ပင်သာယာရေးကော်မတီကအရေးယူနိုင်ဖို. လိုင်စင်အင်ဂျင်နီယာ(LS)နဲ့ လိုင်စင်ကန်ထရိုက်တာ(LC)တွေကိုစပေါ်ငွေ ကျပ်သိန်း ၅၀၀နဲ့ လိုင်စင်တွေ ထုတ်ပေးနေတာဖြစ်ပါတယ်။

သည်နေ.အထိလိုင်စင်အင်ဂျင်နီယာနဲ့ လိုင်စင်ကန်ထရိုက်တာတွေကိုအရေးယူတဲ့ အမှုတွဲ ၂၀၁မှု ရှိပါတယ်။ ရာသက်ပန်လိုင်စင် ပိတ်သိမ်းတာ၊ လိုင်စင် ခြောက်လ၊ တစ်နှစ်၊ နှစ်နှစ်နဲ့ နာမည်ပျက်စာရင်းသွင်းတာတွေနဲ့နည်းအရေးယူနေပါတယ်။

လက်ရှိအကြီးတန်းကန်ထရိုက်တာလိုင်စင် ၉၉၂ခု ချပေးထားပြီးအရေးယူတဲ့ ကန်ထရိုက်တာ ၇၂ဦးရှိပါတယ်။

အငယ်တန်းကန်ထရိုက်တာလိုင်စင် ၁၇ဦးရှိပြီး အရေးယူခံရသူ နှစ်ဦးရှိတယ်လို့ သိရပါတယ်။

Credit : The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service